ယေရောဗောင်မင်းကြီး၏မိဖုရားသည်လည်း ထ၍ပြန်သွားပြီး တိရဇာမြို့ထဲသို့ဝင်လာ၏။ နန်းတော်တံခါးခုံနားရောက်သည်နှင့် သူငယ်မှာ သေလေ၏။
၃ ရာ 16:6 - မြန်မာ့စံမီသမ္မာကျမ်း ဗာရှာမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ တိရဇာမြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ဧလာသည် သူ့အရိုက်အရာကို ဆက်ခံ၏။ Common Language Bible ဗာရှာကွယ်လွန်သောအခါသူ့ကိုတိရဇ မြို့တွင်သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော် ဧလာသည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။ Garrad Bible ဗာ ရှာ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် တိ ရ ဇာ မြို့ တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင်၊ သား တော် ဧလာ သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။ Judson Bible ဗာရှာသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍ တိရဇမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ဧလာသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ |
ယေရောဗောင်မင်းကြီး၏မိဖုရားသည်လည်း ထ၍ပြန်သွားပြီး တိရဇာမြို့ထဲသို့ဝင်လာ၏။ နန်းတော်တံခါးခုံနားရောက်သည်နှင့် သူငယ်မှာ သေလေ၏။
ယေရောဗောင်မင်းကြီးသည် နှစ်ဆယ့်နှစ်နှစ်နန်းစံပြီး ဘိုးဘေးတို့နှင့်အတူအိပ်ပျော်သွား၏။ သူ၏သားတော်နာဒပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
အာသမင်းကြီးနှင့် အစ္စရေးဘုရင်ဗာရှာမင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
ထိုသတင်းကို ဗာရှာမင်းကြီးကြားလျှင် ရာမမြို့ကို မတည်ဆောက်တော့ဘဲ တိရဇာမြို့တွင် စံနေလေ၏။
ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်နှစ်တွင် အစ္စရေးပြည်၌ ယေရောဗောင်မင်းကြီး၏သားတော် နာဒပ်သည် နန်းတက်ပြီး အစ္စရေးလူမျိုးကို နှစ်နှစ်အုပ်စိုး၏။
ဩမရိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ရှမာရိမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာဟပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်ဆယ့်ခြောက်နှစ်တွင် ဗာရှာမင်းကြီး၏သားတော်ဧလာ နန်းတက်၍ တိရဇာမြို့၌ အစ္စရေးလူမျိုးတို့ကို နှစ်နှစ်အုပ်စိုး၏။