ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
၃ ရာ 17:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဧလိယက “သင့်သားကိုပေးပါ”ဟု ဆိုပြီး ထိုမုဆိုးမရင်ခွင်မှသားကိုယူ၍ မိမိနေရာအထက်ခန်းသို့ သယ်သွားကာ မိမိ၏အိပ်ရာပေါ်တွင် ချထား၏။ Common Language Bible ဧလိယက``သင်၏သားကိုငါ့အားပေးလော့'' ဟုဆိုကာမုဆိုးမ၏လက်မှသူငယ်ကိုယူ၍ မိမိတည်းခိုရာအထက်ခန်းသို့ပွေ့ချီသွား ပြီးလျှင် အိပ်ရာပေါ်တွင်ချထားလိုက်၏။- Garrad Bible ဧ လိ ယ က၊ သား ကို အပ် ပေး လော့ ဟု ဆို လျက် ရင် ခွင် မှ ဆောင် ယူ၍ တည်း ခို ရာ အ ထက် ဆင့် ရှိ ကိုယ့် အိပ် ရာ ပေါ် တွင် ထား ပြီး လျှင် Judson Bible သင်၏သားကို ငါ့အားပေးလော့ဟုဆိုလျက်၊ မိန်းမရင်ခွင်ထဲကယူ၍ မိမိနေရာအထက်အခန်းသို့ ဆောင်သွားသဖြင့်၊ မိမိအိပ်ရာပေါ်မှာထားပြီးလျှင်၊ |
ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
ထို့နောက် “အို အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တည်းခိုရာအိမ်မှ မုဆိုးမကိုပါ ဒုက္ခရောက်စေတော်မူပြီလော။ ယခု သူ၏သားသေပါပြီ”ဟု ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်လေ၏။
ယခု ခေါင်မိုးပြင်ပေါ်မှာ အိပ်ရာ၊ စားပွဲ၊ မီးအိမ်ပါသော အခန်းငယ်တစ်ခန်းကို သူ့အဖို့ ဆောက်လုပ်ကြစို့။ အကျွန်ုပ်တို့ထံလာသောအခါ ထိုအခန်းတွင် တည်းခိုနေပါစေ”ဟု ဆို၏။
ထိုအခါ သူငယ်၏မိခင်သည် အထက်ခန်းသို့တက်သွား၍သူငယ်ကို ဘုရားသခင့်လူ၏ခုတင်ပေါ်တွင် ချထားခဲ့ကာ တံခါးပိတ်ပြီး ပြန်ဆင်းသွား၏။
အိမ်ထဲသို့ ဧလိရှဲရောက်သောအခါ ခုတင်ပေါ်တွင် သူငယ်လဲလျောင်းသေဆုံးနေသည်ကို တွေ့ရ၏။
ထိုနေ့ရက်များတွင် သူသည် နာမကျန်းဖြစ်ပြီးသေဆုံးသွားသဖြင့် လူတို့သည် သူ၏အလောင်းကိုရေချိုးပေးပြီးလျှင် အထက်ခန်း၌ ထားကြ၏။