၃ ရာ 20:12 - မြန်မာ့စံမီသမ္မာကျမ်း
မိမိနှင့်အတူပါလာသောရှင်ဘုရင်များနှင့်အတူ တဲအတွင်း၌ စားသောက်နေသောဗင်္ဟာဒဒ်မင်းကြီးက ထိုသတင်းများကိုကြားသောအခါ သူ့အမှုထမ်းတို့အား “အသင့်ပြင်ကြ”ဟု အမိန့်ပေးသဖြင့် သူတို့လည်း မြို့ကိုတိုက်ရန် အသင့်ပြင်ကြ၏။
အခန်းကိုကြည့်ပါ။
ဗင်္ဟာဒဒ်သည်မိမိ၏မဟာမိတ်မင်းများနှင့် အတူ သူတို့၏တဲရှင်များတွင်သေရည်သေ ရက်သောက်လျက် နေစဉ်အာဟပ်၏ပြန်ကြား ချက်ကိုကြားသိရလေသည်။ ထိုအခါသူ သည်မိမိ၏စစ်သည်တော်များအား ရှမာရိ မြို့ကိုတိုက်ခိုက်ရန်အမိန့်ပေးသဖြင့်သူတို့ သည်နေရာယူကြကုန်၏။
အခန်းကိုကြည့်ပါ။
ထို စ ကား ကို ယာ ယီ နန်း တွင် မင်း အ ပေါင်း တို့ နှင့် သောက် စား လျက် နေ သော ဗ င်္ဟာ ဒဒ် မင်း ကြား လျှင် စစ် ခင်း ကြ လော့ ဟု ဗိုလ် မှူး တို့ အား အ မိန့် ထုတ် ဆင့် သည် အ တိုင်း မြို့ ရှေ့ မှာ စစ် ခင်း ကြ လေ ၏။
အခန်းကိုကြည့်ပါ။
ဗင်္ဟာဒဒ်သည် မင်းကြီးတို့နှင့်တကွ တဲတော်၌သောက်စဉ်၊ ထိုစကားကိုကြားလျှင် စစ်ခင်းကျင်းကြဟု မိမိကျွန်တို့အား မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မြို့ရှေ့မှာ စစ်ခင်းကျင်းကြ၏။
အခန်းကိုကြည့်ပါ။