ဗေသလမြို့တွင် အသက်ကြီးသောပရောဖက်တစ်ပါးရှိရာ သူ့သားတို့သည် သူ့ထံလာ၍ ထိုနေ့၌ ဗေသလမြို့တွင် ဘုရားသခင်၏လူ ပြုခဲ့သောအမှုအလုံးစုံကို ပြောပြကြ၏။ ရှင်ဘုရင်အားပြောခဲ့သောစကားတို့ကိုလည်း သူတို့ဖခင်ကြီးအား ပြောပြလျှင်
၃ ရာ 13:25 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေရာသို့ ဖြတ်သန်းသွားလာသူတို့သည် လမ်းပေါ်တွင်လဲနေသောအလောင်းနှင့် အလောင်းဘေးတွင်ရပ်နေသောခြင်္သေ့ကိုမြင်လျှင် အသက်ကြီးသောပရောဖက်နေထိုင်ရာမြို့သို့သွား၍ ပြောပြကြ၏။ Common Language Bible သူ၏အလောင်းသည်လမ်းပေါ်တွင်လဲလျက် မြည်းနှင့်ခြင်္သေ့သည်လည်း ထိုအလောင်းအနီး ၌ပင်ရပ်လျက်နေကြ၏။ ယင်းသို့လမ်းပေါ် တွင်လဲနေသောအလောင်းကိုလည်းကောင်း၊ အနီးတွင်ရပ်လျက်နေသောမြည်းနှင့်ခြင်္သေ့ ကိုလည်းကောင်းခရီးသွားသူအချို့တို့ မြင်ကြ၏။ သူတို့သည်ဗေသလမြို့သို့ သွားပြီးလျှင်မိမိတို့တွေ့မြင်ခဲ့ရသည့် အဖြစ်အပျက်ကိုပြောကြားကြ၏။ Garrad Bible ထို သို့ လဲ ရှိ သော အ လောင်း နှင့် ရပ် နေ သည့် ခြင်္သေ့ ကို မြင် သူ ခ ရီး သည် တို့ က၊ အို မင်း သော ပ ရော ဖက် နေ ထိုင် ရာ မြို့ တွင် သ တင်း ပေး ကြ သည့် ကာ လ ခေါ် သူ ပ ရော ဖက် ကြား လျှင် Judson Bible အသေကောင်သည် လမ်း၌လဲ၍ မြည်းနှင့်ခြင်္သေ့သည် အနားမှာရပ်နေသည်ကို ခရီးသွားသောသူတို့သည် မြင်လျှင်၊ အသက်ကြီးသော ပရောဖက်နေသောမြို့သို့လာ၍ သတင်းပြောကြ၏။ |
ဗေသလမြို့တွင် အသက်ကြီးသောပရောဖက်တစ်ပါးရှိရာ သူ့သားတို့သည် သူ့ထံလာ၍ ထိုနေ့၌ ဗေသလမြို့တွင် ဘုရားသခင်၏လူ ပြုခဲ့သောအမှုအလုံးစုံကို ပြောပြကြ၏။ ရှင်ဘုရင်အားပြောခဲ့သောစကားတို့ကိုလည်း သူတို့ဖခင်ကြီးအား ပြောပြလျှင်
လမ်းခုလတ်မှ သူ့အားပြန်ခေါ်လာခဲ့သောပရောဖက်သည် ထိုသတင်းကိုကြားသောအခါ “ဤသူသည် ထာဝရဘုရား၏စကားတော်ကို ဖီဆန်သော ဘုရားသခင်၏လူဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ခြင်္သေ့ကိုအခွင့်ပေးသဖြင့် သူ့ကို ခြင်္သေ့ကိုက်ဖြတ်သတ်ပစ်လေပြီ။ သူ့ကို ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖြစ်လေပြီတကား”ဟု ဆို၍