ထိုအခါ မိဖုရားယေဇဗေလသည် သူ့ထံသို့ဝင်လာပြီး “အရှင်သည် အစားအစာမစားဘဲ စိတ်မကျေမနပ်ဖြစ်နေသည်မှာ အဘယ်ကြောင့်နည်း”ဟု မေးလျှင်
သူ၏မိဖုရားယေဇဗေလသည်သူ့ထံသို့ လာ၍ ``အရှင်သည်အဘယ်ကြောင့်ဤမျှစိတ် မချမ်းမသာဖြစ်လျက်နေတော်မူပါသနည်း။ အဘယ်ကြောင့်ပွဲတော်မတည်ဘဲနေတော်မူ ပါသနည်း'' ဟုမေးလျှောက်လေသည်။
မိ ဖု ရား ယေ ဇ ဗေ လ သည် ဝင် လာ ၍ ပွဲ တော် မ တည် နိုင် အောင် အ ဘယ် ကြောင့် စိတ် တော် ငြို ငြင် ရ ပါ သ နည်း ဟု မေး လျှောက် ရာ
ခင်ပွန်းယေဇဗေလသည် လာ၍၊ အစာကိုမစားနိုင်အောင် စိတ်တော်သည် အဘယ်ကြောင့် ညှိုးငယ်တော်မူသနည်းဟုမေးလျှင်၊
ထိုအပင်မှာ စားချင်စဖွယ်ကောင်း၍ အမြင်အားဖြင့်လည်းတင့်တယ်ပြီး ပညာတိုးပွားစေရန်လည်း နှစ်လိုဖွယ်ကောင်းသောအပင်ဖြစ်သည်ကို မိန်းမသည်မြင်လျှင် ထိုအပင်၏အသီးကို ဆွတ်ယူ၍စားလေ၏။ မိမိနှင့်အတူရှိသောခင်ပွန်းအားလည်းပေး၍ သူသည်လည်း စားလေ၏။
သူက အာမနုန်အား “အို ဘုရင့်သားတော်၊ အဘယ်ကြောင့် တစ်နေ့ထက်တစ်နေ့ ပိန်လာသနည်း။ အကျွန်ုပ်အား ပြောပြ၍မရသလော”ဟု ဆိုလျှင် အာမနုန်က “ငါ့ညီ အဗရှလုံ၏နှမ တာမာကို ငါချစ်မိနေပါပြီ”ဟု ပြန်ပြော၏။
နေဗတ်၏သားယေရောဗောင်မင်းကြီး၏အပြစ်လမ်းအတိုင်း လိုက်လျှောက်သည်ကို သာမညဟုမှတ်ယူ၍ ဆီဒုန်ဘုရင်ဧသဗာလမင်းကြီး၏သမီးတော်ယေဇဗေလကို မိဖုရားမြှောက်ပြီး ဗာလဘုရားအား ဝတ်ပြုကိုးကွယ်လေ၏။
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က ဩဗဒိသည် ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့၏။
ယေဇဗေလသည် ဧလိယထံ တမန်ကိုစေလွှတ်၍ “မနက်ဖြန် ယခုလိုအချိန်တွင် သင့်အသက်ကို ထိုပရောဖက်တို့၏အသက်ကဲ့သို့ မဖြစ်စေလျှင် ဘုရားအများတို့သည် ငါ့ကို ထိုထက်မက ပြုပါစေသော”ဟု ဆိုစေ၏။
အကယ်စင်စစ် အာဟပ်မင်းကြီးကဲ့သို့မိဖုရားယေဇဗေလ၏သွေးဆောင်မှုနောက်သို့လိုက်ပါသွားပြီး ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် မိမိကိုယ်ကိုရောင်းစားသောသူ တစ်ယောက်မျှမရှိ။
ထိုသို့ “ဘိုးဘေးတို့၏အမွေမြေကို အရှင်မင်းကြီးအား မပေးနိုင်ပါ”ဟု ယေဇရေလမြို့သားနာဗုတ်ဆိုသောစကားကြောင့် အာဟပ်မင်းကြီးသည် စိတ်မကျေမနပ်ဖြစ်၍ မျက်နှာသုန်မှုန်လျက် နန်းတော်သို့ပြန်သွားကာ အစာလည်းမစား သလွန်တော်ပေါ်တွင် တစ်ဖက်သို့လှည့်၍ လှဲနေလေ၏။
မင်းကြီးက “ငါသည် ယေဇရေလမြို့သားနာဗုတ်အား ‘သင့်စပျစ်ခြံကို ငါ့အား ငွေနှင့်ရောင်းပါ။ သို့မဟုတ် သင်အလိုရှိလျှင် ထိုခြံအစား စပျစ်ခြံတစ်ခုကိုပေးပါမည်’ဟု ဆိုသည်ကို သူက ‘အကျွန်ုပ်စပျစ်ခြံကို အရှင်မင်းကြီးအား မပေးနိုင်ပါ’ဟု ဆိုသည်”ဟု ပြန်ဖြေ၏။
ထိုအခါ ရှင်ဘုရင်က “သင်ကျန်းမာပါလျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်နေရသနည်း။ ဝမ်းနည်းစရာအကြောင်း ရှိနေသည်မဟုတ်လော”ဟု ငါ့အား မေးတော်မူလျှင် ငါသည် အလွန်ကြောက်ရွံ့လျက်
ထိုအခါ ဧသတာသည် မိမိအဖို့ ရှင်ဘုရင်ခန့်ထားပေးသောမိန်းမစိုးဟာတက်ကို ဆင့်ခေါ်၍ မော်ဒကဲသည် မည်သည့်အကြောင်းကြောင့်၊ မည်သည့်အတွက်ကြောင့် ဤသို့ပြုမူနေသည်ကို စုံစမ်းကြည့်ရန် စေလွှတ်လိုက်၏။