ထို့နောက် ရက်ပေါင်းများစွာကုန်လွန်လာ၏။ သုံးနှစ်ကြာလျှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဧလိယထံသို့ရောက်လာ၍ “အာဟပ်မင်းကြီးကို ကိုယ်တိုင်သွားတွေ့လော့။ ငါသည် မြေပြင်ပေါ်သို့ မိုးကိုရွာစေမည်”ဟု မိန့်တော်မူ၏။
၃ ရာ 18:2 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဧလိယသည် အာဟပ်မင်းကြီးထံ ကိုယ်တိုင်သွားလေ၏။ ထိုစဉ်က ရှမာရိပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ဆိုက်ရောက်နေ၏။ Common Language Bible ဧလိယသည်လည်းသွားလေ၏။ ထိုအချိန်အခါ၌ ရှမာရိပြည်မိုးခေါင်မှု သည် အဆိုးဆုံးအခြေအနေသို့ရောက် လျက်ရှိ၏။- Garrad Bible ဧ လိ ယ သည် အာ ဟပ် မင်း ထံ အ ထင် အ ရှား သွား၏။ ထို ကာ လ ရှ မာ ရိ မြို့ တွင် အ စာ ခေါင်း ပါး ခြင်း ကပ် အား ကြီး သည် ဖြစ်၍ Judson Bible ဧလိယသည် အာဟပ်မင်းအား ကိုယ်ကိုပြအံ့သောငှာ သွား၏။ ထိုအခါ ရှမာရိမြို့၌ ပြင်းစွာသော အစာအာဟာရခေါင်းပါးခြင်းဘေးရှိ၍၊ |
ထို့နောက် ရက်ပေါင်းများစွာကုန်လွန်လာ၏။ သုံးနှစ်ကြာလျှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဧလိယထံသို့ရောက်လာ၍ “အာဟပ်မင်းကြီးကို ကိုယ်တိုင်သွားတွေ့လော့။ ငါသည် မြေပြင်ပေါ်သို့ မိုးကိုရွာစေမည်”ဟု မိန့်တော်မူ၏။
အာဟပ်မင်းကြီးသည် နန်းတော်အုပ်ဩဗဒိကို ဆင့်ခေါ်၏။ ဩဗဒိသည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့ရိုသေသောသူဖြစ်၏။
ထို့ကြောင့် ထာဝရဘုရားက ‘သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်’ဟူ၍ သူ့အား မိန့်တော်မူပြီ”ဟု မိန့်ဆို၏။ ဧလိယလည်း ထွက်သွားလေ၏။
ထိုသို့ မြို့ကိုဝိုင်းထားချိန်ကြာလာသောအခါ ရှမာရိမြို့တွင်း၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ဆိုက်ရောက်ပြီး မြည်းခေါင်းတစ်ခေါင်းကို ငွေစရှစ်ဆယ်ရှယ်ကယ်၊ ခိုချေးတစ်ကက်၏လေးပုံတစ်ပုံကို ငွေစငါးရှယ်ကယ် ဖြစ်သွားလေ၏။
ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။ ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။
အကျွန်ုပ်သည် ကိုယ်တော့်ကို၊ ကိုယ်တော့်ကိုသာ ပြစ်မှား၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကို ပြုမိပါပြီ။ သို့ဖြစ်၍ ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ဖြောင့်မတ်ပါ၏။ ကိုယ်တော်တရားစီရင်တော်မူသောအခါ သန့်ရှင်းစင်ကြယ်ပါ၏။
သူတို့သည် ငါ၏စကားတို့ကို တစ်နေ့လုံး လိုရာဆွဲ၍ မမှန်မကန်ပြောဆိုကြ၏။ သူတို့၏အကြံအစည်ရှိသမျှတို့သည် ငါ့အပေါ် ဘေးအန္တရာယ်ကျရောက်စေရန်ဖြစ်၏။
ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။
ထာဝရဘုရားက “ငါသာလျှင် သင်တို့ကိုနှစ်သိမ့်ပေးသောသူဖြစ်၏။ သေမျိုးဖြစ်သောလူ၊ မြက်ပင်ကဲ့သို့ဖြစ်သည့်လူသားကို သင်အဘယ်ကြောင့်ကြောက်ရွံ့သနည်း။
ကွင်းပြင်သို့ထွက်သွားသော် ဓားဖြင့်အသတ်ခံရသောသူတို့ကို တွေ့ရ၏။ မြို့ထဲသို့ဝင်သော် ငတ်မွတ်ခေါင်းပါးခြင်းဝေဒနာခံစားနေရသောသူတို့ကို တွေ့ရ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် သူတို့မသိသောပြည်သို့ သွားကြပြီ’ဟူသောစကားကို ပြောကြားရမည်”ဟု မိန့်တော်မူ၏။
သင်တို့၏ခွန်အားသည် အချည်းနှီးကုန်သွားလိမ့်မည်။ သင်တို့၏မြေသည် အသီးအနှံဖြစ်ထွန်းလိမ့်မည်မဟုတ်။ သင်တို့ပြည်ရှိအပင်တို့သည်လည်း အသီးဖြစ်ထွန်းလိမ့်မည်မဟုတ်။
အသက်အတွက် အမှီသဟဲဖြစ်သော အစားအစာကို သင်တို့ထံမှ ငါဖြတ်တောက်လိုက်သောအခါ မိန်းမဆယ်ယောက်တို့သည် မီးဖိုတစ်ခုတည်း၌ သင်တို့စားဖို့မုန့်ကို ဖုတ်၍ ထိုမုန့်ကို အချိန်အဆဖြင့်သာ သင်တို့ကို ပြန်ဝေပေးလိမ့်မည်။ သင်တို့သည်လည်း ဝလင်စွာ စားရကြလိမ့်မည်မဟုတ်။