ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်သို့သွားရာလမ်းကိုစောင့်ရှောက်စေရန် ခေရုဗိမ်နှင့်တကွ အဘက်ဘက်လည်နေသောမီးလျှံဓားကို ဧဒင်ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
၃ ရာ 6:23 - မြန်မာ့စံမီသမ္မာကျမ်း အမြင့်ဆယ်တောင်စီရှိသောခေရုဗိမ်နှစ်ပါးကို သံလွင်သားဖြင့်ထုလုပ်၍ သန့်ရှင်းရာဌာနတော်တွင်ထား၏။ Common Language Bible သံလွင်သားဖြင့်ပြုလုပ်၍ အမြင့်ဆယ့်ငါးပေ စီရှိသောခေရုဗိမ်နှစ်ပါးကို အလွန်သန့်ရှင်း ရာဌာနတော်တွင်ထားရှိ၏။- Garrad Bible အ တွင်း ခန်း တွင် အ မြင့် ဆယ် တောင် ရှိ သော ခေ ရု ဗ နှစ် ပါး ကို သံ လွင် သား ဖြင့် လုပ် ရာ Judson Bible ဗျာဒိတ်ဌာနတော်ထဲမှာ အမြင့်ဆယ်တောင်ရှိသော ခေရုဗိမ်နှစ်ပါးကို သံလွင်သားနှင့်လုပ်လေ၏။ |
ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်သို့သွားရာလမ်းကိုစောင့်ရှောက်စေရန် ခေရုဗိမ်နှင့်တကွ အဘက်ဘက်လည်နေသောမီးလျှံဓားကို ဧဒင်ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
ထိုခေရုဗိမ်တစ်ပါး၏အတောင်ပံသည် တစ်ဖက်လျှင် ငါးတောင်ရှိပြီး တောင်ပံတစ်ဖက်ထိပ်မှအခြားတစ်ဖက်ထိပ်အထိ ဆယ်တောင်ရှိ၏။
သန့်ရှင်းရာဌာန၏အဝင်ဝတံခါးကို သံလွင်သားဖြင့် ပြုလုပ်ထားပြီး တံခါးတိုင်၌ ကျည်းဘောင်ငါးထပ်ပါရှိ၏။
သံလွင်သားတံခါးရွက်နှစ်ရွက်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံတို့ကို ပန်းပုလက်ရာမြောက်စွာထုလုပ်ထားပြီး ရွှေဖြင့်မွမ်းမံထား၏။ ခေရုဗိမ်ပုံနှင့် စွန်ပလွံပင်ပုံတို့ကို ရွှေဖြင့်ကပ်ထား၏။
ကိုယ်တော်သည် ခေရုဗိမ်ကိုစီး၍ ပျံသန်းတော်မူ၏။ လေအတောင်ပံများအားဖြင့် ထိုးဆင်းတော်မူ၏။
အစ္စရေး၏သိုးထိန်းဖြစ်တော်မူ၍ ယောသပ်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူသောအရှင်၊ စူးစိုက်နားထောင်တော်မူပါ။ ခေရုဗိမ်တို့အလယ်၌ စံပယ်တော်မူသောအရှင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
“ခေရုဗိမ်တို့အထက်၌ စံပယ်တော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးတို့တွင် ကိုယ်တော်တစ်ပါးတည်းသာ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။
တံခါးပေါက်တစ်ပေါက်တွင် တံခါးရွက်နှစ်ရွက်၊ နောက်တစ်ပေါက်တွင် တံခါးရွက်နှစ်ရွက်ပါ၏။
ကောင်းကင်တမန်အားလုံးတို့သည် ကယ်တင်ခြင်းကိုအမွေဆက်ခံမည့်သူများ၏အမှုကိုဆောင်ရွက်ရန် စေလွှတ်ခြင်းခံရသည့် အစေခံဝိညာဉ်များဖြစ်ကြသည်မဟုတ်လော။
ထိုအခါ သူတို့ပြုစုသောအရာတို့သည် မိမိတို့အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အားဖွင့်ပြတော်မူ၏။ ယခု ထိုအရာတို့သည် ကောင်းကင်ဘုံမှစေလွှတ်ခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သောသတင်းကိုဟောပြောသောသူများမှတစ်ဆင့် သင်တို့ထံ ဖော်ပြခြင်းခံရပြီ။ ကောင်းကင်တမန်တို့ပင်လျှင် ထိုအရာတို့ကိုကြည့်ရှုရန် အလွန်အလိုရှိကြ၏။