ပရောဖက်ကလည်း ရှင်ဘုရင်အား “ ‘သတ်ပစ်ရမည့်သူကို သင်လွှတ်ပေးလိုက်သောကြောင့် သူ့အသက်အစား သင့်အသက်၊ သူ့အမှုထမ်းများအစား သင့်အမှုထမ်းများကို ပေးလျော်ရမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
၃ ရာ 22:35 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့တွင် တိုက်ပွဲအလွန်ပြင်းထန်၏။ စစ်ရထားပေါ်တွင် ရှင်ဘုရင်ကို ဆီးရီးယားတပ်ဘက်သို့ မျက်နှာမူစေပြီး မှီထိုင်စေ၏။ ညနေခင်းအချိန်တွင် ရှင်ဘုရင်အနိစ္စရောက်၍ ဒဏ်ရာမှသွေးများလည်း စစ်ရထားကြမ်းပြင်အထိ စီးကျ၏။ Common Language Bible တိုက်ပွဲဖြစ်လျက်နေချိန်၌အာဟပ်မင်းသည် ရှုရိတပ်ကိုမျက်နှာမူလျက် မိမိ၏ရထား ထက်တွင်မှီ၍ထိုင်နေတော်မူ၏။ သူ၏ဒဏ်ရာ မှယိုစီးလာသောသွေးသည်ရထားကြမ်းပြင် ပေါ်တွင်အိုင်ဖြစ်၍နေ၏။ ညနေစောင်းအချိန် ၌သူသည်ကွယ်လွန်လေသည်။- Garrad Bible ရ ထား အောက် ခင်း တွင် ဒဏ် ချက် မှ ယို စီး သော အ သွေး အိုင် စဉ် ဘု ရင် မင်း သည် ရ ထား တော် ကို တံ ကဲ ပြု လျက် ရှု ရိ တပ် ဘက် သို့ မျက် နှာ မူ၍ နေ ပြီး လျှင် ညဉ့် ဦး အ ချိန် ကွယ် လွန် သ ဖြင့် အ သီး အ သီး တို့ Judson Bible ထိုနေ့၌ တိုး၍တိုက်ကြ၏။ ရှင်ဘုရင်သည် ရှုရိလူတစ်ဖက်တစ်ချက်၌ ရထားတော်ထဲမှာ လူကိုမှီ၍ ထိုင်နေ၏။ ညဉ့်ဦးယံ၌ အသက်တော်ကုန်၏။ ထိခိုက်ရာ အနာမှအသွေးသည် ရထားထဲသို့ယို၏။ |
ပရောဖက်ကလည်း ရှင်ဘုရင်အား “ ‘သတ်ပစ်ရမည့်သူကို သင်လွှတ်ပေးလိုက်သောကြောင့် သူ့အသက်အစား သင့်အသက်၊ သူ့အမှုထမ်းများအစား သင့်အမှုထမ်းများကို ပေးလျော်ရမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာအမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့၊ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
စစ်သည်တစ်ဦးသည် လေးကိုအမှတ်တမဲ့ပစ်ထည့်လိုက်ရာ အစ္စရေးဘုရင်ဝတ်ထားသောသံချပ်အင်္ကျီ၏ဆက်ရာကြားတွင် ထိမှန်လေ၏။ ထိုအခါ ရှင်ဘုရင်က မိမိစစ်ရထားမှူးအား “ရထားကိုပြန်လှည့်ပြီး စစ်မြေပြင်မှထွက်သွားလော့။ ငါဒဏ်ရာရနေပြီ”ဟု အမိန့်ပေး၏။
နေဝင်ချိန်ရောက်သောအခါ “လူတိုင်း ကိုယ့်ပြည်၊ ကိုယ့်မြို့သို့ ပြန်ကြပါ”ဟူသောအော်ဟစ်သံမှာ တပ်တစ်တပ်လုံးပျံ့နှံ့သွား၏။
ထိုအခါ ယေဟုက လေးကိုအားကုန်တင်ပြီး ယဟောရံမင်းကြီး၏လက်ပြင်ကြားကို ပစ်လိုက်ရာ မြားသည် သူ၏နှလုံးကိုထုတ်ချင်းဖောက်သွားသဖြင့် သူသည် ရထားပေါ်၌ပင် လဲကျသွားလေ၏။
အဘိမလက် သေသည်ကို အစ္စရေးအမျိုးသားတို့ မြင်လျှင် အသီးသီးကိုယ့်အိမ်သို့ ပြန်သွားကြလေ၏။