ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ နှဲ၊ လင်းကွင်း စသည့်ထင်းရှူးသားဖြင့်ပြုလုပ်ထားသောတူရိယာအမျိုးမျိုးတို့ကို တီးမှုတ်လျက် ထာဝရဘုရားရှေ့တော်တွင် ပျော်မြူးကြ၏။
၃ ရာ 6:34 - မြန်မာ့စံမီသမ္မာကျမ်း တံခါးချပ်နှစ်ချပ်ကို ထင်းရှူးသားနှင့်ပြုလုပ်ထားပြီး တံခါးချပ်တစ်ချပ်စီတွင် ခေါက်၍ရသောတံခါးရွက်နှစ်ရွက်စီ ပါရှိ၏။ Common Language Bible ခေါက်တံခါးရွက်တစ်စုံကိုထင်းရှူးသားဖြင့် ပြုလုပ်ပြီးလျှင်၊- Garrad Bible ခေါက် တံ ခါး ရွက် တစ် စုံ ကို ထင်း ရူး သား ဖြင့် လုပ် ပြီး လျှင် Judson Bible တံခါးရွက်တစ်ရွက်လျှင် ပတ္တာနှစ်ခုစီဖြင့် လည်တတ်သော ထင်းရှူးသား တံခါးရွက်နှစ်ရွက်တို့ကိုလည်းကောင်း လုပ်လေ၏။ |
ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ နှဲ၊ လင်းကွင်း စသည့်ထင်းရှူးသားဖြင့်ပြုလုပ်ထားသောတူရိယာအမျိုးမျိုးတို့ကို တီးမှုတ်လျက် ထာဝရဘုရားရှေ့တော်တွင် ပျော်မြူးကြ၏။
ထို့နောက် ဟိရံမင်းကြီးသည် ရှောလမုန်မင်းကြီးထံ လူလွှတ်၍ “သင်မှာကြားလိုက်သောစကားကို အကျွန်ုပ်ကြားသိရပါပြီ။ သင်လိုသမျှ သစ်ကတိုးသား၊ ထင်းရှူးသားတို့ကို ပေးပါမည်။
ထိုနည်းတူ ပင်မဆောင်ဝင်ပေါက်ကို သံလွင်သားဖြင့်ပြုလုပ်ထား၍ တံခါးတိုင်၌ ကျည်းဘောင်လေးထပ်ရှိ၏။
တံခါးချပ်များပေါ်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထားပြီး ထိုရုပ်လုံးတို့အပေါ်၌ ရွှေဖြင့် သေသပ်စွာမွမ်းမံထား၏။