“ငါ့အစေအပါးဒါဝိဒ်ထံသွား၍ ဆင့်ဆိုလော့။ ထာဝရဘုရားက ‘သင်သည် ငါစံမြန်းတော်မူရာအဖို့ အိမ်တော်ကို တည်ဆောက်မည်လော။
၃ ရာ 5:4 - မြန်မာ့စံမီသမ္မာကျမ်း ယခုမှာ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်လက်ထက်တွင် အေးချမ်းသာယာစေသဖြင့် အကျွန်ုပ်ပတ်လည်တွင် ရန်ပြုသူမရှိ၊ ဘေးအန္တရာယ်လည်း မရှိပါ။ Common Language Bible သို့ရာတွင်ယခုအခါ၌ကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားသည် ပတ်ဝန်းကျင် အရပ်ရပ်၌ငြိမ်းချမ်းသာယာမှုကိုပေး တော်မူပါပြီ။ ကျွန်ုပ်မှာရန်သူမရှိပါ။ ရန် သူတိုက်ခိုက်မည့်အန္တရာယ်လည်းမရှိပါ။- Garrad Bible ယ ခု မှာ ပတ် ဝန်း ကျင် အ ရပ် ရပ် ၌ သာ ယာ ခွင့် ကို ကျွန်ုပ်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး တော် မူ သ ဖြင့် ရန် မူ သူ မ ရှိ၊ ဘေး အ န္တ ရာယ် ကင်း သည် တစ် ကြောင်း၊ Judson Bible ယခုမူကား၊ ငါ၏ဘုရားသခင်ထာဝရဘုရားသည် အရပ်ရပ်၌ငြိမ်ဝပ်မည်အကြောင်း စီရင်တော်မူသဖြင့်၊ ရန်ဘက်ပြုသောသူ၊ ဆီးတားသောသူ မရှိသည်ဖြစ်၍၊ |
“ငါ့အစေအပါးဒါဝိဒ်ထံသွား၍ ဆင့်ဆိုလော့။ ထာဝရဘုရားက ‘သင်သည် ငါစံမြန်းတော်မူရာအဖို့ အိမ်တော်ကို တည်ဆောက်မည်လော။
ရေဇုန်သည် ဆီးရီးယားပြည်တွင် ကြီးစိုး၏။ အစ္စရေးလူမျိုးတို့ကို ရွံမုန်းသဖြင့် ဟာဒဒ်ကဲ့သို့ အစ္စရေးလူမျိုးတို့ကို ဒုက္ခပေး၍ ရှောလမုန်မင်းကြီးလက်ထက်တစ်လျှောက်လုံး အစ္စရေးလူမျိုးတို့ကို ရန်မူလေ၏။
သူသည် တိဖသမြို့မှ ဂါဇမြို့အထိ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းတစ်လျှောက်လုံးကို ပိုင်၏။ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိဘုရင်အားလုံးတို့ကို အုပ်စိုးရပြီး သူ့ဝန်းကျင်တစ်ခွင်မှာ ငြိမ်းချမ်းသာယာခြင်းရှိလေ၏။
ထို့နောက် ရှောလမုန်မင်းကြီး၏ဆောက်လုပ်ရေးသမားများ၊ ဟိရံမင်းကြီး၏ဆောက်လုပ်ရေးသမားများနှင့် ဂေဗလအမျိုးသားတို့သည် ကျောက်များကို ထုဆစ်ကြပြီး အိမ်တော်တည်ဆောက်ရန် သစ်သားများ၊ ကျောက်များကို ပြင်ဆင်ထားကြ၏။
သူသည် ဖိလိတ္တိလူမျိုးတို့ကို ဂါဇမြို့နှင့် နယ်နိမိတ်တစ်လျှောက်၊ ကင်းစောင့်မျှော်စင်မှ ခံတပ်မြို့အထိ ချေမှုန်းနိုင်ခဲ့၏။
ကြည့်ရှုလော့။ သင်သည် သားတော်တစ်ပါးကို ရလိမ့်မည်။ သူသည် အေးချမ်းစွာနေရသောသူ ဖြစ်လိမ့်မည်။ ငါသည် သူ့ဝန်းကျင်ရှိရန်သူအားလုံးတို့ကို သူနှင့်သင့်မြတ်စေမည်။ သူ့အမည်ကို ရှောလမုန် ဟုမှည့်ခေါ်ရမည်။ သူ့လက်ထက်တွင် အစ္စရေးပြည်ကို ငြိမ်းချမ်းခြင်း၊ ငြိမ်ဝပ်ခြင်း ရှိစေမည်။
ဂျေရုဆလင်မြို့ကိုအစိုးရသော တန်ခိုးကြီးဘုရင်တို့သည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း တစ်လျှောက်လုံးကိုပါ အုပ်ချုပ်ရပြီး သူတို့အား အခွန်အကောက်၊ ဆက်ကြေးတို့ကို ဆက်သရသည်ကိုလည်း သိရ၏။
သူ၏လက်ထက်၌ ဖြောင့်မတ်သောသူသည် ကြီးပွား၍ လကွယ်ပျောက်သွားသည်အထိ ငြိမ်းချမ်းမှုအပြည့်ရှိပါစေသော။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
ဤသို့ဖြင့် ယုဒနယ်၊ ဂါလိလဲနယ်နှင့် ရှမာရိနယ်တစ်လျှောက်လုံး၌ အသင်းတော်သည် ငြိမ်းချမ်းမှုကိုရရှိ၍ တည်ဆောက်မြှင့်တင်ခြင်းခံရကာ သခင်ဘုရားကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းအားပေးခြင်း၌လည်းကောင်း လျှောက်လှမ်းလျက် တိုးပွားလေ၏။
အာဇုတ်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အီဂျစ်ချောင်းနှင့် မြေထဲပင်လယ်ကမ်းရိုးတန်းတိုင်အောင် ဂါဇမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများပါ၏။