အိမ်တော်အတွင်းပိုင်းအတောင်နှစ်ဆယ်ကို အခန်းဖွဲ့၍ ကြမ်းခင်းမှမျက်နှာကြက်အထိ သစ်ကတိုးပြားများဖြင့် ကာထား၏။ ဤအခန်းသည် အိမ်တော်အတွင်းပိုင်းတွင် ဆောက်လုပ်ထားပြီး သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနအဖို့ဖြစ်၏။
၃ ရာ 6:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခန်းရှေ့ဘက်ရှိပင်မဆောင်သည် အတောင်လေးဆယ်ရှည်၏။ Common Language Bible အလွန်သန့်ရှင်းရာဌာနအရှေ့ရှိအခန်းသည် အလျားပေခြောက်ဆယ်ရှိ၏။- Garrad Bible ရှေ့ ပိုင်း အ ပြင် ခန်း ကား၊ အ တောင် လေး ဆယ် ရှိ ၏။ Judson Bible ထိုအခန်းရှေ့မှာတည်သော ဗိမာန်တော်အလျားသည် အတောင်လေးဆယ်ရှိ၏။ |
အိမ်တော်အတွင်းပိုင်းအတောင်နှစ်ဆယ်ကို အခန်းဖွဲ့၍ ကြမ်းခင်းမှမျက်နှာကြက်အထိ သစ်ကတိုးပြားများဖြင့် ကာထား၏။ ဤအခန်းသည် အိမ်တော်အတွင်းပိုင်းတွင် ဆောက်လုပ်ထားပြီး သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနအဖို့ဖြစ်၏။
အိမ်တော်အတွင်းပိုင်းတွင် ကျောက်သားများမပေါ်အောင် သစ်ကတိုးသားကိုအုပ်ထား၏။ ထိုသစ်ကတိုးသားပေါ်တွင် သစ်သီးပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထား၏။
ပင်မဆောင်ကို ထင်းရှူးသားဖြင့်ကာပြီး ရွှေစင်နှင့်မွမ်းမံထား၏။ နံရံပေါ်တွင် စွန်ပလွံပင်ပုံများ၊ ကြိုးများနှင့် အလှဆင်ထား၏။
တံခါးပေါက်မှာ အတောင်တစ်ဆယ်ကျယ်၏။ တစ်ဖက်တစ်ချက်ရှိတံခါးတိုင်၏ထုမှာ ငါးတောင်စီရှိ၏။ ဗိမာန်တော်အပြင်ခန်းကိုတိုင်းရာ အလျားအတောင်လေးဆယ်၊ အနံအတောင်နှစ်ဆယ်ရှိ၏။