Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 41:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 တံခါးပေါက်​မှာ အတောင်​တစ်ဆယ်​ကျယ်​၏​။ တစ်ဖက်တစ်ချက်​ရှိ​တံခါးတိုင်​၏​ထု​မှာ ငါး​တောင်​စီ​ရှိ​၏​။ ဗိမာန်တော်​အပြင်ခန်း​ကို​တိုင်း​ရာ အလျား​အတောင်​လေးဆယ်​၊ အနံ​အတောင်​နှစ်ဆယ်​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 အ​နံ​တစ်​ဆယ့်​ခု​နစ်​ပေ​ရှိ​၏။ ယင်း​၏​ဝဲ​ယာ နံ​ရံ​များ​သည်​ထု​ရှစ်​ပေ​စီ​ရှိ​၏။ အ​လယ် ခန်း​ကို​တိုင်း​တာ​ကြည့်​သော​အ​ခါ​အ​လျား ခြောက်​ဆယ့်​ရှစ်​ပေ၊ အနံ​သုံး​ဆယ့်​လေး​ပေ ရှိ​သည်​ကို​တွေ့​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ဗိ​မာန်​တော်​တံ​ခါး​ဝ​အ​ကျယ်​ကား ဆယ်​တောင်​ရှိ၏။ တံ​ခါး​ဝ​တစ်​ဖက်​နှင့် တစ်​ဖက်​လည်း ငါး​တောင်​စီ​ကျယ်၏။ ဗိ​မာန်​တော်​ကို​တိုင်း၍၊ အ​လျား​ကား အ​တောင်​လေး​ဆယ်၊ အ​နံ​ကား အ​တောင်​နှစ်​ဆယ်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 41:2
11 ပူးပေါင်းရင်းမြစ်များ  

ထို​အခန်း​ရှေ့​ဘက်​ရှိ​ပင်မဆောင်​သည် အတောင်​လေးဆယ်​ရှည်​၏​။


ထာဝရဘုရား​အဖို့ ရှောလမုန်​မင်းကြီး​တည်ဆောက်​သော​အိမ်​တော်​မှာ အလျား​အတောင်​ခြောက်ဆယ်​၊ အနံ​အတောင်​နှစ်ဆယ်​၊ အမြင့်​အတောင်​သုံးဆယ်​ရှိ​၏​။


အိမ်​တော်​ဆင်ဝင်တံခါး​များ​ကို​ပိတ်​ထား​ပြီး မီးခွက်​များ​ကို​လည်း ငြှိမ်း​ထား​ပြီ​။ အမွှေးနံ့သာ​ကို​လည်း မ​ပူဇော်​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​အဖို့ သန့်ရှင်းရာဌာန​တွင် မီးရှို့ရာယဇ်​ကို မ​ပူဇော်​။


ရှောလမုန်​မင်းကြီး​တည်ဆောက်​သော ဘုရားသခင်​၏​အိမ်​တော်​အုတ်မြစ်​မှာ ရှေးခေတ်​တိုင်းထွာနည်း​အရ အလျား အတောင်​ခြောက်ဆယ်​၊ အနံ အတောင်​နှစ်ဆယ်​ရှိ​၏​။


အိမ်​တော်​၏​မျက်နှာကြက်တန်း​များ​၊ တံခါးဘောင်​များ​၊ နံရံ​များ​နှင့် တံခါးရွက်​များ​ကို​လည်း ရွှေ​နှင့်​မွမ်းမံ​ထား​ပြီး နံရံ​များ​ပေါ်တွင် ခေရုဗိမ်​အရုပ်​များ​ကို ထွင်းထု​ထား​၏​။


တဲ​တော်​အဝင်ဝ​ကို​ကာ​ရန် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ထား​သော​လိုက်ကာ​ကို လုပ်​ရ​မည်​။


တဲ​တော်​အဝင်ဝ​ကို​ကာ​ရန် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ထား​သော​လိုက်ကာ​ကို လုပ်​၏​။


ထို​သူ​သည် ငါ့​အား အိမ်​တော်​ဝင်ပေါက်​သို့ ပြန်လည်​ခေါ်ဆောင်​လာ​ရာ အိမ်​တော်​တံခါးခုံ​အောက်​မှ အိမ်​တော်​မျက်နှာမူ​ရာ​အရှေ့ဘက်​သို့ ရေ​စီးထွက်​သွား​သည်​ကို တွေ့​ရ​၏​။ ထို​ရေ​တို့​သည် အိမ်​တော်​လက်ယာ​ဘက်​အောက်​၊ ယဇ်ပလ္လင်​တော်​တောင်ဘက်​မှ စီးဆင်း​သွား​၏​။


ထို့ကြောင့် တစ်ဖန် ယေရှု​က“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​သည် သိုး​တို့​ဝင်​သော​တံခါးပေါက်​ဖြစ်​၏။


ငါ​သည် တံခါးပေါက်​ဖြစ်​၏။ မည်သူမဆို ငါ့​အားဖြင့်​ဝင်​လျှင် ကယ်တင်​ခြင်း​ခံရ​မည်။ ထို​သူ​သည် ဝင်​ထွက်​ကာ ကျက်စား​ရာ​ကို​တွေ့​ရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ