၃ ရာ 22:13 - မြန်မာ့စံမီသမ္မာကျမ်း13 မိက္ခာယကို သွားခေါ်လာခဲ့သောတမန်ကလည်း မိက္ခာယအား “ကြည့်ပါ။ ပရောဖက်တို့က ရှင်ဘုရင်အဖို့ ကောင်းသောသတင်းတစ်မျိုးတည်းကို ဟောကြပြီ။ သင်သည်လည်း သူတို့နည်းတူ ကောင်းသောသတင်းတစ်မျိုးတည်းကိုသာ ဟောပါလော့”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ဤအတောအတွင်း၌ မိက္ခာထံသို့သွားသော နန်းတွင်းအရာရှိကမိက္ခာအား``အခြား ပရောဖက်အားလုံးကပင်မင်းကြီးသည် အောင်မြင်မှုရရှိလိမ့်မည်ဟုဟောခဲ့ကြ လေပြီ။ အရှင်သည်လည်းဤအတိုင်းပင် ဟောသင့်ပါသည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible13 မိ က္ခာ ကို ခေါ် သော သူ က ပ ရော ဖက် အ ပေါင်း တို့ သည် မင်္ဂ လာ စ ကား ကို သာ ဘု ရင် မင်း အား တစ် ခွန်း တစ် သံ တည်း ဟော ကြ ပါ ပြီ။ ကိုယ် တော် လည်း သူ တို့ နည်း တူ၊ မင်္ဂ လာ စ ကား ကို သာ ဟော တော် မူ ပါ ဟု တိုက် တွန်း လျှင် အခန်းကိုကြည့်ပါ။Judson Bible13 မိက္ခာကိုခေါ်သောတမန်က၊ ပရောဖက်အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟုဆိုလျှင်၊ အခန်းကိုကြည့်ပါ။ |