ဒါဝိဒ်သည် ငယ်သားတစ်ဦးကို ခေါ်၍ “သူ့ကို သွားသတ်ပစ်လိုက်”ဟု ဆို၏။ ငယ်သားကလည်း ထိုသူကို သတ်သဖြင့် ထိုသူသေလေ၏။
၃ ရာ 2:25 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရှောလမုန်မင်းကြီးသည် ယောယဒ၏သား ဗေနာယကိုစေလွှတ်၍ အဒေါနိယကို ကွပ်မျက်စေသဖြင့် သူသေလေ၏။ Common Language Bible ထို့ကြောင့်ရှောလမုန်မင်းအမိန့်ပေးတော်မူ သဖြင့် ဗေနာယသည်သွား၍အဒေါနိယ အားကွပ်မျက်လေသည်။ Garrad Bible လွှတ် လိုက် သော ယော ယ ဒ သား ဗေ နာ ယ သည် အ ဒေါ နိ ယ ကို ကွပ် မျက် လေ ၏။ Judson Bible ယောယဒသားဗေနာယကိုစေလွှတ်၍၊ အဒေါနိယကို သေအောင်လုပ်ကြံလေ၏။ |
ဒါဝိဒ်သည် ငယ်သားတစ်ဦးကို ခေါ်၍ “သူ့ကို သွားသတ်ပစ်လိုက်”ဟု ဆို၏။ ငယ်သားကလည်း ထိုသူကို သတ်သဖြင့် ထိုသူသေလေ၏။
သင်သည် ငါ့ကို မထီမဲ့မြင်ပြုပြီး ဟိတ္တိလူမျိုး ဥရိယ၏မယားကို သင့်မိဖုရားအဖြစ် သိမ်းယူသောကြောင့် သင့်အမျိုးအနွယ်သည် ဓားဘေးနှင့် အမြဲတစေကြုံရလိမ့်မည်’ဟု မိန့်တော်မူ၏။
ဒါဝိဒ်မင်းကြီးက လုလင်တို့အား အမိန့်ပေးလိုက်ရာ လုလင်တို့သည်လည်း ထိုညီအစ်ကိုကိုသတ်ပြီး ခြေလက်တို့ကိုဖြတ်ကာ ဟေဗြုန်မြို့ရှိရေကန်အနီးတွင် ချိတ်ဆွဲထားလေ၏။ ထို့နောက် ဣရှဗောရှက်မင်းကြီး၏ဦးခေါင်းကိုယူ၍ ဟေဗြုန်မြို့ရှိ အာဗနာ၏သင်္ချိုင်း၌ သင်္ဂြိုဟ်လိုက်ကြ၏။
ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား နန်းတွင်းအရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။
ထိုသို့ “ယွာဘသည် တဲတော်သို့ပြေး၍ ယဇ်ပလ္လင်နားတွင် ရှိနေပါ၏”ဟူသော သတင်းကို ရှောလမုန်မင်းကြီးအား ကြားလျှောက်လျှင် ရှောလမုန်မင်းကြီးက ယောယဒ၏သား ဗေနာယအား “သူ့ကို သွားသတ်လော့”ဟု အမိန့်ပေးလေ၏။
ထိုအခါ ရှင်ဘုရင်က “သူပြောသည့်အတိုင်း ပြုပါ။ သူ့ကို ကွပ်မျက်ပြီး သင်္ဂြိုဟ်လိုက်ပါ။ သို့ပြုလျှင် အကျွန်ုပ်နှင့်အကျွန်ုပ်၏ခမည်းတော်အမျိုးအနွယ်သည် ယွာဘကအကြောင်းမရှိဘဲ လူအသက်သတ်ခဲ့သောအပြစ်များနှင့် ကင်းဝေးလိမ့်မည်။
ဤသို့ဖြင့် ယောယဒ၏သားဗေနာယသည် သွား၍ ယွာဘကိုကွပ်မျက်သဖြင့် သူသေလေ၏။ ယွာဘအား တောကန္တာရရှိ သူ၏အိမ်နားတွင် သင်္ဂြိုဟ်လေ၏။
ထို့နောက် ရှင်ဘုရင်သည် ယောယဒ၏သားဗေနာယကို အမိန့်ပေးသဖြင့် ဗေနာယသည် သွား၍ ရှိမိအားကွပ်မျက်သဖြင့် သူသေလေ၏။ ဤသို့ဖြင့် ရှောလမုန်မင်းကြီးလက်ထက်တွင် နိုင်ငံတော်တည်မြဲလေ၏။
သူတို့ကလည်း “ယခု သင့်ကို ဖမ်းပြီး ဖိလိတ္တိလူမျိုးတို့လက်သို့ အပ်ရန် လာခဲ့ခြင်းဖြစ်၏”ဟု ဆိုသော် ရှံဆုန်က “သင်တို့ကိုယ်တိုင် ငါ့ကိုမသတ်ပါဟု ကျိန်ဆိုလော့”ဟု ဆို၏။
သို့သော် ရှမွေလက သူ့အား “သင့်ဓားသည် မိခင်တို့ကို သားသမီးဆုံးပါးစေသကဲ့သို့ သင့်မိခင်သည်လည်း မိန်းမတို့တွင် သားသမီးဆုံးပါးသူ ဖြစ်ရမည်”ဟု ဆိုပြီး ရှမွေလသည် အာဂတ်ကို ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ အပိုင်းပိုင်းခုတ်ဖြတ်လိုက်လေ၏။