သို့သော် ယောရှိမင်းကြီးသည် နောက်ပြန်မလှည့်ဘဲ နေခေါမင်းကြီးကို ရင်ဆိုင်တိုက်ခိုက်၏။ နေခေါမင်းကြီးအား ဘုရားသခင်မိန့်တော်မူသောစကားကို နားမထောင်ဘဲ ရုပ်ဖျက်ကာ မေဂိဒ္ဒေါလွင်ပြင်သို့ ချီတက်၍ စစ်ပွဲသို့ဝင်၏။
၃ ရာ 22:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့အတူ ပရောဖက်အပေါင်းတို့ကလည်း “ရာမုတ်ဂိလဒ်မြို့သို့ ချီတက်လော့။ အောင်မြင်မှုရမည်။ ထာဝရဘုရားသည် ထိုမြို့ကို မင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ပရောဖက်ပြုကြ၏။ Common Language Bible အခြားပရောဖက်အပေါင်းတို့ကလည်း ဤ အတိုင်းပင်မင်းကြီးအားလျှောက်ထားကြ၏။ သူတို့က``ရာမုတ်မြို့သို့ချီတက်တော်မူပါ။ အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟုဟောကြ၏။ Garrad Bible ပ ရော ဖက် အ ပေါင်း တို့ က လည်း ဂိ လဒ် နယ်၊ ရာ မုတ် သို့ မြို့ သို့ စစ် ချီ၍ အောင် မြင် တော် မူ ပါ စေ သော။ ဘု ရင် မင်း လက် တော် သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ ပါ လိမ့် မည် ဟု ဟော ပြော ကြ ကုန် ၏။ Judson Bible ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။ |
သို့သော် ယောရှိမင်းကြီးသည် နောက်ပြန်မလှည့်ဘဲ နေခေါမင်းကြီးကို ရင်ဆိုင်တိုက်ခိုက်၏။ နေခေါမင်းကြီးအား ဘုရားသခင်မိန့်တော်မူသောစကားကို နားမထောင်ဘဲ ရုပ်ဖျက်ကာ မေဂိဒ္ဒေါလွင်ပြင်သို့ ချီတက်၍ စစ်ပွဲသို့ဝင်၏။
ထာဝရဘုရားအခွင့်မရှိဘဲ ဤပြည်ကို ငါလာ၍ဖျက်ဆီးသည်ဟု ထင်သလော။ ထာဝရဘုရားက ‘ထိုပြည်သို့စစ်ချီ၍ဖျက်ဆီးလော့’ဟူ၍ ငါ့အားမိန့်တော်မူပြီ”ဟု ဆို၏။
သူတို့သည် မဟုတ်မမှန်သောနိမိတ်ကို မြင်ကြ၏။ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုတတ်ကြ၏။ ထာဝရဘုရားမစေလွှတ်ဘဲ ထာဝရဘုရား မိန့်မှာတော်မူသည်ဟု ဆိုလျက် ဆိုသည့်အတိုင်းလည်း ပြည့်စုံမည်ဟူ၍ မျှော်လင့်တတ်ကြ၏။