နယ်မြေခံစစ်သူကြီးတို့၏တပ်သားများသည် ရှေ့ဆုံးမှချီတက်လာကြ၏။ ဗင်္ဟာဒဒ်မင်းကြီးလည်း ကင်းထောက်တို့ကိုစေလွှတ်ရာ သူတို့က ရှင်ဘုရင်အား “ရှမာရိမြို့မှ လူများ ထွက်လာနေပါသည်”ဟု သတင်းပို့ကြ၏။
၃ ရာ 20:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဗင်္ဟာဒဒ်မင်းကြီးက “ငြိမ်းချမ်းရေးအတွက် လာသည်ဖြစ်စေ၊ စစ်တိုက်ဖို့အတွက် လာသည်ဖြစ်စေ သူတို့ကို အရှင်ဖမ်းဆီးထားကြ”ဟု အမိန့်ပေး၏။ Common Language Bible မင်းကြီးက``ထိုသူတို့သည်တိုက်ခိုက်ရန်လာ သည်ဖြစ်စေ၊ စစ်ပြေငြိမ်းရန်လာသည်ဖြစ်စေ သူတို့အားအရှင်ရအောင်ဖမ်းဆီးကြလော့'' ဟုအမိန့်ပေးတော်မူ၏။ Garrad Bible ရန် မူ ရန် လာ သည် ဖြစ် စေ လက် ရ ဖမ်း ကြ လော့ ဟု မိန့် ဆို လေ ၏။ Judson Bible စစ်ငြိမ်းစေခြင်းငှာ ထွက်သည်ဖြစ်စေ၊ စစ်တိုက်ခြင်းငှာ ထွက်သည်ဖြစ်စေ၊ အရှင်ဖမ်းဆီးကြဟု မိန့်တော်မူ၏။ |
နယ်မြေခံစစ်သူကြီးတို့၏တပ်သားများသည် ရှေ့ဆုံးမှချီတက်လာကြ၏။ ဗင်္ဟာဒဒ်မင်းကြီးလည်း ကင်းထောက်တို့ကိုစေလွှတ်ရာ သူတို့က ရှင်ဘုရင်အား “ရှမာရိမြို့မှ လူများ ထွက်လာနေပါသည်”ဟု သတင်းပို့ကြ၏။
နယ်မြေခံစစ်သူကြီးတို့၏တပ်သားများနှင့် သူတို့နောက်တွင် လိုက်ပါလာသောစစ်သည်တို့သည် မြို့ထဲမှ ထွက်လာကြပြီး
ပျက်စီးခြင်း၏ရှေ့ပြေးသည် လူ၏ဘဝင်မြင့်ခြင်းဖြစ်၏။ ဂုဏ်သရေ၏ရှေ့ပြေးကား စိတ်နှိမ့်ချခြင်းဖြစ်၏။
သို့ရာတွင် အဘိမလက်သည် သူ့ကိုလိုက်တိုက်သဖြင့် သူသည် အဘိမလက်ရှေ့မှထွက်ပြေးလေ၏။ မြို့တံခါးဝတိုင်အောင် ဒဏ်ရာရသူအမြောက်အမြား လဲကျသေဆုံးကြ၏။
ထို့ပြင် ထိုဖိလိတ္တိပြည်သားက ဒါဝိဒ်အား “ငါ့ထံသို့ လာခဲ့။ သင့်အသားကို မိုးကောင်းကင်ငှက်များ၊ တောတိရစ္ဆာန်များအား ကျွေးပစ်မည်”ဟု ဆို၏။