အိမ်တော်ထဲတွင် အလင်းဝင်ပေါက်ဖြစ်သော ပြတင်းပေါက်ငယ်များကိုလည်း ဆောက်လုပ်၏။
၃ ရာ 7:4 - မြန်မာ့စံမီသမ္မာကျမ်း ပြတင်းပေါက်သုံးတန်းပါရှိပြီး တစ်တန်းနှင့်တစ်တန်း မျက်နှာချင်းဆိုင်လျက်ရှိ၏။ Common Language Bible နံရံနှစ်ခု၌မျက်နှာချင်းဆိုင်ပြူတင်း ပေါက်သုံးတန်းစီရှိ၏။- Garrad Bible သစ် က တိုး ပျဉ် ဖြင့် မိုး လေ၏။ သုံး တန်း တွင် လေ သာ ပြူ တင်း၊ တစ်ဘက် တစ် ချက် မျက် နှာ ချင်း ဆိုင် ထား လျက် ပြူ တင်း တိုင်း တံ ခါး ဘောင် လေး ထောင့် ခွေ ၏။ Judson Bible အလင်းဝင်စရာ ပြတင်းပေါက်သုံးတန်းစီ အဆင့်ဆင့်မျက်နှာချင်းဆိုင်လျက် တစ်ဖက်တစ်ချက်၌ ရှိကြ၏။ |
အိမ်တော်ထဲတွင် အလင်းဝင်ပေါက်ဖြစ်သော ပြတင်းပေါက်ငယ်များကိုလည်း ဆောက်လုပ်၏။
တိုင်အပေါ်ရှိ ရက်မများကို သစ်ကတိုးသားများဖြင့် မိုးထား၏။ တစ်တန်းလျှင် တစ်ဆယ့်ငါးခုစီရှိ၍ တိုင်ပေါင်းလေးဆယ့်ငါးတိုင်ရှိ၏။
အဝင်ဝတံခါးနှင့် တံခါးတိုင်ရှိသမျှတို့တွင် စတုရန်းပုံလေးထောင့်ကွက်များပါရှိပြီး ပြတင်းပေါက်သုံးတန်းနှင့် မျက်နှာချင်းဆိုင်လျက်ရှိ၏။
သင်၏သူရဲခိုတို့ကို ပတ္တမြားဖြင့်လည်းကောင်း၊ မြို့တံခါးတို့ကို သလင်းကျောက်များဖြင့်လည်းကောင်း၊ မြို့တံတိုင်းကို အဖိုးတန်ကျောက်များဖြင့်လည်းကောင်း ငါတည်မည်။
မုခ်ဆောင်အတွင်းပတ်ပတ်လည်တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ မုခ်ဆောင်အတွင်းဘက်ရှိ အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်တို့တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။
ပြတင်းပေါက်၊ ဆင်ဝင်နှင့် စွန်ပလွံပင်ပုံတို့သည် ယခင်တိုင်းခဲ့သောအရှေ့မုခ်ဆောင်နှင့် အတူတူဖြစ်၏။ ထိုမုခ်ဆောင်ပေါ်သို့ လှေကားခုနစ်ထစ်ဖြင့် တက်ရ၏။ ရှေ့တည့်တည့်တွင် မုခ်ဆောင်ဆင်ဝင်ရှိ၏။
ထိုမုခ်ဆောင်နှင့် ဆင်ဝင်ပတ်ပတ်လည်တွင် ပြတင်းပေါက်တို့ ပါရှိ၏။ ထိုပြတင်းပေါက်တို့သည် အခြားပြတင်းပေါက်တို့နှင့်တူ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
ထိုမုခ်ဆောင်၏အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်၏အတိုင်းအတာသည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်ပတ်ပတ်လည်နှင့် ဆင်ဝင်တွင် ပြတင်းပေါက်များရှိ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်၏အတိုင်းအတာသည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်နှင့် ဆင်ဝင်ပတ်ပတ်လည်တွင် ပြတင်းပေါက်များရှိ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်သည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်ပတ်ပတ်လည်တွင် ပြတင်းပေါက်များရှိ၏။ ထိုမုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
ဆင်ဝင်ရှိနံရံများတွင်လည်းကောင်း၊ အိမ်တော်အခန်းငယ်များတွင်လည်းကောင်း၊ အမိုးများတွင်လည်းကောင်း ပြတင်းပေါက်ငယ်များနှင့် စွန်ပလွံပင်ပုံများပါရှိ၏။