ဘုရားသခင်ကလည်း “သင့်မှာအဝတ်မပါအချည်းစည်းဖြစ်သည်ဟု မည်သူပြောသနည်း။ မစားရဟု သင့်အား ငါပညတ်ထားသောအပင်မှအသီးကို သင်စားပြီလော”ဟု မေးတော်မူ၏။
၃ ရာ 21:19 - မြန်မာ့စံမီသမ္မာကျမ်း သူ့အား ထာဝရဘုရားက ‘သင်သည် လူကိုသတ်သည်သာမက သူ့ဥစ္စာကိုပါ သိမ်းယူပါပြီတကား’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့။ ထို့ပြင် သူ့အား ထာဝရဘုရားက ‘နာဗုတ်၏သွေးကို ခွေးတို့လျက်သောနေရာတွင် သင့်သွေးကိုလည်း လျက်လိမ့်မည်’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့”ဟု မိန့်ဆို၏။ Common Language Bible ငါထာဝရဘုရားက`သင်သည်လူကိုသတ်ပြီး နောက် ထိုသူ၏ဥစ္စာကိုသိမ်းယူပါမည်လော' ဟု မိန့်တော်မူကြောင်းသူ့အားပြောကြားလော့။ `ခွေး တို့သည်နာဗုတ်၏သွေးကိုလျက်ကြသည့်အရပ် ၌ပင်လျှင် သင်၏သွေးကိုလျက်ကြလိမ့်မည်' ဟု ငါမိန့်တော်မူကြောင်းကိုလည်းသူ့အားပြော ကြားလော့'' ဟုမိန့်မှာတော်မူ၏။ Garrad Bible သင် က လည်း၊ လူ ကို ကွပ် မျက် ၍ ဥစ္စာ ကို သိမ်း ယူ ပြီ လော ဟူ၍ လည်း ကောင်း၊ နာ ဗုတ်၏ အ သွေး ကို ခွေး များ လျက် ကြ ရာ အ ရပ်၌ ပင်၊ သင့် အ သွေး ကို လည်း လျက် ကြ လိမ့် မည် ဟူ၍ လည်း ကောင်း၊ ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို လော့ ဟူ သော ဗျာ ဒိတ် တော် နှင့် ရောက် သော်၊ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် လူအသက်ကိုသတ်၍ သူ့ဥစ္စာကို သိမ်းယူပြီလော။ တစ်ဖန်မိန့်တော်မူသည်ကား၊ ခွေးတို့သည် နာဗုတ်အသွေးကို လျက်သောအရပ်၌ သင့်အသွေးကိုပင်လျက်ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။ |
ဘုရားသခင်ကလည်း “သင့်မှာအဝတ်မပါအချည်းစည်းဖြစ်သည်ဟု မည်သူပြောသနည်း။ မစားရဟု သင့်အား ငါပညတ်ထားသောအပင်မှအသီးကို သင်စားပြီလော”ဟု မေးတော်မူ၏။
ထာဝရဘုရားက ‘ငါသည် သင့်ကို ဘေးအန္တရာယ်ပေးမည့်သူအား သင့်မိသားစုထဲက ပေါ်ထွက်စေမည်။ သင့်မျက်စိရှေ့တွင်ပင် သင့်မိဖုရားတို့ကို ယူပြီး သင့်အိမ်နီးချင်းအား ပေးမည်။ သူသည် နေ့အချိန်တွင်ပင် သင့်မိဖုရားတို့နှင့်အတူ အိပ်လိမ့်မည်။
ယခုမှာ သင်သည် အဘယ်ကြောင့် ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြုပြီး မျက်မှောက်တော်၌ မကောင်းမှုကို ပြုရသနည်း။ သင်သည် ဟိတ္တိလူမျိုး ဥရိယကို ဓားနှင့်သတ်ပြီး သူ့မယားကို သင့်မိဖုရားအဖြစ် သိမ်းယူပြီ။ သင်သည် သူ့ကို အမ္မုန်အမျိုးသားတို့၏ဓားဖြင့် သတ်လေပြီတကား။
စစ်ရထားကို ပြည့်တန်ဆာတို့ရေချိုးလေ့ရှိသော ရှမာရိရေကန်တွင် ဆေးကြောရာ ထာဝရဘုရားမိန့်တော်မူသည့်စကားအတိုင်း ရှင်ဘုရင်၏သွေးတို့ကို ခွေးတို့ လျက်ကြလေ၏။
အာဟပ်မင်းမျိုးမင်းနွယ်နှင့်ပတ်သက်၍ ထာဝရဘုရား မိန့်တော်မူခဲ့သောစကားသည် မြေပေါ်ကျ၍အလဟဿမဖြစ်ရကြောင်းကို သိမှတ်ကြလော့။ ထာဝရဘုရားသည် မိမိ၏အစေအပါးဧလိယအားဖြင့် မိန့်မှာတော်မူခဲ့သည့်အတိုင်း ပြုတော်မူပြီ”ဟု ဆို၏။
သူတို့ထံစာရောက်လာသောအခါ သူတို့သည် ဘုရင့်သားတော်အပါးခုနစ်ဆယ်ကို ခေါ်ဆောင်သွားပြီး သတ်ဖြတ်ကာ ဦးခေါင်းများကို ခြင်းတောင်းထဲတွင်ထည့်၍ ယေဇရေလမြို့ရှိ ယေဟုထံသို့ ပို့လိုက်၏။
ထိုအချိန်၌ ဧလိရှဲသည် မိမိအိမ်၌ထိုင်နေ၏။ သက်ကြီးဝါကြီးတို့လည်း သူနှင့်အတူထိုင်လျက်ရှိ၏။ ရှင်ဘုရင်က ဧလိရှဲထံ ရှေ့တော်ပြေးတစ်ယောက်ကိုစေလွှတ်၏။ သို့သော် ထိုတမန်မရောက်မီ ဧလိရှဲက သက်ကြီးဝါကြီးတို့အား “ဤလူသတ်သမား၏သားသည် ငါ့ခေါင်းကိုဖြတ်ဖို့ လူကိုစေလွှတ်သည်ကို သင်တို့ သိသလော။ ထိုတမန်ရောက်လာလျှင် တံခါးကိုပိတ်ထားပါ။ တံခါးကို တွန်းထားကြပါ။ သူ့နောက်၌ သူ့သခင်၏ခြေသံကပ်ပါလာသည် မဟုတ်လော”ဟု ဆို၏။
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
ငါသည် မြေအသီးအနှံကို အဖိုးအခမပေးဘဲ စားသုံး၍ မြေရှင်၏အသက်ကို ဆုံးရှုံးစေခဲ့လျှင်လည်းကောင်း
ထိုသို့သောအားဖြင့် သင်၏ခြေသည် ရန်သူတို့၏သွေးကိုနင်းနယ်နိုင်၍ သင့်ခွေးတို့၏လျှာသည်လည်း မိမိခွဲတမ်းကို သူတို့ထံမှရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသနားတော်မူပါ။ သေခြင်း၏တံခါးဝမှ အကျွန်ုပ်ကိုဆွဲတင်တော်မူသောအရှင်၊ အကျွန်ုပ်ကိုမုန်းသောသူတို့ထံမှ အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုကိုကြည့်ရှုတော်မူပါ။
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
ပရောဖက်ယေရမိကလည်း ဂျေရုဆလင်မြို့ရှိ ယုဒဘုရင်ဇေဒကိမင်းကြီးအား ဤစကားအလုံးစုံကို ဆင့်ဆိုလေ၏။
မင်းသားသည် ပြည်သူတို့ပိုင်ဆိုင်သောအမွေမြေကို အနိုင်အထက်မလုယူရ။ သူ့သားများအား သူပိုင်ဆိုင်သောမြေထဲမှ အမွေခွဲဝေပေးရမည်။ သို့မှ ငါ့လူမျိုးတော်တစ်စုံတစ်ယောက်မျှ သူတို့ပိုင်ဆိုင်သောအမွေမြေမှ ကွဲလွင့်သွားရတော့မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
လူအသက်သတ်ပြီး ရွာကိုတည်သောသူ၊ မတရားသောနည်းလမ်းဖြင့် မြို့ကိုတည်ထောင်သောသူသည် အမင်္ဂလာရှိ၏။
ဘေးအန္တရာယ်မှလွတ်မြောက်ရန် မိမိအသိုက်ကို မြင့်သောနေရာ၌ဆောက်သောသူ၊ မတရားအကျိုးစီးပွားကို မိမိအိမ်အဖို့ရှာသောသူသည် အမင်္ဂလာရှိ၏။
အကြောင်းမူကား သင်တို့စီရင်သည့်နည်းလမ်းအတိုင်း သင်တို့သည် စီရင်ခြင်းခံရ၍ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးလိမ့်မည်။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။