ဧလိယအား ထာဝရဘုရားမိန့်ဆိုထားသည့်စကားအတိုင်း အိုးထဲမှမုန့်ညက် မကုန်၊ ဘူးထဲမှဆီ မလျော့ဘဲ ရှိလေ၏။
၃ ရာ 22:38 - မြန်မာ့စံမီသမ္မာကျမ်း စစ်ရထားကို ပြည့်တန်ဆာတို့ရေချိုးလေ့ရှိသော ရှမာရိရေကန်တွင် ဆေးကြောရာ ထာဝရဘုရားမိန့်တော်မူသည့်စကားအတိုင်း ရှင်ဘုရင်၏သွေးတို့ကို ခွေးတို့ လျက်ကြလေ၏။ Common Language Bible သူ၏ရထားကိုပြည့်တန်ဆာတို့ရေချိုးလေ့ရှိ သည့်ရှမာရိရေကန်တွင်ဆေးကြောကြ၏။ ထာ ဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်းခွေးတို့ သည်လာ၍သူ၏သွေးကိုလျက်ကြကုန်၏။ Garrad Bible ရ ထား တော် ကို ကား ရှ မာ ရိ မြို့ ရှိ ပြည် တန် ဆာ တို့ ရေ ချိုး လေ့ ရှိ သော ရေ ကန် အ နီး တွင် ဆေး ကြော သ ဖြင့် ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ တိုင်း အ သွေး ကို ခွေး များ လျက် ကြ ၏။ Judson Bible ရထားတော်နှင့် လက်နက်တော်ကို ရှမာရိမြို့ရေကန်၌ ဆေးသဖြင့်၊ ထာဝရဘုရားမိန့်တော်မူသော စကားနှင့်အညီ ခွေးတို့သည် အသွေးကိုလျက်ကြ၏။ |
ဧလိယအား ထာဝရဘုရားမိန့်ဆိုထားသည့်စကားအတိုင်း အိုးထဲမှမုန့်ညက် မကုန်၊ ဘူးထဲမှဆီ မလျော့ဘဲ ရှိလေ၏။
သူ့အား ထာဝရဘုရားက ‘သင်သည် လူကိုသတ်သည်သာမက သူ့ဥစ္စာကိုပါ သိမ်းယူပါပြီတကား’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့။ ထို့ပြင် သူ့အား ထာဝရဘုရားက ‘နာဗုတ်၏သွေးကို ခွေးတို့လျက်သောနေရာတွင် သင့်သွေးကိုလည်း လျက်လိမ့်မည်’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ရှင်ဘုရင်အနိစ္စရောက်သွားသဖြင့် ရှမာရိမြို့သို့သယ်လာပြီး ရှင်ဘုရင်ကို ရှမာရိမြို့တွင် သင်္ဂြိုဟ်ကြ၏။
ဧလိယ ဆင့်ဆိုသောထာဝရဘုရား၏စကားတော်အတိုင်း အာခဇိမင်းကြီး အနိစ္စရောက်လေ၏။ သူ၌သားမရှိသောကြောင့် ယဟောရံသည် ယောရှဖတ်မင်းကြီး၏သား ယုဒဘုရင် ယဟောရံမင်းကြီးနန်းစံနှစ်နှစ်တွင် အာခဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံ၏။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။