ဤသို့ပြုမူခြင်းများသည် ယေရောဗောင်မင်းမျိုးမင်းနွယ်အတွက် အပြစ်ဖြစ်လာပြီး သူတို့ကို မြေမျက်နှာပြင်ပေါ်မှဖျက်ဆီးသုတ်သင်ပစ်ရမည့်အခြေသို့ ဆိုက်လေ၏။
၃ ရာ 15:30 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ယေရောဗောင်မင်းကြီးသည် ကိုယ်တိုင်အပြစ်ပြုသည်သာမက အစ္စရေးလူမျိုးကိုပါ လမ်းမှားစေ၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခဲ့သောကြောင့်ဖြစ်၏။ Common Language Bible ယင်းသို့ဖြစ်ပျက်ရခြင်းမှာယေရောဗောင်သည် မိမိကိုယ်တိုင်ကူးခဲ့သည့်အပြစ်များအားဖြင့် လည်းကောင်း၊ ဣသရေလပြည်သူတို့အားကူး စေခဲ့သည့်အပြစ်များအားဖြင့်လည်းကောင်း၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေး သောကြောင့်ဖြစ်၏။ Judson Bible အကြောင်းမူကား၊ ယေရောဗောင်သည် ကိုယ်တိုင်ပြစ်မှားသောအပြစ်နှင့် ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသောအပြစ်အားဖြင့်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သောအကြောင်းတည်း။ |
ဤသို့ပြုမူခြင်းများသည် ယေရောဗောင်မင်းမျိုးမင်းနွယ်အတွက် အပြစ်ဖြစ်လာပြီး သူတို့ကို မြေမျက်နှာပြင်ပေါ်မှဖျက်ဆီးသုတ်သင်ပစ်ရမည့်အခြေသို့ ဆိုက်လေ၏။
ယုဒလူမျိုးတို့သည်လည်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုသာ ပြုကြ၏။ ဘိုးဘေးတို့ပြုသမျှထက် သူတို့ပြစ်မှားသောအပြစ်က ထာဝရဘုရားကို ပို၍အမျက်ထွက်စေ၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြုပြီး ခမည်းတော်လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်လျက် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသောအပြစ်မျိုးကို ပြုလေ၏။
ဗာရှာမင်းကြီးနှင့်သားတော်ဧလာမင်းကြီးတို့ ပြုသမျှသောအပြစ်ကြောင့် ဤသို့ဖြစ်ရလေပြီ။ သူတို့သည် ကိုယ်တိုင်အပြစ်ပြုရုံသာမက အစ္စရေးလူမျိုးတို့ကိုလည်း အပြစ်ပြုစေပြီး အချည်းနှီးသောအရာများဖြင့် အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရားကို အမျက်ထွက်စေကြ၏။
ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယခု ငါသည် သင့်အပေါ် ဘေးဆိုးကျရောက်စေမည်။ သင့်ကို ငါသုတ်သင်ပယ်ရှင်းမည်။ အစ္စရေးပြည်ရှိ အာဟပ်မင်းကြီးအမျိုးထဲမှ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယောက်ျားအားလုံးကို ငါပယ်ရှင်းမည်။