အိမ်တော်အတွင်းပိုင်းတွင် ကျောက်သားများမပေါ်အောင် သစ်ကတိုးသားကိုအုပ်ထား၏။ ထိုသစ်ကတိုးသားပေါ်တွင် သစ်သီးပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထား၏။
၃ ရာ 6:35 - မြန်မာ့စံမီသမ္မာကျမ်း တံခါးချပ်များပေါ်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထားပြီး ထိုရုပ်လုံးတို့အပေါ်၌ ရွှေဖြင့် သေသပ်စွာမွမ်းမံထား၏။ Common Language Bible ခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင်နှင့်ပန်းပွင့်ပုံများ ထုလုပ်၍ ပုံလုံးပေါ်ရွှေဖြင့်မွမ်းမံလေ၏။ Garrad Bible ခေ ရု ဗ၊ စွံ ပ လွန် ပင်၊ ပန်း ပွင့် ပုံ များ ကို ထု လုပ်၍ ရွှေ ဖြင့် ပုံ လုံး ပေါ် မွမ်း မံ လေ ၏။ Judson Bible တံခါးရွက်၌ ခေရုဗိမ်အရုပ်နှင့် အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ်၍ အပြောက်ကို ရွှေနှင့်မွမ်းမံလေ၏။ |
အိမ်တော်အတွင်းပိုင်းတွင် ကျောက်သားများမပေါ်အောင် သစ်ကတိုးသားကိုအုပ်ထား၏။ ထိုသစ်ကတိုးသားပေါ်တွင် သစ်သီးပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထား၏။
တံခါးချပ်နှစ်ချပ်ကို ထင်းရှူးသားနှင့်ပြုလုပ်ထားပြီး တံခါးချပ်တစ်ချပ်စီတွင် ခေါက်၍ရသောတံခါးရွက်နှစ်ရွက်စီ ပါရှိ၏။
အတွင်းတံတိုင်းကိုလည်း ဆစ်ထားသောကျောက်သုံးဆင့်၊ သစ်ကတိုးသားရက်မတစ်ဆင့်တို့ဖြင့် ဆောက်လုပ်ထား၏။
ရေကန်၏ထုမှာ လက်တစ်ဖဝါးစာရှိ၏။ အနားသားမှာ ခွက်ဖလားအနားသားနှင့်တူပြီး နှင်းပန်းပုံ ဖော်ထား၏။ ရေ ဗတ်နှစ်ထောင် ဆံ့၏။
လက်ကိုင်နှင့် ဘောင်မျက်နှာပြင်တို့ရှိ နေရာလွတ်များတွင် ခေရုဗိမ်ရုပ်၊ ခြင်္သေ့ရုပ်နှင့် စွန်ပလွံပင်ပုံများ၊ ပတ်ပတ်လည်တွင် ကနုတ်ပန်းများ ထွင်းထုထား၏။
ရွှေအတိပြီးသော ဆီမီးခုံရှိ ပန်းပွင့်များ၊ မီးခွက်များ၊ မီးငြှိမ်းကိရိယာများ၊
မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အိမ်တော်တံခါး၊ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် ဗိမာန်တော်ပင်မဆောင်၏တံခါးကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
ယခုတွင် ဗိမာန်တော်ထဲမှပန်းပုရုပ်အားလုံးတို့ကို ပုဆိန်နှင့်တူတို့ဖြင့် ရိုက်ချိုးကြပါ၏။
မုခ်ဆောင်အတွင်းပတ်ပတ်လည်တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ မုခ်ဆောင်အတွင်းဘက်ရှိ အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်တို့တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။
ပြတင်းပေါက်၊ ဆင်ဝင်နှင့် စွန်ပလွံပင်ပုံတို့သည် ယခင်တိုင်းခဲ့သောအရှေ့မုခ်ဆောင်နှင့် အတူတူဖြစ်၏။ ထိုမုခ်ဆောင်ပေါ်သို့ လှေကားခုနစ်ထစ်ဖြင့် တက်ရ၏။ ရှေ့တည့်တည့်တွင် မုခ်ဆောင်ဆင်ဝင်ရှိ၏။
ခေရုဗိမ်ပုံနှင့် စွန်ပလွံပင်ပုံတို့ကို ထွင်းထုထား၏။ ခေရုဗိမ်ပုံတစ်ပုံနှင့်တစ်ပုံကြားတွင် စွန်ပလွံပင်ပုံတစ်ပုံရှိ၏။ ခေရုဗိမ်တစ်ပါးစီတွင် မျက်နှာနှစ်ဖက်ပါ၏။