သူတို့သည် အထွတ်အမြတ်ထားရာနေရာများ၊ ကျောက်တိုင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ကုန်းမြင့်ရှိသမျှ၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ကိုယ့်အဖို့ တည်ထားကြ၏။
၃ ရာ 3:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုကာလ၌ ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်ကို မတည်ဆောက်ရသေးသဖြင့် လူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်ကြရ၏။ Common Language Bible ထာဝရဘုရားအတွက်ဗိမာန်တော်မဆောက် ရသေးသဖြင့် လူတို့သည်ယဇ်ပလ္လင်အနှံ့ အပြားတို့တွင်ယဇ်ပူဇော်လျက်ရှိနေကြ သေး၏။- Garrad Bible ထို ကာ လ မ တိုင် မ ချင်း၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် အ ဖို့ ဗိ မာန် တော် မ တည် သေး သည် ဖြစ်၍ လူ မျိုး တော် သည် မြင့် ရာ ဌာ န များ တွင် ပူ ဇော် လေ့ ရှိ ကြ ၏။ Judson Bible ထိုကာလ၌ ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို မတည်သေးသောကြောင့်၊ လူများတို့သည် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်တတ်ကြ၏။ |
သူတို့သည် အထွတ်အမြတ်ထားရာနေရာများ၊ ကျောက်တိုင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ကုန်းမြင့်ရှိသမျှ၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ကိုယ့်အဖို့ တည်ထားကြ၏။
အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့သော်လည်း မိမိအသက်ရှင်သမျှကာလပတ်လုံး အာသမင်းကြီး၏စိတ်နှလုံးသည် ထာဝရဘုရားကို အကြွင်းမဲ့ကိုးစား၏။
ယောရှဖတ်သည် ခမည်းတော်အာသမင်းကြီးလျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်၏။ ထိုလမ်းမှမလွဲဘဲ ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာကျင့်ကြံနေထိုင်၏။ သို့သော် အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားပေ။ လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာများ၌ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက်ရှိ၏။
“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးသည် သူ၏ရန်သူတို့ကို သူ့ခြေဖဝါးအောက်သို့ ထာဝရဘုရားမချထားမီအချိန်ထိ သူ့အား တိုက်ပွဲများဝိုင်းရံလျက်ရှိသောကြောင့် သူ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာ ဗိမာန်တော်ကို တည်ဆောက်ခွင့်မရခဲ့ကြောင်း မင်းကြီးသိပါ၏။
ယဟောရှမင်းကြီးက ယဇ်ပုရောဟိတ်တို့အား “စာရင်းဝင်သူတိုင်းပေးရမည့်အလှူငွေ၊ လူတစ်ဦးစီ၏တန်ဖိုးဖြတ်ငွေ၊ စေတနာအလျောက် ထာဝရဘုရား၏အိမ်တော်သို့ လာရောက်လှူဒါန်းသည့်ငွေစသည့် ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာသည့်သန့်ရှင်းသောအလှူငွေအားလုံးကို
အာသမင်းကြီးသည် အစ္စရေးပြည်ရှိ အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့သော်လည်း သူအသက်ရှင်သမျှကာလပတ်လုံး သူ၏စိတ်နှလုံးသည် ပြည့်ဝစုံလင်ခြင်း ရှိလေ၏။
သို့သော် လူတို့သည် အထွတ်အမြတ်ထားရာနေရာတို့၌ ဆက်လက်၍ယဇ်ပူဇော်ကြသော်လည်း မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ပူဇော်ကြ၏။
သူတို့သည် မိမိတို့အထွတ်အမြတ်ထားရာနေရာများအားဖြင့် ကိုယ်တော်ကိုအမျက်ထွက်စေပြီး မိမိတို့၏ရုပ်တုများအားဖြင့် ကိုယ်တော်ကိုသဝန်တိုစေကြ၏။
ငါသည် သင်တို့အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီး၍ သင်တို့၏နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်တို့ကို ခုတ်လှဲမည်။ သင်တို့၏အလောင်းတို့ကို သင်တို့၏သက်မဲ့ရုပ်တုများအပေါ်၌ စုပုံထားမည်။ ငါ၏စိတ်ဝိညာဉ်သည် သင်တို့ကိုရွံရှာမည်။
သူတို့ကလည်း “ရှိပါ၏။ ကြည့်ရှုလော့။ သင်တို့ရှေ့၌ သွားလျက်ရှိပါ၏။ အလျင်အမြန်လိုက်သွားပါလော့။ ယနေ့တွင် လူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်၌ ယဇ်ပူဇော်ကြမည်ဖြစ်၍ ဤမြို့သို့ ယခု သူရောက်လာပါ၏။