ယာကုပ်သည် မိမိအဝတ်ကိုဆုတ်ဖြဲ၍ ခါး၌လျှော်တေအဝတ်ကိုစည်းကာ မိမိသားအတွက် ရက်ပေါင်းများစွာငိုကြွေးမြည်တမ်းလေ၏။
၃ ရာ 20:31 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူ့အမှုထမ်းတို့က “အစ္စရေးအမျိုးအနွယ်တို့၏ဘုရင်များသည် သနားတတ်သောဘုရင်များဖြစ်ကြောင်း ကြားဖူးပါ၏။ ယခု အကျွန်ုပ်တို့ခါးတွင် လျှော်တေအဝတ်ကိုပတ်၍ ခေါင်းတွင်လည်း ကြိုးကိုပတ်ပြီး အစ္စရေးဘုရင်ထံ အခစားဝင်ပါမည်။ မင်းကြီးကို အသက်ချမ်းသာပေးကောင်းပေးတော်မူမည်”ဟု လျှောက်တင်ကြ၏။ Common Language Bible သူ၏အမှုထမ်းများသည်သူ့ထံသို့လာ၍``ဣသ ရေလဘုရင်များသည်သနားညှာတာတတ် ကြောင်း အကျွန်ုပ်တို့ကြားသိရပါသည်။ သို့ဖြစ် ၍အကျွန်ုပ်တို့အားဣသရေလဘုရင်ထံသွား ခွင့်ပြုတော်မူပါ။ အကျွန်ုပ်တို့သည်ခါးတွင် လျှော်တေစည်း၍လည်တွင်ကြိုးများပတ်ပြီး လျှင်သွားရောက်ကြပါမည်။ သူသည်အရှင် ၏အသက်ကိုချမ်းသာပေးကောင်းပေးပါ လိမ့်မည်'' ဟုလျှောက်ထားကြ၏။- Garrad Bible ကျေး ကျွန် သင်း ပင်း တို့ က၊ ဣ သ ရေ လ အ မျိုး သား ဘု ရင် မင်း များ သည် သ နား တတ် ကြောင်း၊ ကျွန် တော် တို့ ကြား ရ ပါ သည်။ ကျွန် တော် တို့ သည် လျှော် တေ ဝတ် လျက် လည် တွင် ကြိုး ကွင်း စွပ် လျက်၊ ဣ သ ရေ လ ဘု ရင့် ထံ တိုး လျှိုး ခွင့် ပြု တော် မူ ပါ။ အ သက် တော် ကို ချမ်း သာ ပေး ကောင်း ပေး ပါ လိမ့် မည် ဟု လျှောက် တင် သည့် အ တိုင်း Judson Bible ဗင်္ဟာဒဒ်၏ကျွန်တို့ကလည်း၊ ဣသရေလအမျိုးသား ရှင်ဘုရင်တို့သည် သနားတတ်သောမင်းဖြစ်ကြောင်းကို ကျွန်တော်တို့ ကြားပါပြီ။ ကျွန်တော်တို့သည် လျှော်တေအဝတ်ကိုဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကိုရွက်လျက်၊ ဣသရေလရှင်ဘုရင်ထံသို့ ထွက်ရသောအခွင့်ကို ပေးတော်မူပါ။ အသက်တော်ကို ချမ်းသာပေးကောင်းပေးပါလိမ့်မည်ဟု လျှောက်သည်အတိုင်း၊ |
ယာကုပ်သည် မိမိအဝတ်ကိုဆုတ်ဖြဲ၍ ခါး၌လျှော်တေအဝတ်ကိုစည်းကာ မိမိသားအတွက် ရက်ပေါင်းများစွာငိုကြွေးမြည်တမ်းလေ၏။
ထို့ကြောင့် ယွာဘသည် တေကောမြို့သို့ လူလွှတ်၍ ထိုမြို့မှ လိမ္မာပါးနပ်သောအမျိုးသမီးတစ်ဦးကို ခေါ်လာစေပြီးလျှင် “ယခု သင်သည် ဆီမလိမ်းဘဲ ငိုကြွေးမြည်တမ်းရာဝတ်စုံကိုဝတ်ပြီး လူသေအတွက် နေ့ရက်များစွာငိုကြွေးမြည်တမ်းနေသောမိန်းမကဲ့သို့ ဟန်ဆောင်ငိုကြွေးလျက်
ဒါဝိဒ်မင်းကြီးက ယွာဘနှင့် သူ့လူအားလုံးတို့အား “သင်တို့အဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုဝတ်ကြ။ အာဗနာအဖို့ ငိုကြွေးမြည်တမ်းကြ”ဟု ဆိုပြီး ဒါဝိဒ်မင်းကြီးကိုယ်တော်တိုင် အသုဘလိုက်ပို့လေ၏။
ဆီးရီးယားဘုရင်၏အမှုထမ်းတို့က ရှင်ဘုရင်အား “သူတို့၏ဘုရားအများသည် တောင်ကိုပိုင်သောဘုရားဖြစ်သောကြောင့် အကျွန်ုပ်တို့ကိုနိုင်၏။ အကယ်၍ လွင်ပြင်၌တိုက်ကြမည်ဆိုလျှင် သူတို့ကို အကျွန်ုပ်တို့ အမှန်နိုင်လိမ့်မည်။
သူတို့သည် ခါးတွင် လျှော်တေအဝတ်ကိုပတ်၍ ခေါင်းတွင်လည်းကြိုးကိုပတ်ပြီးလျှင် အစ္စရေးဘုရင်ထံသို့သွား၍ “အရှင့်အစေအပါးဗင်္ဟာဒဒ်က ‘ယခု အကျွန်ုပ်ကို အသက်ချမ်းသာပေးပါ’ဟု အသနားခံလိုက်ပါ၏”ဟု လျှောက်တင်၏။ ရှင်ဘုရင်က “ငါ့နောင်တော် အသက်ရှင်သေးသလော”ဟု ဆိုလျှင်
ထိုအခါ သူ့ငယ်သားတို့က သူ့ထံသို့လာပြီး “အကျွန်ုပ်၏အဖ၊ ပရောဖက်က ခက်ခဲသောအရာကို လုပ်စေလျှင် လုပ်မည်မဟုတ်လော။ ယခု ‘ရေချိုးလျှင် သန့်ရှင်းသွားမည်’ဟု ဆိုသည်မှာ ပို၍ပင်လုပ်သင့်သည်မဟုတ်ပါလော”ဟု လျှောက်တင်၏။
မြို့ထဲသို့ဝင်မည်ဆိုလျှင်လည်း မြို့ထဲမှငတ်မွတ်ခြင်းဘေးကြောင့် သေရလိမ့်မည်။ ဤနေရာမှာ ထိုင်နေလျှင်လည်း သေရမည်။ ထို့ကြောင့် ယခု ဆီးရီးယားတပ်စခန်းသို့ သွားကြစို့။ သူတို့က အသက်ချမ်းသာပေးလျှင် ငါတို့အသက်ရှင်ရမည်။ သူတို့သတ်လျှင်လည်း ငါတို့ သေရမည်”ဟု အချင်းချင်းပြောဆိုကြပြီးလျှင်
“ရှုရှန်မြို့တွင် ရှိသမျှသောဂျူးလူမျိုးတို့ကို သွား၍စုစည်းပြီး နေ့ရောညပါ သုံးရက်ပတ်လုံး မစားမသောက်ဘဲ အကျွန်ုပ်အတွက် အစာရှောင်ဆုတောင်းကြပါ။ အကျွန်ုပ်နှင့် အစေခံမိန်းကလေးများသည်လည်း ထိုနည်းတူ အစာရှောင်ဆုတောင်းကြပါမည်။ ထို့နောက် ဥပဒေနှင့်ဆန့်ကျင်သော်လည်း ရှင်ဘုရင်ထံအခစားဝင်မည်။ သေရမည်ဆိုလျှင်လည်း အသေခံပါမည်”ဟု ပြန်ပြောလိုက်၏။
ထိုအခါ စာတန်က ထာဝရဘုရားအား “အရေပြားအဖို့ အရေပြားဆိုသကဲ့သို့ပင် လူသည် မိမိအသက်အဖို့ အရာအားလုံးကိုပင် ပေးဆပ်နိုင်မည်သာဖြစ်ပါ၏။
မေတ္တာကရုဏာနှင့်သမ္မာတရားသည် ရှင်ဘုရင်ကိုကာကွယ်စောင့်ရှောက်တတ်၏။ ရာဇပလ္လင်သည်လည်း မေတ္တာကရုဏာအားဖြင့် မြဲမြံတတ်၏။
ရာဇပလ္လင်သည် မေတ္တာကရုဏာတော်အားဖြင့် တည်လိမ့်မည်။ ဒါဝိဒ်မင်းကြီး၏တဲတော်ရှိ ထိုပလ္လင်ပေါ်၌ သစ္စာရှိသောသူသည် ထိုင်တော်မူလျက် တရားစီရင်မည်။ တရားမျှတခြင်းကိုရှာဖွေမည်။ ဖြောင့်မတ်ခြင်း၌ စိတ်အားထက်သန်မည်။
ထိုနေ့ရက်၌ ငိုကြွေးမြည်တမ်းကြရန်နှင့် ခေါင်းတုံးတုံးပြီး လျှော်တေအဝတ်ဝတ်ကြရန်အတွက် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား နှိုးဆော်တော်မူ၏။
ဟေဇကိမင်းကြီးသည် ထိုစကားကိုကြားလျှင် မိမိအဝတ်ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီး ထာဝရဘုရား၏အိမ်တော်သို့ သွားလေ၏။
ကိုယ်ခန္ဓာကိုသတ်၍ အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ်နှစ်မျိုးစလုံးကို ငရဲ၌ဖျက်ဆီးနိုင်သောအရှင်ကိုသာ ကြောက်ကြလော့။
ထိုအခါ ငါသည် ငါ၏သက်သေနှစ်ပါးတို့အား အခွင့်ပေးသဖြင့် သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင်တိုင် ပရောဖက်ပြုဟောပြောကြလိမ့်မည်”ဟု ဆို၏။