သို့သော် ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် ငါရွေးချယ်သောဂျေရုဆလင်မြို့ကိုထောက်ထား၍ နိုင်ငံတစ်ခုလုံးကိုမရုပ်သိမ်းဘဲ မျိုးနွယ်တစ်နွယ်ကို သင့်သားအား ငါပေးထားမည်”ဟု မိန့်တော်မူ၏။
၃ ရာ 12:19 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် အစ္စရေးလူမျိုးတို့သည် ဒါဝိဒ်မင်းမျိုးမင်းနွယ်ကို ယနေ့တိုင်အောင် ပုန်ကန်ကြလေ၏။ Common Language Bible ထိုကာလမှစ၍ဣသရေလပြည်မြောက်ပိုင်း ပြည်သူတို့သည် ဒါဝိဒ်မင်းမျိုးကိုပုန်ကန် ကြလေသတည်း။ Garrad Bible ဒါ ဝိဒ် မင်း ရိုး ကို ယ နေ့ တိုင် အောင် ပုန် ကန် ကြ သ တည်း။ Judson Bible ရောဗောင်မင်းကြီးသည် ရထားတော်ကိုအလျင်အမြန်တက်၍ ယေရုရှလင်မြို့သို့ ပြေးလေ၏။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ်မင်းမျိုးကို ပုန်ကန်ကြ၏။ |
သို့သော် ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် ငါရွေးချယ်သောဂျေရုဆလင်မြို့ကိုထောက်ထား၍ နိုင်ငံတစ်ခုလုံးကိုမရုပ်သိမ်းဘဲ မျိုးနွယ်တစ်နွယ်ကို သင့်သားအား ငါပေးထားမည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ဒါဝိဒ်မင်းမျိုးမင်းနွယ်ထဲမှ အစ္စရေးလူမျိုးကို ခွဲထုတ်လိုက်သောအခါ အစ္စရေးလူမျိုးတို့သည် နေဗတ်၏သားယေရောဗောင်ကို မင်းမြှောက်လိုက်ကြ၏။ ယေရောဗောင်သည် အစ္စရေးလူမျိုးတို့ကို ထာဝရဘုရားထံမှ လမ်းလွဲစေပြီး ကြီးလေးသောအပြစ်ကို ကျူးလွန်စေခဲ့၏။
ဤသို့ဖြင့် အစ္စရေးလူမျိုးတို့သည် ဒါဝိဒ်မင်းမျိုးမင်းနွယ်ကို ယနေ့တိုင်အောင် ပုန်ကန်ကြလေ၏။
အဘိယမင်းကြီးနှင့် သူ၏လူတို့သည် အစ္စရေးစစ်သူရဲတို့ကို အပြင်းအထန်တိုက်ခိုက်သဖြင့် လက်ရွေးစင်စစ်သူရဲပေါင်း ငါးသိန်းမျှ ကျဆုံး၏။
ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို သင့်ထံသို့လည်းကောင်း၊ သင့်လူမျိုးထံသို့လည်းကောင်း၊ သင့်ဖခင်၏အမျိုးအနွယ်ထံသို့လည်းကောင်း ခေါ်ဆောင်လာတော်မူမည်ဖြစ်၍ ယုဒအမျိုးထံမှ ဧဖရိမ်အမျိုးထွက်သွားသောနေ့မှစ၍ မကြုံဖူးသောနေ့ရက်များကို သင်တို့ကြုံရလိမ့်မည်။
“အချင်းလူသား၊ တုတ်တစ်ချောင်းကိုယူ၍ ထိုတုတ်ပေါ်တွင် ‘ယုဒအမျိုးနှင့် ယုဒအမျိုး၏အပေါင်းအဖော် အစ္စရေးအမျိုးသားတို့အတွက်’ဟု ရေးထားလော့။ နောက်တုတ်တစ်ချောင်းကိုယူ၍ ‘ယောသပ်အမျိုးအတွက် ဧဖရိမ်တုတ်နှင့် ယောသပ်အမျိုး၏အပေါင်းအဖော် အစ္စရေးအမျိုးသားအပေါင်းတို့အတွက်’ဟု ရေးထားလော့။
ရွေ့လျောဖောက်ပြန်သောသူတို့သည် ဘုရားသခင်၏သားတော်ကို သူတို့ကိုယ်တိုင် လက်ဝါးကပ်တိုင်ပေါ်၌ပြန်တင်၍ အရှက်ကွဲစေသောသူများဖြစ်ကြသောကြောင့် သူတို့ကို အသစ်တစ်ဖန်နောင်တရခြင်းသို့မရောက်စေနိုင်ရာ။
ယောရှုသည် ပဋိညာဉ်သေတ္တာကို ထမ်းရသောယဇ်ပုရောဟိတ်တို့ခြေချသောနေရာဖြစ်သော ဂျော်ဒန်မြစ်အလယ်၌ ကျောက်တုံးတစ်ဆယ့်နှစ်တုံးကို ချထားလေ၏။ ထိုကျောက်တုံးတို့သည် ယနေ့တိုင်အောင် ထိုနေရာ၌ရှိ၏။
သို့သော် သင်တို့အား ရှိသမျှဘေးအန္တရာယ်များနှင့် ဆင်းရဲဒုက္ခများထဲမှ ကယ်တင်ခဲ့သောဘုရားသခင်ကို ယနေ့ သင်တို့စွန့်ပယ်၍ ‘အကျွန်ုပ်တို့အဖို့ ရှင်ဘုရင်ကို ခန့်အပ်ပေးပါလော့’ဟု သင်တို့ဆိုသောကြောင့် ယခု သင်တို့အမျိုးအနွယ်အလိုက်၊ မျိုးနွယ်စုအလိုက် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြလော့”ဟု ဆို၏။