နေဝင်ချိန်ရောက်သောအခါ “လူတိုင်း ကိုယ့်ပြည်၊ ကိုယ့်မြို့သို့ ပြန်ကြပါ”ဟူသောအော်ဟစ်သံမှာ တပ်တစ်တပ်လုံးပျံ့နှံ့သွား၏။
နေဝင်ချိန်နီးသောအခါ``လူတိုင်းကိုယ့်ပြည်၊ ကိုယ့်မြို့ရွာများသို့ပြန်ကြကုန်အံ့'' ဟူသော ဟစ်သံသည်ဣသရေလတပ်တစ်တပ်လုံး သို့ရောက်ရှိလာလေသည်။
ကိုယ့် ပြည်၊ ကိုယ့် မြို့ ရွာ သို့ ပြန် သွား ကြ ကုန် အံ့ ဟူ သော ဟစ် သံ သည် နေ ဝင် ကျော် အ ချိန် တွင် တစ် တပ် လုံး ထုတ် ချင်း ပေါက် လေ ၏။
လူအပေါင်းတို့၊ ကိုယ်နေသောမြို့ပြည်သို့ ပြန်သွားကြဟု နေဝင်သောအခါ တစ်တပ်လုံးကို ကြွေးကြော်လေ၏။
ထိုအခါ ရှင်ဘုရင်သည် ထ၍မြို့တံခါး၌ သွားထိုင်၏။ လူအပေါင်းတို့ကလည်း “ကြည့်ရှုလော့။ မြို့တံခါး၌ ရှင်ဘုရင် ထိုင်တော်မူ၏”ဟု တစ်ဆင့်စကားကြားသိကြလျှင် ရှင်ဘုရင်ထံသို့ လာကြ၏။ အစ္စရေးလူမျိုးတို့မူကား မိမိတို့အိမ်သို့ အသီးသီးပြန်ပြေးကြ၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် မိမိတို့စကားကို ရှင်ဘုရင်နားမထောင်ကြောင်း သိမြင်လျှင် သူတို့က ရှင်ဘုရင်အား “ဒါဝိဒ်မင်းကြီး၌ ငါတို့ မည်သည့်ဝေစုရှိသနည်း။ ယေရှဲ၏သား၌ ငါတို့အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်တဲသို့ ကိုယ်ပြန်ကြလော့။ အို ဒါဝိဒ်မင်းကြီး၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ပါလော့”ဟု ပြန်ပြောပြီး အစ္စရေးလူမျိုးတို့သည် ကိုယ့်တဲသို့ ကိုယ်ပြန်သွားကြလေ၏။
ထာဝရဘုရားက ‘သင်တို့၏ညီအစ်ကို အစ္စရေးအမျိုးသားတို့အား သွား၍မတိုက်ခိုက်ရ။ ကိုယ့်အိမ်သို့ အသီးသီးပြန်သွားကြလော့။ ဤအမှုသည် ငါပြုသောအမှုဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ လူတို့သည် ထာဝရဘုရားမိန့်တော်မူသည်ကို နာခံ၍ ထာဝရဘုရား၏အမိန့်တော်အတိုင်း အသီးသီး ပြန်သွားကြလေ၏။
ထိုအခါ မိက္ခာယက ရှင်ဘုရင်အား “အစ္စရေးလူမျိုးအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ တောင်များပေါ်တွင် ကွဲလွင့်နေကြသည်ကို အကျွန်ုပ်တွေ့ပါ၏။ ထာဝရဘုရားကလည်း ‘ဤသူတို့၌ သခင်မရှိ။ သူတို့သည် ကိုယ့်အိမ်သို့အေးချမ်းစွာပြန်ကြပါစေ’ဟူ၍ မိန့်တော်မူပြီ”ဟု လျှောက်ပြန်၏။
ဆီးရီးယားဘုရင်သည် မိမိ၏စစ်ရထားမှူးသုံးဆယ့်နှစ်ယောက်အား “အစ္စရေးဘုရင်မှလွဲ၍ အခြားကြီးကြီးငယ်ငယ်တစ်ယောက်ကိုမျှ မတိုက်ကြပါနှင့်”ဟု မိန့်မှာထား၏။
ထိုနေ့တွင် တိုက်ပွဲအလွန်ပြင်းထန်၏။ စစ်ရထားပေါ်တွင် ရှင်ဘုရင်ကို ဆီးရီးယားတပ်ဘက်သို့ မျက်နှာမူစေပြီး မှီထိုင်စေ၏။ ညနေခင်းအချိန်တွင် ရှင်ဘုရင်အနိစ္စရောက်၍ ဒဏ်ရာမှသွေးများလည်း စစ်ရထားကြမ်းပြင်အထိ စီးကျ၏။
ရှင်ဘုရင်အနိစ္စရောက်သွားသဖြင့် ရှမာရိမြို့သို့သယ်လာပြီး ရှင်ဘုရင်ကို ရှမာရိမြို့တွင် သင်္ဂြိုဟ်ကြ၏။
ယုဒလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရှုံးနိမ့်သဖြင့် ကိုယ့်တဲများသို့ အသီးသီးပြန်ပြေးကြကုန်၏။
အစ္စရေးအမျိုးသားတို့လည်း ထိုနေရာမှ ကိုယ့်အမျိုး၊ ကိုယ့်အနွယ်အလိုက် အမွေခံရာမြေသို့ အသီးသီးပြန်သွားကြ၏။
ဖိလိတ္တိလူမျိုးတို့သည် စစ်တိုက်ကြရာ အစ္စရေးလူမျိုးတို့ ရှုံးနိမ့်သဖြင့် မိမိတို့တဲသို့ အသီးသီးပြန်ပြေးကြလေ၏။ တိုက်ပွဲပြင်းထန်လွန်းသဖြင့် အစ္စရေးလူမျိုးတို့ဘက်မှ ခြေလျင်တပ်သားသုံးသောင်းကျဆုံးလေ၏။