၂ ရာ 19:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထိုအခါ ရှင်ဘုရင်သည် ထ၍မြို့တံခါး၌ သွားထိုင်၏။ လူအပေါင်းတို့ကလည်း “ကြည့်ရှုလော့။ မြို့တံခါး၌ ရှင်ဘုရင် ထိုင်တော်မူ၏”ဟု တစ်ဆင့်စကားကြားသိကြလျှင် ရှင်ဘုရင်ထံသို့ လာကြ၏။ အစ္စရေးလူမျိုးတို့မူကား မိမိတို့အိမ်သို့ အသီးသီးပြန်ပြေးကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 ထိုအခါမင်းကြီးသည်ထပြီးလျှင်မြို့ တံခါးအနီးသို့သွား၍ထိုင်တော်မူ၏။ လူ တို့သည်ထိုအရပ်တွင်မင်းကြီးရှိတော်မူ ကြောင်းကြားသောအခါအထံတော်သို့ ချဉ်းကပ်လာကြ၏။ ဤအတောအတွင်း၌ဣသရေလအမျိုး သားအပေါင်းတို့သည် မိမိတို့နေရပ် အသီးသီးသို့ထွက်ပြေးကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ဘု ရင် မင်း သည် မြို့ တံ ခါး သို့ ထွက် ကြွ စံ နေ လေ၏။ ထို သို့ စံ နေ ကြောင်း ကို တစ် တပ် လုံး ကြား သိ သော အ ခါ အ ထံ တော် ရောက် တိုး ဝင် ကြ ကုန်၏။ ဣ သ ရေ လ ရဲ မက် တို့ မူ ကား အ သီး အ သီး နေ အိမ် သို့ ပြေး သွား နှင့် ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible8 ရှင်ဘုရင်သည် ထ၍ တံခါးဝ၌ထိုင်တော်မူ၏။ ရှင်ဘုရင်သည် တံခါးဝ၌ ထိုင်တော်မူသည်ကို လူအပေါင်းတို့သည် ကြားသောအခါ အထံတော်သို့ ချဉ်းကပ်ကြ၏။ ဣသရေလလူများမူကား မိမိတို့နေရာသို့ ပြေးသွားကြပြီ။ အခန်းကိုကြည့်ပါ။ |
အဗရှလုံသည် နံနက်စောစောထ၍ မြို့တံခါးနား လမ်းဘေး၌ ရပ်လေ့ရှိ၏။ အမှုကိစ္စဖြစ်၍ အဆုံးအဖြတ်ခံယူရန် ရှင်ဘုရင်ထံသို့လာသောမည်သူမဆို အဗရှလုံသည် သူ့ထံသို့ခေါ်လာပြီး “သင် မည်သည့်မြို့က လာသနည်း”ဟု မေးတတ်၏။ အမှုသည်က “ကျွန်တော်မျိုးသည် အစ္စရေးအမျိုးအနွယ်ထဲမှ တစ်နွယ်ဖြစ်ပါ၏”ဟု ပြန်ဖြေလျှင်