ထို့ကြောင့် သူသည် ဗေသလမြို့သို့လာခဲ့သောလမ်းအတိုင်း မပြန်ဘဲ အခြားလမ်းမှ ပြန်သွားလေ၏။
၃ ရာ 13:11 - မြန်မာ့စံမီသမ္မာကျမ်း ဗေသလမြို့တွင် အသက်ကြီးသောပရောဖက်တစ်ပါးရှိရာ သူ့သားတို့သည် သူ့ထံလာ၍ ထိုနေ့၌ ဗေသလမြို့တွင် ဘုရားသခင်၏လူ ပြုခဲ့သောအမှုအလုံးစုံကို ပြောပြကြ၏။ ရှင်ဘုရင်အားပြောခဲ့သောစကားတို့ကိုလည်း သူတို့ဖခင်ကြီးအား ပြောပြလျှင် Common Language Bible ထိုအချိန်အခါ၌ဗေသလမြို့တွင်နေထိုင် သူပရောဖက်အိုကြီးတစ်ပါးရှိ၏။ သူ၏သား များသည်ထိုနေ့၌ဗေသလမြို့တွင်ယုဒ ပရောဖက်ပြုမူသွားပုံနှင့် မင်းကြီးအား ပြောကြားသောစကားများကိုဖခင်အား ပြန်ပြောကြ၏။- Garrad Bible ထို ကာ လ ဗေ သ လ မြို့ နေ၊ အို မင်း သော ပ ရော ဖက် တစ် ပါး ထံ သား တစ် ယောက် လာ ၍ ဗေ သ လ မြို့ ၌ ထို နေ့ တွင် ပင် ဘု ရား သ ခင့် လူ ယုံ တော် ပြု မူ သ မျှ နှင့် ဘု ရင် မင်း အား တင် လျှောက် သော စ ကား များ ကို ပြန် ကြား လျှင် Judson Bible ထိုကာလ၌ ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက်တစ်ယောက်ရှိ၏။ သူ၏သားတို့သည်လာ၍ ဘုရားသခင်၏လူသည် ထိုနေ့၌ ဗေသလမြို့မှာ ပြုသောအမှုရှိသမျှနှင့် ရှင်ဘုရင်အားပြောသောစကားများကို အဘအားပြန်ကြားလျှင်၊ |
ထို့ကြောင့် သူသည် ဗေသလမြို့သို့လာခဲ့သောလမ်းအတိုင်း မပြန်ဘဲ အခြားလမ်းမှ ပြန်သွားလေ၏။
ဖခင်ဖြစ်သူက သူ့သားတို့အား “ထိုသူ မည်သည့်လမ်းမှပြန်သွားသနည်း”ဟု မေးရာ သူ့သားတို့က ယုဒပြည်မှလာသော ဘုရားသခင်၏လူ ပြန်သွားသည့်လမ်းကို ပြောပြကြ၏။
ထိုနေရာသို့ ဖြတ်သန်းသွားလာသူတို့သည် လမ်းပေါ်တွင်လဲနေသောအလောင်းနှင့် အလောင်းဘေးတွင်ရပ်နေသောခြင်္သေ့ကိုမြင်လျှင် အသက်ကြီးသောပရောဖက်နေထိုင်ရာမြို့သို့သွား၍ ပြောပြကြ၏။
ရှင်ဘုရင်က “ထိုသူ ဤအတိုင်း ရှိပါစေ။ မည်သူမျှ သူ့အရိုးတို့ကို မရွှေ့ရ”ဟု အမိန့်ပေးသဖြင့် ထိုသူ၏အရိုးတို့နှင့် ရှမာရိမြို့မှလာသော ပရောဖက်၏အရိုးတို့ကို ဤအတိုင်း ရှိစေကြ၏။
ငြိမ်းချမ်းမှုမရှိသော်လည်း ငြိမ်းချမ်းသည်ဟု ဗျာဒိတ်နိမိတ်မြင်၍ ဂျေရုဆလင်မြို့သားတို့အားဟောပြောသော အစ္စရေးပရောဖက်များလည်း မရှိတော့ပြီဟူ၍ သင်တို့အား ငါဆိုမည်’ဟု မိန့်တော်မူ၏။
“အချင်းလူသား၊ ပရောဖက်ပြုနေသော အစ္စရေးပရောဖက်တို့ကို ဆန့်ကျင်၍ ပရောဖက်ပြုလော့။ ကိုယ့်စိတ်ထင်နှင့် ပရောဖက်ပြုနေသောပရောဖက်တို့အား ‘ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့’ဟု ပြောကြားလော့။
မျှော်ကြည့်ရာ မျိုးနွယ်အလိုက် စခန်းချနေသောအစ္စရေးလူမျိုးတို့ကိုမြင်လျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့သက်ရောက်တော်မူ၍
ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်။
မိမိအိမ်ထောင်ကို မည်ကဲ့သို့စီမံအုပ်ချုပ်ရမည်ကိုမသိသောသူသည် ဘုရားသခင်၏အသင်းတော်ကို မည်ကဲ့သို့ပြုစုစောင့်ရှောက်နိုင်မည်နည်း။
သို့သော် ဗာလမ်သည် မိမိ၏မှားယွင်းခြင်းအတွက် ဆိုဆုံးမခြင်းကိုခံရ၏။ စကားမပြောတတ်သောမြည်းသည် လူ၏အသံဖြင့် စကားပြောလျက် ထိုပရောဖက်၏မိုက်မဲမှုကို တားမြစ်လေ၏။
ပရောဖက်တို့နှင့်အတူ ရှောလုပရောဖက်ပြုသည်ကို သူနှင့်သိကျွမ်းခဲ့သောသူတို့တွေ့သောအခါ ထိုသူတို့က “ကိရှ၏သားကား မည်သို့ဖြစ်သွားပါသနည်း။ ရှောလုသည်လည်း ပရောဖက်တို့အပါအဝင် ဖြစ်သလော”ဟု အချင်းချင်းမေးမြန်းကြ၏။