ထို့နောက် သူက “ထာဝရဘုရားမိန့်တော်မူသည့် နိမိတ်လက္ခဏာဟူမူကား ‘ကြည့်ရှုလော့။ ယဇ်ပလ္လင်အက်ကွဲပြီး ယဇ်ပလ္လင်ပေါ်ရှိပြာများ ဖိတ်ကျလာလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု ဆိုလျက် ထိုနေ့တွင် နိမိတ်လက္ခဏာတစ်ခုကို ပြလေ၏။
ထို့နောက်ပရောဖက်ကဆက်လက်၍``ဤယဇ်ပလ္လင် သည်ပြိုကွဲ၍ ပလ္လင်ပေါ်ရှိပြာတို့သည်လည်းပျံ့ လွင့်လိမ့်မည်။ ထိုအခါငါ့အားဖြင့်ဤစကား ကိုထာဝရဘုရားမိန့်တော်မူကြောင်းသင် သိလိမ့်မည်'' ဟုဟောလေ၏။
ထာ ဝ ရ ဘု ရား ပြ တော် မူ အံ့ သော သက် သေ နိ မိတ် ကား ပူ ဇော် ရာ ပ လ္လင် သည် အက် ကွဲ လျက် လောင် စာ များ လည်း ယို ကျ လိမ့် မည် ဟူ ၍ လည်း ကောင်း၊ ဖြစ် လ တ္တံ့ သော သက် သေ နိ မိတ် နှင့် တ ကွ၊ ထို နေ့ ချင်း တွင် ဟော ပြော လေ ၏။
ထိုနေ့ချင်းတွင် ပုပ္ပနိမိတ်ကိုလည်းပေး၍ ထာဝရဘုရားမိန့်တော်မူသော ပုပ္ပနိမိတ်ဟူမူကား၊ ယဇ်ပလ္လင်သည်ကွဲ၍ ပလ္လင်ပေါ်မှာရှိသောပြာလည်း ယိုကျလိမ့်မည်ဟု ဟောလေ၏။
ဘုရားသခင်၏လူသည် ဗေသလမြို့ရှိယဇ်ပလ္လင်အား ဆန့်ကျင်ကြွေးကြော်ခဲ့သောစကားများကို ယေရောဗောင်မင်းကြီးကြားလျှင် သူသည် ယဇ်ပလ္လင်ပေါ်တွင်ရပ်လျက် လက်ကိုဆန့်ပြီး “သူ့ကို ဖမ်းကြလော့”ဟု အမိန့်ပေး၏။ ထိုသို့ဆန့်လိုက်သောလက်သည် ခြောက်သွားသဖြင့် ပြန်ရုပ်၍မရတော့ချေ။
ထိုအခါ ဟေဇကိမင်းကြီးက ဟေရှာယအား “ထာဝရဘုရားက ငါ့ကိုပြန်ကျန်းမာစေပြီး သုံးရက်မြောက်လျှင် ထာဝရဘုရား၏အိမ်တော်သို့ ငါတက်သွားနိုင်မည့်နိမိတ်လက္ခဏာမှာ အဘယ်နည်း”ဟု မေးလေ၏။
မောရှေကလည်း “သူတို့သည် အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်၏စကားကိုလည်းနားမထောင်ဘဲ ‘ထာဝရဘုရားသည် သင့်အား ကိုယ်ထင်ရှားပြတော်မမူ’ဟူ၍ ပြောဆိုကြပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
မောရှေနှင့်အာရုန်သည်လည်း ဖာရောမင်းကြီးထံဝင်၍ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်းပြုကြ၏။ အာရုန်သည် သူ၏တောင်ဝှေးကို ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့ရှေ့၌ ပစ်ချသော် တောင်ဝှေးသည် မြွေနဂါးဖြစ်သွား၏။
ဟေဇကိမင်းကြီးကလည်း “ထာဝရဘုရား၏အိမ်တော်သို့ အကျွန်ုပ်တက်သွားရမည့် နိမိတ်လက္ခဏာကား အဘယ်နည်း”ဟု မေးလေ၏။
ထာဝရဘုရားက ‘ဤသည်ကား သင်တို့အဖို့ နိမိတ်လက္ခဏာဖြစ်၏။ သင်တို့ကို ဤပြည်တွင် ငါဒဏ်ခတ်မည်။ ဘေးအန္တရာယ်ကျရောက်စေမည်ဟူသော ငါ့စကားအမှန်တည်ကြောင်း သင်တို့သိရလိမ့်မည်’ဟု မိန့်တော်မူ၏။
ထိုအခါ ဂျူးလူမျိုးတို့က ကိုယ်တော်အား “သင်သည် ဤသို့ပြုခြင်းအတွက် မည်သည့်နိမိတ်လက္ခဏာကို ငါတို့အားပြမည်နည်း”ဟု ဆိုကြ၏။
ဂျူးလူမျိုးတို့သည် နိမိတ်လက္ခဏာများကိုတောင်းတတ်ကြ၏။ ဂရိလူမျိုးတို့သည် ဉာဏ်ပညာကိုရှာဖွေတတ်ကြ၏။
သူကလည်း “အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်နှင့်စကားပြောတော်မူသောသူသည် ကိုယ်တော်ဖြစ်ကြောင်း အမှတ်လက္ခဏာပြတော်မူပါ။
သင့်အဖို့ နိမိတ်လက္ခဏာကား သင့်သားနှစ်ဦးဖြစ်သော ဟောဖနိနှင့် ဖိနဟတ်တို့၌ ဖြစ်ပျက်မည့်အရာဖြစ်၏။ သူတို့နှစ်ဦးစလုံးသည် တစ်နေ့ချင်းတွင် သေရလိမ့်မည်။