သင်မူကား သင့်ရှေ့ကလူအပေါင်းတို့ထက် ဆိုးညစ်မှုများကို ပြုလေပြီ။ သင်သည် ငါ့ကိုကျောခိုင်းပြီး အခြားဘုရားများ၊ ရုပ်တုများကို ပြုလုပ်ကာ ငါ့ကိုအမျက်ထွက်စေပြီ။
၃ ရာ 14:15 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးသည် အာရှရနတ်ဘုရားမတံခွန်တိုင်များကို ပြုလုပ်ပြီး ထာဝရဘုရားကိုအမျက်ထွက်စေသောကြောင့် ထာဝရဘုရားသည် သူတို့ကို ရေထဲ၌လှုပ်ခါယမ်းသောကျူပင်ကဲ့သို့ လှုပ်ခါယမ်းစေမည်။ ဘိုးဘေးတို့အားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ထဲမှ အစ္စရေးလူမျိုးတို့ကို ထုတ်ပစ်၍ ယူဖရေးတီးမြစ်တစ်ဖက်ကမ်းသို့ ကွဲလွင့်သွားစေမည်။ Common Language Bible ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ဣသရေလ ပြည်သည်ချောင်းငယ်တွင်တုန်လှုပ်လျက်နေသော ကူပင်သဖွယ်တုန်လှုပ်သွားလိမ့်မည်။ ဣသရေလ အမျိုးသားတို့သည်ဘိုးဘေးများအားကိုယ်တော် ပေးအပ်တော်မူခဲ့သည့် ဤသာယာသောပြည်တော် မှနုတ်ပယ်ခြင်းကိုခံရကာဥဖရတ်မြစ်တစ် ဖက်ကမ်းသို့ကွဲလွင့်သွားကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်သူတို့သည်အာရှရဘုရားမ ရုပ်များကိုပြုလုပ်လျက်ကိုယ်တော်၏အမျက် တော်ကိုလှုံ့ဆော်ကြသောကြောင့်ဖြစ်၏။- Garrad Bible ယ ခု ပင် တည်း။ ထာ ဝ ရ ဘု ရား အ မျက် တော် တိုက် တံ ခွန် တိုင် များ ကို စိုက် ထူ သော ဣ သ ရေ လ လူ မျိုး အား ရေ ၌ ကျူ ပင် လှုပ် ရှား သ ကဲ့ သို့ ဒဏ် ခတ် တော် မူ၍ ဘိုး ဘေး တို့ အား ပေး တော် မူ ခဲ့ သော ပြည် ကောင်း မှ မြစ် ကြီး တစ် ဘက် သို့ ကွဲ လွင့် စေ တော် မူ မည်။ Judson Bible အာရှရပင်တို့ကို ပြုစု၍ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ကြသောကြောင့်၊ ကျူပင်ကို ရေ၌လှုပ်ရှားသကဲ့သို့ ထာဝရဘုရားသည် ဣသရေလအမျိုးကို ဒဏ်ခတ်၍၊ ဘိုးဘေးတို့အားပေးတော်မူသော ဤပြည်ကောင်းမှ နုတ်ပယ်ပြီးလျှင်၊ မြစ်ကြီးတစ်ဖက်၌ အရပ်ရပ်သို့ ကွဲပြားစေတော်မူမည်။ |
သင်မူကား သင့်ရှေ့ကလူအပေါင်းတို့ထက် ဆိုးညစ်မှုများကို ပြုလေပြီ။ သင်သည် ငါ့ကိုကျောခိုင်းပြီး အခြားဘုရားများ၊ ရုပ်တုများကို ပြုလုပ်ကာ ငါ့ကိုအမျက်ထွက်စေပြီ။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
သူတို့ရှေ့မှထာဝရဘုရားနှင်ထုတ်တော်မူခဲ့သောလူမျိုးခြားများကဲ့သို့ အထွတ်အမြတ်ထားရာကုန်းမြင့်ရှိသမျှတို့၌ နံ့သာပေါင်းကို မီးရှို့ပူဇော်ကြ၏။ မကောင်းသောအမှုများကိုပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေကြ၏။
သူတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသမျှသောပညတ်ချက်တို့ကို စွန့်ပစ်ပြီး နွားသငယ်ရုပ်တုနှစ်ရုပ်ကို သွန်းလုပ်ကြ၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကို စိုက်ထူကြ၏။ ကောင်းကင်တန်ဆာရှိသမျှကို ကိုးကွယ်ကြ၏။ ဗာလဘုရားကို ဝတ်ပြုကြ၏။
သူတို့၏သားသမီးတို့ကို မီးရှို့ပူဇော်ကြ၏။ ဂမ္ဘီရအတတ်၊ ဟူးရားအတတ်တို့ကို ဆည်းပူးကြ၏။ မကောင်းမှုပြုရန် ကိုယ့်ကိုယ်ကိုယ်ရောင်းစားခြင်းဖြင့် ထာဝရဘုရားကို အမျက်ထွက်စေကြ၏။
ထာဝရဘုရားက မိမိအစေအပါးပရောဖက်တို့မှတစ်ဆင့် မိန့်မှာခဲ့သည့်အတိုင်း အစ္စရေးလူမျိုးတို့ကို အထံတော်မှနှင်ထုတ်ခဲ့ရသည်အထိ ဖြစ်၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ကိုယ့်နေရင်းပြည်မှ အဆီးရီးယားပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ၍ ယနေ့တိုင်အောင်ထိုပြည်တွင် နေကြရ၏။
သူတို့ကို ငါပေးထားသောပြည်မှ ဖယ်ထုတ်ပစ်မည်။ ငါ့နာမအဖို့ ငါသန့်ရှင်းစေသောဤအိမ်တော်ကိုလည်း ငါ့ရှေ့မှောက်မှ ဖယ်ရှားပြီး လူမျိုးတကာတို့အလယ်တွင် ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ ဖြစ်စေမည်။
အကယ်စင်စစ် ဘုရားသခင်သည် သင့်ကိုထာဝရဖြိုဖျက်တော်မူလိမ့်မည်။ ကိုယ်တော်သည် သင့်ကိုဖမ်းဆုပ်၍ တဲထဲမှဆွဲထုတ်တော်မူလိမ့်မည်။ အသက်ရှင်သောသူတို့နေထိုင်ရာမြေပေါ်မှလည်း သင့်ကိုနုတ်ပယ်တော်မူလိမ့်မည်။(စေလာ)
ဆိုးယုတ်သောသူတို့မူကား ပြည်တော်မှ ဖယ်ရှားခြင်းခံရ၍ သစ္စာမဲ့သောသူတို့သည် ထိုပြည်မှနုတ်ပယ်ခြင်းခံရလိမ့်မည်။
သူတို့နှင့် သူတို့၏ဘိုးဘေးတို့အား ငါပေးသောပြည်တွင် သူတို့တစ်ယောက်မျှမကြွင်းကျန်တော့သည့်တိုင်အောင် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ကို သူတို့ထံ စေလွှတ်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင်နှင့်ကျွန်ုပ်မရှိမီ ယခင်ကရှိနှင့်သော ပရောဖက်တို့သည် တိုင်းနိုင်ငံကြီးများနှင့်တကွ အပြည်ပြည်တို့တွင် စစ်ဘေး၊ ဆင်းရဲဒုက္ခဘေးနှင့် ကပ်ရောဂါဘေးတို့ဖြစ်မည့်အကြောင်း ပရောဖက်ပြုဟောပြောခဲ့ကြ၏။
သို့သော် သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်များကို စွန့်ပယ်၍ ငါ၏ပြဋ္ဌာန်းချက်များကို ရွံရှာခဲ့သောကြောင့် သူတို့ကြောင့် စွန့်ပစ်ထားခြင်းခံရ၍ လူသူကင်းမဲ့သူတို့၏ပြည်သည် ဥပုသ်နေ့၌ မွေ့လျော်လိမ့်မည်။ သူတို့မူကား ကိုယ့်အပြစ်အတွက် ပြန်ပေးဆပ်ရလိမ့်မည်။
သို့သော် သစ်ကတိုးပင်မြင့်သကဲ့သို့မြင့်၍ ဝက်သစ်ချပင်ကဲ့သို့သန်မာသော အာမောရိလူမျိုးတို့ကို အပင်ပေါ်ရှိအသီးများသာမက မြေအောက်ရှိအမြစ်များပါမကျန် ဖျက်ဆီးသကဲ့သို့ သူတို့ရှေ့တွင်ပင် ငါကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်းပစ်ခဲ့၏။
ထို့ကြောင့် ငါသည် သင်တို့ကို ဒမတ်စကပ်မြို့နှင့်ဝေးရာသို့ သုံ့ပန်းအဖြစ်ပါသွားစေမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ဟူ၍ နာမတော်ရှိတော်မူသောထာဝရဘုရား မိန့်တော်မူ၏။
စင်စစ် ဂါဇမြို့သည် စွန့်ပစ်ခံရလိမ့်မည်။ အာရှကေလုန်မြို့လည်း လူသူကင်းမဲ့လိမ့်မည်။ မွန်းတည့်ချိန်တွင် အာဇုတ်မြို့သားတို့ နှင်ထုတ်ခံရလိမ့်မည်။ ဧကြုန်မြို့လည်း မြေလှန်ဖျက်ဆီး ခံရလိမ့်မည်။
ထိုသူတို့ပြန်သွားကြသောအခါ ယေရှုသည် လူထုပရိသတ်တို့အား ယောဟန်နှင့်ပတ်သက်၍ မြွက်ဆိုတော်မူသည်မှာ“သင်တို့သည် မည်သည့်အရာကိုကြည့်ရှုရန် တောကန္တာရသို့ ထွက်သွားကြသနည်း။ လေတိုက်၍လှုပ်နေသောကျူပင်ကိုလော။
ကိုယ်တော်ကလည်း“ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်မစိုက်သောအပင်ရှိသမျှသည် အမြစ်ပါမကျန် ဆွဲနုတ်ခြင်းခံရလိမ့်မည်။
ယောဟန်၏စေတမန်များပြန်သွားကြသောအခါ ကိုယ်တော်သည် လူထုပရိသတ်တို့အား ယောဟန်နှင့်ပတ်သက်၍ မြွက်ဆိုတော်မူသည်မှာ“သင်တို့သည် မည်သည့်အရာကိုကြည့်ရှုရန် တောကန္တာရသို့ ထွက်သွားကြသနည်း။ လေတိုက်၍လှုပ်နေသော ကျူပင်ကိုလော။
သင်တို့သည် မောလုတ်၏တဲနှင့် သင်တို့ဘုရားရင်ဖန်၏ကြယ်တို့ကို သယ်ဆောင်ခဲ့ကြ၏။ ၎င်းတို့သည် သင်တို့ကိုးကွယ်ရန်ပြုလုပ်ထားသော ရုပ်တုများဖြစ်ကြ၏။ ထို့ကြောင့် ငါသည် သင်တို့ကို ဘေဘီလုံမြို့တစ်ဖက်လွန်အောင် ပြောင်းရွှေ့စေမည်’ဟု ရေးထားသည့်အတိုင်းဖြစ်၏။
ထာဝရဘုရားသည် သင့်ကိုလည်းကောင်း၊ သင်တင်မြှောက်ထားသော သင့်ကိုအုပ်စိုးသည့်ရှင်ဘုရင်ကိုလည်းကောင်း သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော လူမျိုးထံသို့ ဆောင်သွားတော်မူသဖြင့် သင်သည် ထိုအရပ်၌ အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
သင်တို့သည် ဆိုးညစ်သောအမှုကိုပြုမြဲပြုနေမည်ဆိုလျှင် သင်တို့သာမက သင်တို့၏ရှင်ဘုရင်လည်း ဖျက်ဆီးသုတ်သင်ခြင်းခံရမည်”ဟု သူတို့အား ဆို၏။