၃ ရာ 3:2 - Common Language Bible2 ထာဝရဘုရားအတွက်ဗိမာန်တော်မဆောက် ရသေးသဖြင့် လူတို့သည်ယဇ်ပလ္လင်အနှံ့ အပြားတို့တွင်ယဇ်ပူဇော်လျက်ရှိနေကြ သေး၏။- အခန်းကိုကြည့်ပါ။Garrad Bible2 ထို ကာ လ မ တိုင် မ ချင်း၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် အ ဖို့ ဗိ မာန် တော် မ တည် သေး သည် ဖြစ်၍ လူ မျိုး တော် သည် မြင့် ရာ ဌာ န များ တွင် ပူ ဇော် လေ့ ရှိ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထိုကာလ၌ ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို မတည်သေးသောကြောင့်၊ လူများတို့သည် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်တတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထိုကာလ၌ ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်ကို မတည်ဆောက်ရသေးသဖြင့် လူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်ကြရ၏။ အခန်းကိုကြည့်ပါ။ |
သူသည်မိမိအလျင်နန်းစံခဲ့သည့်ခမည်းတော် အာသကဲ့သို့ပင် ထာဝရဘုရား၏ရှေ့တော်မှောက် တွင်ဖြောင့်မှန်စွာပြုကျင့်လေ့ရှိ၏။ သို့ရာတွင်ရုပ်တု ကိုးကွယ်ရာဌာနများကိုမူမဖြိုမဖျက်သဖြင့် လူ တို့သည်ထိုအရပ်များတွင်ဆက်လက်၍ယဇ်ပူဇော် ၍နံ့သာပေါင်းကိုမီးရှို့ကြလေသည်။-
အမျိုးသမီးကလေးများကလည်း``ရှိပါ သည်။ အမှန်မှာသူသည်သင်တို့မလာမီ ကလေးကမှရောက်ရှိလာပါသည်။ သင်တို့ မြန်မြန်သွားလျှင်သူ့ကိုမီပါလိမ့်မည်။ သင် တို့မြို့ထဲကိုဝင်လျှင်ဝင်ချင်းသူ့အားတွေ့ ရှိပါလိမ့်မည်။ လူတို့သည်တောင်ကုန်းပေါ် ရှိယဇ်ပလ္လင်တွင်ပူဇော်သကာဆက်သကြ မည်ဖြစ်၍ ထိုသူသည်မြို့သို့ယနေ့ရောက် ရှိလာခြင်းဖြစ်ပါသည်။ သူမရောက်မချင်း ဖိတ်ခေါ်ထားသောသူတို့သည်စားသောက်ကြ လိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူသည်ယဇ်ကောင်ကိုဦးစွာကောင်းချီးပေး ရမည်ဖြစ်သောကြောင့်ဖြစ်ပါ၏။ ထိုကြောင့် သင်တို့သည်မြို့ထဲသို့ဝင်လျှင်ဝင်ချင်း ထိုသူတောင်ထိပ်သို့စားသောက်ရန်မတက် မီသူ့အားတွေ့ရကြပါလိမ့်မည်'' ဟုဆို၏။-