ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
၃ ရာ 20:43 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစ္စရေးဘုရင်သည် စိတ်မကျေမနပ်ဖြစ်၍ မျက်နှာသုန်မှုန်လျက် မိမိနန်းတော်ရှိရာရှမာရိမြို့သို့ ပြန်သွားလေ၏။ Common Language Bible မင်းကြီးသည် ပူပင်စိုးရိမ်စိတ်ပျက်အား လျော့လျက် ရှမာရိမြို့နန်းတော်သို့ပြန် တော်မူ၏။ Garrad Bible ဣ သ ရေ လ ဘု ရင် သည် စိတ် မျက် ငြို ငြင် စွာ ရှ မာ ရိ မြို့ နန်း တော် သို့ ဝင် သွား လေ ၏။ Judson Bible ဣသရေလရှင်ဘုရင်သည် ညစ်ညူးသောစိတ်နှင့် ညှိုးငယ်လျက် ရှမာရိမြို့၊ နန်းတော်သို့သွား၏။ |
ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
ထိုသို့ “ဘိုးဘေးတို့၏အမွေမြေကို အရှင်မင်းကြီးအား မပေးနိုင်ပါ”ဟု ယေဇရေလမြို့သားနာဗုတ်ဆိုသောစကားကြောင့် အာဟပ်မင်းကြီးသည် စိတ်မကျေမနပ်ဖြစ်၍ မျက်နှာသုန်မှုန်လျက် နန်းတော်သို့ပြန်သွားကာ အစာလည်းမစား သလွန်တော်ပေါ်တွင် တစ်ဖက်သို့လှည့်၍ လှဲနေလေ၏။
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကိုငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် အကောင်းကိုမဟော။ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။
သို့သော် ဘုရင့်နန်းတော်တံခါးတွင် ဂျူးလူမျိုးမော်ဒကဲထိုင်နေသည်ကို ငါမြင်နေရသရွေ့ ဤအရာအားလုံးသည် ငါ့အတွက် ဘာမျှအကျိုးမရှိ”ဟု ဆိုလေ၏။
အကယ်စင်စစ် ဒေါသသည် ဆိုးမိုက်သောသူကို သတ်တတ်၏။ မနာလိုစိတ်သည်လည်း ဉာဏ်နုံ့သောသူကို သေစေတတ်၏။
လူသည် မိမိ၏မိုက်မဲမှုကြောင့် မိမိလမ်းခရီးမှားယွင်းချွတ်ချော်သောအခါပင် သူ၏စိတ်နှလုံးတွင် ထာဝရဘုရားကိုစိတ်ဆိုးတတ်၏။