ထို့နောက် ဧလိယက အာဟပ်မင်းကြီးအား “တက်သွားပြီး စားသောက်ပါလော့။ မိုးသည်းထန်စွာရွာမည့်အသံ ကြားရပြီ”ဟု ဆို၏။
၃ ရာ 18:40 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဧလိယက လူတို့အား “ဗာလဘုရား၏ပရောဖက်တို့ကို ဖမ်းဆီးပါ။ တစ်ယောက်မျှမလွတ်စေနှင့်”ဟု ဆိုလျှင် လူတို့က သူတို့ကို ဖမ်းဆီးလေ၏။ ဧလိယသည် သူတို့ကို ကိရှုန်ချောင်းသို့ခေါ်သွားပြီး ထိုအရပ်၌ ကွပ်မျက်လိုက်လေ၏။ Common Language Bible ဧလိယက``ဗာလပရောဖက်တို့ကိုဖမ်းဆီးကြ လော့။ တစ်ယောက်မျှထွက်မပြေးစေကြနှင့်'' ဟု အမိန့်ပေး၏။ လူတို့သည်ပရောဖက်အားလုံးကို ဖမ်းဆီး၍ပေးသဖြင့် ဧလိယသည်သူတို့အား ကိရှုန်ချောင်းသို့ထုတ်သွားပြီးလျှင်ကွပ်မျက် လေ၏။ Garrad Bible ဧ လိ ယ က၊ ဗာ လ၏ ပ ရော ဖက် တို့ ကို တစ် ယောက် မျှ မ လွတ် စေ ဘဲ ဖမ်း ဆီး ကြ လော့ ဟု အ မိန့် ပေး သည့် အ တိုင်း ဖမ်း ဆီး ကြ ပြီး လျှင် ဧ လိ ယ သည် ကိ ရှုန် ချောင်း သို့ ထုတ် သွား ၍ ကွပ် မျက် လေ သ တည်း။ Judson Bible ဧလိယကလည်း၊ ဗာလ၏ပရောဖက်တို့ကို ဖမ်းဆီးကြလော့။ တစ်ယောက်ကိုမျှမလွတ်စေနှင့်ဟု စီရင်သည်အတိုင်း၊ သူတို့ကို ဖမ်းဆီး၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။ |
ထို့နောက် ဧလိယက အာဟပ်မင်းကြီးအား “တက်သွားပြီး စားသောက်ပါလော့။ မိုးသည်းထန်စွာရွာမည့်အသံ ကြားရပြီ”ဟု ဆို၏။
အာဟပ်မင်းကြီးသည် ဧလိယပြုခဲ့သောအကြောင်းအရာအလုံးစုံနှင့် ပရောဖက်အားလုံးကို ဓားနှင့်ကွပ်မျက်ခဲ့ပုံအလုံးစုံတို့ကို ယေဇဗေလအား ပြောပြသောအခါ
ထို့နောက် ပြည်သူပြည်သားအပေါင်းတို့သည် ဗာလဘုရားဝတ်ကျောင်းသို့သွား၍ ထိုဝတ်ကျောင်းကိုဖြိုဖျက်ပစ်ပြီး ယဇ်ပလ္လင်များ၊ ရုပ်တုများကို အကုန်အစင်ချိုးဖျက်ပစ်ကြ၏။ ဗာလဘုရား၏ယဇ်ပုရောဟိတ်မဿန်ကိုလည်း ယဇ်ပလ္လင်ရှေ့တွင် ကွပ်မျက်လိုက်ကြ၏။ ယောယဒသည် ထာဝရဘုရား၏အိမ်တော်တွင် အစောင့်များကို ချထားပြီးလျှင်
သူ့ကိုဖမ်းချုပ်ခေါ်ဆောင်သွားပြီး ဘုရင့်နန်းတွင်း မြင်းဝင်ရာတံခါးဝသို့ရောက်သောအခါ သူ့ကို ကွပ်မျက်လိုက်ကြလေ၏။
ထို့နောက် ပြည်သူပြည်သားအပေါင်းတို့သည် ဗာလဘုရားဝတ်ကျောင်းသို့သွား၍ ထိုဝတ်ကျောင်းကိုဖြိုဖျက်ပစ်ပြီး သူ၏ယဇ်ပလ္လင်များ၊ ရုပ်တုများကို ချိုးဖျက်ပစ်ကြ၏။ ဗာလဘုရား၏ယဇ်ပုရောဟိတ်မဿန်ကိုလည်း ယဇ်ပလ္လင်ရှေ့တွင် ကွပ်မျက်လိုက်ကြ၏။
ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများကို ယဇ်ပူဇော်သောသူသည် လုံးလုံးဖျက်ဆီးခြင်းခံရမည်။
ထာဝရဘုရား၏အမှုတော်ကို လုံ့လစိုက်၍ မလုပ်ဆောင်သောသူသည် ကျိန်ခြင်းခံရမည်။ လူကိုမသတ်ဘဲ မိမိ၏ဓားကို ပြန်ရုပ်သိမ်းသောသူသည် ကျိန်ခြင်းကိုခံရမည်။
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ အီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင်တော်မူသော၊ ကျွန်ခံရာအိမ်မှသင်တို့ကိုရွေးနုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆန့်ကျင်ပုန်ကန်ပြောဆို၍ သင်တို့လိုက်လျှောက်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်လမ်းမှ သင်တို့ကိုလွဲသွားစေသောကြောင့် သူသည် အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင်တို့ထဲမှဖယ်ရှားပစ်ရမည်။
သင်၏မအေတူဖအေကွဲညီအစ်ကိုဖြစ်စေ၊ သင်၏သားသမီးဖြစ်စေ၊ သင်၏ရင်ခွင်၌ရှိသောမယားဖြစ်စေ၊ အရင်းနှီးဆုံးမိတ်ဆွေဖြစ်စေ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသောအခြားဘုရားများဖြစ်သည့်
ပရောဖက်တစ်ပါးပါးသည် အတင့်ရဲ၍ ငါမမိန့်မှာထားသောစကားကို ငါ့နာမဖြင့် ဆင့်ဆိုလျှင်ဖြစ်စေ၊ အခြားသောဘုရား၏နာမဖြင့်ဆင့်ဆိုလျှင်ဖြစ်စေ ထိုပရောဖက်သည် အသတ်ခံရမည်’ဟု မိန့်တော်မူ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
သူတို့ကိုလှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့်ပရောဖက်အတုအယောင်တို့ရှိရာ ကန့်နှင့်ရောသောမီးအိုင်ထဲသို့ ပစ်ချခြင်းခံရ၏။ သူတို့သည် ထိုနေရာ၌ နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်။
သိသရသည် သူ၏စစ်ရထားအားလုံး၊ သံစစ်ရထားကိုးရာနှင့် မိမိလူအပေါင်းတို့ကို စုစည်းပြီးလျှင် ဟာရောရှက်ဟာဂေါအိမ်မြို့မှ ကိရှုန်မြစ်သို့ ချီတက်ကြ၏။
ငါသည်လည်း ယာဘိန်မင်းကြီး၏စစ်သူကြီးသိသရနှင့် သူ၏စစ်ရထားအလုံးအရင်းကို ကိရှုန်မြစ်သို့ လှည့်ပတ်ခေါ်ခဲ့ပြီး သင့်လက်သို့အပ်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု သူ့အားဆို၏။
ကိရှုန်မြစ်၊ ရှေးကတည်းကရှိခဲ့သောမြစ်ဖြစ်သည့်ကိရှုန်မြစ်သည် သူတို့ကို တိုက်ချသွားပြီ။ အို ငါ့ဝိညာဉ်၊ ခွန်အားအပြည့်နှင့်ချီတက်လော့။