အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်နှစ်ဆယ်ရှိသော သန့်ရှင်းရာဌာနကို ရွှေစင်ဖြင့် မွမ်းမံထားပြီး ယဇ်ပလ္လင်ကို သစ်ကတိုးသားဖြင့်လုပ်၏။
၃ ရာ 6:22 - မြန်မာ့စံမီသမ္မာကျမ်း အိမ်တော်တစ်ခုလုံးကို ရွှေအတိနှင့်ပြီးစေ၏။ သန့်ရှင်းရာဌာနရှိ ယဇ်ပလ္လင်တစ်ခုလုံးကိုလည်း ရွှေဖြင့်မွမ်းမံထား၏။ Common Language Bible ဗိမာန်တော်အတွင်းပိုင်းတစ်ခုလုံးကိုလည်း ကောင်း၊ ဗိမာန်တော်၏အလွန်သန့်ရှင်းရာ ဌာနရှိယဇ်ပလ္လင်ကိုလည်းကောင်းရွှေဖြင့် မွမ်းမံ၍ထားသတည်း။ Garrad Bible ၎င်း မှ စ သော ဗိ မာန် တော် အ တွင်း ဆောင် လုံး ရွှေ အ ပြည့် မွမ်း မံ လေ ၏။ အ တွင်း ခန်း ရှိ ပ လ္လင် တော် ကို လည်း ရွှေ ဖြင့် မွမ်း မံ လေ ၏။ Judson Bible အိမ်တော်တစ်အိမ်လုံးကိုလည်းကောင်း၊ ဗျာဒိတ်ဌာနတော်နားမှာရှိသော ယဇ်ပလ္လင်ကိုလည်းကောင်း၊ ရွှေနှင့် အကုန်အစင် မွမ်းမံလေ၏။ |
အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်နှစ်ဆယ်ရှိသော သန့်ရှင်းရာဌာနကို ရွှေစင်ဖြင့် မွမ်းမံထားပြီး ယဇ်ပလ္လင်ကို သစ်ကတိုးသားဖြင့်လုပ်၏။
ဤသို့ ရှောလမုန်မင်းကြီးသည် အိမ်တော်အတွင်းပိုင်းကို ရွှေစင်နှင့်မွမ်းမံထားပြီး သန့်ရှင်းရာဌာန၏မျက်နှာစာတွင် ရွှေကြိုးများ သွန်းလုပ်သွယ်တန်းထား၏။
ဘောင်များကို ရွှေဖြင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုရန်ကွင်းများကို ရွှေဖြင့်လုပ်ရမည်။ ကန့်လန့်ကျင်များကိုလည်း ရွှေဖြင့်မွမ်းမံရမည်။
ယဇ်ပလ္လင်၏အပေါ်ပိုင်းကိုလည်းကောင်း၊ ဘေးပတ်ပတ်လည်ကိုလည်းကောင်း၊ ချိုများကိုလည်းကောင်း ရွှေစင်ဖြင့်မွမ်းမံရမည်။ ယဇ်ပလ္လင်အပေါ်ပိုင်းပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်ရမည်။