၃ ရာ 13:3 - Common Language Bible3 ထို့နောက်ပရောဖက်ကဆက်လက်၍``ဤယဇ်ပလ္လင် သည်ပြိုကွဲ၍ ပလ္လင်ပေါ်ရှိပြာတို့သည်လည်းပျံ့ လွင့်လိမ့်မည်။ ထိုအခါငါ့အားဖြင့်ဤစကား ကိုထာဝရဘုရားမိန့်တော်မူကြောင်းသင် သိလိမ့်မည်'' ဟုဟောလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 ထာ ဝ ရ ဘု ရား ပြ တော် မူ အံ့ သော သက် သေ နိ မိတ် ကား ပူ ဇော် ရာ ပ လ္လင် သည် အက် ကွဲ လျက် လောင် စာ များ လည်း ယို ကျ လိမ့် မည် ဟူ ၍ လည်း ကောင်း၊ ဖြစ် လ တ္တံ့ သော သက် သေ နိ မိတ် နှင့် တ ကွ၊ ထို နေ့ ချင်း တွင် ဟော ပြော လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ထိုနေ့ချင်းတွင် ပုပ္ပနိမိတ်ကိုလည်းပေး၍ ထာဝရဘုရားမိန့်တော်မူသော ပုပ္ပနိမိတ်ဟူမူကား၊ ယဇ်ပလ္လင်သည်ကွဲ၍ ပလ္လင်ပေါ်မှာရှိသောပြာလည်း ယိုကျလိမ့်မည်ဟု ဟောလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထို့နောက် သူက “ထာဝရဘုရားမိန့်တော်မူသည့် နိမိတ်လက္ခဏာဟူမူကား ‘ကြည့်ရှုလော့။ ယဇ်ပလ္လင်အက်ကွဲပြီး ယဇ်ပလ္လင်ပေါ်ရှိပြာများ ဖိတ်ကျလာလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု ဆိုလျက် ထိုနေ့တွင် နိမိတ်လက္ခဏာတစ်ခုကို ပြလေ၏။ အခန်းကိုကြည့်ပါ။ |