ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
၃ ရာ 18:9 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဩဗဒိက “အရှင့်အစေအပါးအကျွန်ုပ်သည် မည်သည့်အပြစ်ကိုပြုမိ၍ အကျွန်ုပ်ကို အာဟပ်မင်းကြီးသတ်ရအောင် သူ့လက်ထဲသို့ အပ်ရသနည်း။ Common Language Bible သြဗဒိက``အကျွန်ုပ်သည်အဘယ်အမှုကိုပြု မိသည့်အတွက် အရှင်သည်အကျွန်ုပ်အားအာဟပ် မင်း၏လက်တွင်အသတ်ခံရစေရန် ဤသို့ခိုင်း စေတော်မူလိုပါသနည်း။- Garrad Bible သြ ဗ ဒိ က၊ ကျွန် တော် မျိုး အ သေ ခံ ရ စေ ရန် အာ ဟပ် မင်း လက် တွင်း သို့ ပို့ အပ် သည် မှာ မည် သို့ ပြစ် မှား၍ ပါ နည်း။ Judson Bible ဩဗဒိကလည်း၊ ကိုယ်တော်ကျွန်၏အသက်ကို သတ်စေခြင်းငှာ အာဟပ်၌အပ်ရမည်အကြောင်း၊ ကိုယ်တော်ကျွန်သည် အဘယ်သို့ ပြစ်မှားဘိသနည်း။ |
ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
အရှင်၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ အရှင့်ကိုရှာဖွေရန် အကျွန်ုပ်သခင်သည် နိုင်ငံတိုင်း၊ လူမျိုးတိုင်းထံသို့ အကျွန်ုပ်ကို စေလွှတ်ခဲ့ပါသည်။ ‘ဤနေရာတွင် ဧလိယမရှိပါ’ဟု လျှောက်တင်သောနိုင်ငံနှင့် လူမျိုးအား အရှင့်ကိုမတွေ့ကြောင်း ကျိန်ဆိုစေခဲ့ပါ၏။
အကျွန်ုပ်ထွက်သွားသည်နှင့် ထာဝရဘုရား၏ဝိညာဉ်တော်က အရှင့်ကို အကျွန်ုပ်မသိနိုင်သောနေရာသို့ ဆောင်ယူသွားလျှင် အကျွန်ုပ်သည် အာဟပ်မင်းကြီးကို သွားလျှောက်တင်ပြီးမှ အရှင့်ကို မတွေ့သောအခါ အကျွန်ုပ်ကို သူသတ်ပါလိမ့်မည်။ အရှင့်အစေအပါးအကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသူဖြစ်ပါ၏။
ဧလိယကလည်း “ငါပင်ဖြစ်၏။ သင့်သခင်ထံသွား၍ ‘ဤအရပ်၌ ဧလိယရှိ၏’ဟူ၍ လျှောက်တင်လော့”ဟု သူ့အား ဆို၏။
“သင်တို့သည် ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့ရှေ့တွင် ငါတို့ကို စက်ဆုပ်ရွံရှာဖွယ်အပုပ်ကောင်ဖြစ်စေပြီး ငါတို့ကိုသတ်ရန် သူတို့လက်ထဲသို့ ဓားထည့်ပေးသောကြောင့် ထာဝရဘုရားသည် သင်တို့ကိုကြည့်၍ တရားစီရင်တော်မူပါစေသော”ဟု သူတို့အား ဆို၏။