တံခါးချပ်များပေါ်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထားပြီး ထိုရုပ်လုံးတို့အပေါ်၌ ရွှေဖြင့် သေသပ်စွာမွမ်းမံထား၏။
၃ ရာ 6:36 - မြန်မာ့စံမီသမ္မာကျမ်း အတွင်းတံတိုင်းကိုလည်း ဆစ်ထားသောကျောက်သုံးဆင့်၊ သစ်ကတိုးသားရက်မတစ်ဆင့်တို့ဖြင့် ဆောက်လုပ်ထား၏။ Common Language Bible ဗိမာန်တော်ရှေ့၌အတွင်းတန်တိုင်းကိုဆစ် ကျောက်သုံးဆင့်လျှင် သစ်ကတိုးသားယက်မ တစ်ဆင့်စီဖြင့်အထပ်ထပ်ဆောက်လုပ်ထား၏။ Garrad Bible အ တွင်း တံ တိုင်း ကို လည်း ဆစ် ပြီး ကျောက် သုံး ရစ်၊ ရွေ ပြီး သစ် က တိုး သား တစ် ရစ် ကျ၊ ဆင့် တည် လေ ၏။ Judson Bible အတွင်းတံတိုင်းကိုလည်း ဆစ်သောကျောက်တန်း သုံးဆင့်၊ အာရဇ်သစ်သားတန်း တစ်ဆင့်နှင့် အထပ်ထပ်တည်လေ၏။ |
တံခါးချပ်များပေါ်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထားပြီး ထိုရုပ်လုံးတို့အပေါ်၌ ရွှေဖြင့် သေသပ်စွာမွမ်းမံထား၏။
ဆစ်ထားသောကျောက် သုံးဆင့်၊ သစ်ကတိုးသားရက်မ တစ်ဆင့်တို့ဖြင့် ထာဝရဘုရား၏အတွင်းအိမ်တော်ဝင်းနှင့် အိမ်တော်ဆင်ဝင်နည်းတူ ဝင်းတံတိုင်းကြီးကို ဆောက်လုပ်ထား၏။
ယဇ်ပုရောဟိတ်တို့အတွက် ဝင်းတံတိုင်း၊ အပြင်တံတိုင်းကြီးနှင့် ဝင်းတံခါးများကိုလည်း ပြုလုပ်၏။ တံခါးများကို ကြေးနီဖြင့်မွမ်းမံထား၏။
ရှောလမုန်မင်းကြီးတည်ထားသောကြေးနီယဇ်ပလ္လင်၌ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်ရန် နေရာမဆံ့ပေ။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ရှေ့ရှိ ဝင်းအတွင်းကို သန့်ရှင်းစေ၍ ထိုနေရာတွင်ပင် မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်လေ၏။
ကျောက်တုံးကြီးသုံးဆင့်၊ သစ်သားတစ်ဆင့်ဖြင့် တည်ဆောက်ရမည်။ ကုန်ကျစရိတ်ကို ဘုရင့်ဘဏ္ဍာတိုက်မှ ထုတ်ပေးစေ။
ထိုအခါ ဗာရုတ်သည် စာလိပ်ပါယေရမိဆင့်ဆိုသောစကားများကို လူအားလုံးကြားသိစေရန် ထာဝရဘုရား၏အိမ်တော်ရှိ ဂေမရိ၏သား စာရေးတော်ကြီးရှာဖန်၏အခန်းမှနေ၍ ဖတ်ပြလေ၏။ ထိုအခန်းသည် ထာဝရဘုရား၏အိမ်တော်အထက်ဝင်းတံခါးသစ်အဝင်ဝနားတွင်ရှိ၏။
တောင်မုခ်ဆောင်ကိုဖြတ်၍ အတွင်းဝင်းသို့ ငါ့ကိုခေါ်ဆောင်သွားပြီး အတွင်းဝင်းရှိ တောင်မုခ်ဆောင်ကိုတိုင်းရာ အခြားမုခ်ဆောင်တို့နှင့် အတိုင်းအတာ အတူတူဖြစ်၏။
သို့သော် ဗိမာန်တော်၏အပြင်ဘက်၌ရှိသည့်တံတိုင်းသည် လူမျိုးခြားတို့အားပေးထားသည်ဖြစ်၍ ၎င်းကိုမတိုင်းဘဲချန်ထားလော့။ ထိုသူတို့သည် သန့်ရှင်းသောမြို့တော်ကို လေးဆယ့်နှစ်လတိုင်တိုင် နင်းချေကြလိမ့်မည်။