ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
၃ ရာ 13:17 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏စကားတော်သည် ငါ့ထံသို့ရောက်လာ၍ ‘ထိုအရပ်၌ အစာကို မစားရ၊ ရေကိုလည်း မသောက်ရ။ လာသောလမ်းအတိုင်းလည်း မပြန်ရ’ဟု ငါ့အား မိန့်မှာထားပြီ”ဟု ပြန်ပြော၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားက ငါ့အား`အဘယ်အစာရေစာကိုမျှမစား မသောက်နှင့်။ လာလမ်းအတိုင်းလည်းမပြန် နှင့်' ဟုပညတ်တော်မူသောကြောင့်ဖြစ်ပါ သည်'' ဟုပြန်ပြောလေ၏။ Garrad Bible ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် အ တိုင်း ထို အ ရပ် တွင် အာ ဟာ ရ နှင့် ရေ ကို မ စား မ သောက် ရ။ လာ လမ်း ဖြင့် မ ပြန် ရ ဟူ ၍ ကျွန်ုပ် အား ဆင့် ဆို လိုက် ပြီ ဟု ပြန် ပြော သည့် ကာ လ၊ Judson Bible ထာဝရဘုရားက၊ ထိုအရပ်၌ မုန့်ကိုမစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အားမိန့်တော်မူကြောင်းကို ပြောဆို၏။ |
ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
သို့သော် ဘုရားသခင်၏လူက ရှင်ဘုရင်အား “အကျွန်ုပ်အား နန်းတော်တစ်ဝက်ပေးလျှင်ပင် အကျွန်ုပ်မလိုက်နိုင်ပါ။ ဤအရပ်၌ အစာကိုလည်း မစား၊ ရေကိုလည်း မသောက်ပါ။
ထာဝရဘုရားမိန့်တော်မူသဖြင့် ပရောဖက်အဖွဲ့သားတစ်ဦးက မိမိအဖော်အား “ငါ့ကို ရိုက်ပါ”ဟု ဆိုလျှင် သူ့အဖော်က သူ့ကိုမရိုက်ဘဲနေ၏။
သခင်ဘုရား၏စကားတော်အားဖြင့် သင်တို့အား ငါတို့ဆိုသည်မှာ သခင်ဘုရားကြွလာတော်မူသည့်တိုင်အောင် အသက်ရှင်လျက်ကျန်ရစ်သောငါတို့သည် အိပ်ပျော်သောသူတို့ထက် လုံးဝရှေ့ကျလိမ့်မည်မဟုတ်။