အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ဝတ်ကျောင်းများကို တည်ဆောက်ပြီး လေဝိအမျိုးမဟုတ်သော သာမန်လူများအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထား၏။
၃ ရာ 14:23 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အထွတ်အမြတ်ထားရာနေရာများ၊ ကျောက်တိုင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ကုန်းမြင့်ရှိသမျှ၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ကိုယ့်အဖို့ တည်ထားကြ၏။ Common Language Bible သူတို့သည်ဘုရားအတုအယောင်များအား ကိုးကွယ်ဝတ်ပြုရန်ဌာနများကိုတည်ဆောက် ကြ၏။ တောင်ထိပ်များနှင့်အရိပ်ကောင်းသည့် သစ်ပင်အောက်တို့တွင်ကိုးကွယ်ဝတ်ပြုရန် ကျောက်တိုင်များနှင့်အာရှရတံခွန်တိုင် များကိုစိုက်ထူကြ၏။- Garrad Bible အ ရပ် ရပ် ရှိ မြင့် လှ သော တောင် ပေါ် စိမ်း လန်း သော သစ် ပင် အောက် များ၌ မြင့် ရာ ဌာ န၊ ကျောက် တိုင် နှင့် တံ ခွန် တိုင် များ ကို တည် လုပ် သည့် ပြင် Judson Bible မြင့်သောတောင်ရှိသမျှတို့ အပေါ်၌လည်းကောင်း၊ စိမ်းသောသစ်ပင်ရှိသမျှတို့ အောက်၌လည်းကောင်း၊ ကုန်းများ၊ ရုပ်တုများ၊ အာရှရပင်များကို တည်ကြ၏။ |
အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ဝတ်ကျောင်းများကို တည်ဆောက်ပြီး လေဝိအမျိုးမဟုတ်သော သာမန်လူများအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထား၏။
အစ္စရေးလူမျိုးသည် အာရှရနတ်ဘုရားမတံခွန်တိုင်များကို ပြုလုပ်ပြီး ထာဝရဘုရားကိုအမျက်ထွက်စေသောကြောင့် ထာဝရဘုရားသည် သူတို့ကို ရေထဲ၌လှုပ်ခါယမ်းသောကျူပင်ကဲ့သို့ လှုပ်ခါယမ်းစေမည်။ ဘိုးဘေးတို့အားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ထဲမှ အစ္စရေးလူမျိုးတို့ကို ထုတ်ပစ်၍ ယူဖရေးတီးမြစ်တစ်ဖက်ကမ်းသို့ ကွဲလွင့်သွားစေမည်။
သူသည် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာများကိုလည်း တိုင်းပြည်မှနှင်ထုတ်ပစ်၏။ ဘိုးဘေးတို့ပြုလုပ်ထားသောရုပ်တုရှိသမျှတို့ကိုလည်း ဖယ်ရှားပစ်ခဲ့၏။
ဆီးရီးယားဘုရင်၏အမှုထမ်းတို့က ရှင်ဘုရင်အား “သူတို့၏ဘုရားအများသည် တောင်ကိုပိုင်သောဘုရားဖြစ်သောကြောင့် အကျွန်ုပ်တို့ကိုနိုင်၏။ အကယ်၍ လွင်ပြင်၌တိုက်ကြမည်ဆိုလျှင် သူတို့ကို အကျွန်ုပ်တို့ အမှန်နိုင်လိမ့်မည်။
ထိုကာလ၌ ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်ကို မတည်ဆောက်ရသေးသဖြင့် လူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်ကြရ၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရားကိုချစ်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏သွန်သင်ချက်အတိုင်း လိုက်လျှောက်သော်လည်း အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ပူဇော်လေ့ရှိသေး၏။
ထို့နောက် ဗာလဘုရားဝတ်ကျောင်းထဲရှိ ကျောက်တိုင်များကို အပြင်သို့ထုတ်ပြီး မီးရှို့ပစ်ကြ၏။
ထို့ပြင် အထွတ်အမြတ်ထားရာနေရာများ၊ တောင်ကုန်းပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက်တို့တွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကိုလည်း မီးရှို့ပူဇော်၏။
သူတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသမျှသောပညတ်ချက်တို့ကို စွန့်ပစ်ပြီး နွားသငယ်ရုပ်တုနှစ်ရုပ်ကို သွန်းလုပ်ကြ၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကို စိုက်ထူကြ၏။ ကောင်းကင်တန်ဆာရှိသမျှကို ကိုးကွယ်ကြ၏။ ဗာလဘုရားကို ဝတ်ပြုကြ၏။
ယုဒအမျိုးတို့ပင်လျှင် သူတို့ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်တို့ကို မစောင့်ထိန်းဘဲ အစ္စရေးလူမျိုးတို့၏ဓလေ့စရိုက်နောက်သို့လိုက်၍ ပြုကျင့်ကြ၏။
သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို စွန့်ခွာသွားကြပြီး အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုတို့ကို ကိုးကွယ်ကြ၏။ ထိုအပြစ်ကြောင့် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အမျက်တော်သက်ရောက်လေ၏။
ထို့ပြင် အထွတ်အမြတ်ထားရာနေရာများ၊ တောင်ကုန်းပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက်တို့တွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကိုလည်း မီးရှို့ပူဇော်၏။
သင်သည် သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်ပစ်၍ သူတို့၏ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲရမည်။
ဝက်သစ်ချပင်တို့ကြား၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ရမ္မက်မီးတောက်လောင်သောသူများ၊ လျှိုမြောင်ရှိ ကျောက်တောင်အက်ကွဲကြောင်းများတွင် သားသမီးများကို သတ်ဖြတ်ပူဇော်သောသူများ ဖြစ်ကြသည်မဟုတ်လော။
သူတို့၏သားသမီးများပင် ကုန်းမြင့်များပေါ်ရှိ စိမ်းလန်းသောသစ်ပင်များအနီး၌ မိမိတို့တည်ထားသောယဇ်ပလ္လင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကို စွဲလမ်းကြလေပြီ။
“ရှေးကာလ၌ သင်၏ထမ်းပိုးကို ငါချိုး၍ သင်၏အချည်အနှောင်တို့ကို ငါဖြတ်ခဲ့၏။ သင်က ‘အကျွန်ုပ် ဝတ်မပြုပါ’ဟု ဆို၏။ အကယ်စင်စစ် သင်သည် ရှိရှိသမျှကုန်းမြင့်ပေါ်တွင်လည်းကောင်း၊ ရှိရှိသမျှစိမ်းလန်းသောသစ်ပင်အောက်တွင်လည်းကောင်း ပြည့်တန်ဆာလုပ်၏။
သင်၏ဒုစရိုက်တို့ကို ဝန်ခံလော့။ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုပုန်ကန်၍ စိမ်းလန်းသောသစ်ပင်ရှိသမျှအောက်၌ တစ်ပါးအမျိုးသားတို့နှင့် မွေ့လျော်၏။ ငါ့စကားကိုလည်း သင်နားမထောင်’ဟု ထာဝရဘုရားမိန့်တော်မူ၏။
ရုပ်တုရှိသမျှကို မွှေးကြိုင်သောနံ့သာပေါင်းပူဇော်ရာနေရာများဖြစ်သည့် ရုပ်တုများကြားနှင့် ယဇ်ပလ္လင်ပတ်ပတ်လည်၊ တောင်ကုန်းများနှင့် တောင်ထိပ်များပေါ်၊ စိမ်းလန်းသောသစ်ပင်များနှင့် သပိတ်ပင်များအောက်တို့တွင် လူတို့သေနေသည်ကို မြင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
‘အို အစ္စရေးတောင်တန်းတို့၊ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်လော့။ တောင်ကြီးတောင်ငယ်များနှင့် မြစ်ချောင်းချိုင့်ဝှမ်းများအား ထာဝရဘုရားက ငါကိုယ်တော်တိုင် သင်တို့ထံ ဓားဘေးရောက်စေပြီး အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီးပစ်မည်။
သင်တို့နေထိုင်ရာအရပ်ရပ်ရှိမြို့တို့သည် ဖျက်ဆီးခြင်းခံရမည်။ အထွတ်အမြတ်ထားရာနေရာတို့သည် လူသူကင်းမဲ့ရာဖြစ်မည်။ သင်တို့၏ယဇ်ပလ္လင်သည် ဖျက်ဆီးခံရသဖြင့် ပျက်စီးသွားမည်။ ရုပ်တုတို့သည်လည်း ချိုးဖျက်ခံရသဖြင့် ပြိုပျက်သွားမည်။ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်သည်လည်း ခုတ်လှဲခံရမည်။ သင်တို့ပြုလုပ်ထားသောအရာတို့သည် သုတ်သင်ပယ်ရှင်းခြင်းခံရမည်။
အစ္စရေးသည် အသီးများစွာသီးသောစပျစ်ပင်နှင့် တူ၏။ ကိုယ့်အဖို့သာ သီး၏။ အသီးများစွာသီးလေလေ ယဇ်ပလ္လင်များစွာ တည်လေလေ၊ တိုင်းပြည်သာယာဝပြောလေလေ အထွတ်အမြတ်ထားရာကျောက်တိုင်များလည်း ပို၍ကောင်းအောင်စိုက်ထူကြလေလေ ဖြစ်၏။
သင်တို့အဖို့ ရုပ်တုများကို မပြုလုပ်ရ။ ဆင်းတုကို မထွင်းထုရ။ ကျောက်တိုင်ကို မစိုက်ထူရ။ သင်တို့၏ပြည်၌ ကျောက်ဆစ်ရုပ်တုကိုသင်တို့ရှိခိုးကိုးကွယ်ဖို့ မထားရ။ အကြောင်းမူကား ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
သင်၏အာရှရနတ်ဘုရားမတံခွန်တိုင်များကို ငါနုတ်ပစ်မည်။ သင်၏မြို့ရွာများကိုလည်း ဖျက်ဆီးပစ်မည်။
သင်တို့နှင်ထုတ်မည့်လူမျိုးတို့သည် မြင့်မားသောတောင်များပေါ်၌လည်းကောင်း၊ တောင်ကုန်းများပေါ်၌လည်းကောင်း၊ စိမ်းလန်းသောသစ်ပင်ရှိသမျှအောက်၌လည်းကောင်း မိမိတို့၏ဘုရားများကို ဝတ်ပြုတတ်ကြ၏။ ထိုအရပ်ရှိသမျှတို့ကို သင်တို့ လုံးလုံးဖျက်ဆီးပစ်ရမည်။