အီဂျစ်ပြည်မှ ရထားတစ်စီးလျှင် ငွေခြောက်ရာရှယ်ကယ်၊ မြင်းတစ်ကောင်လျှင် ငွေတစ်ရာ့ငါးဆယ်ရှယ်ကယ်ဖြင့် ဝယ်ယူတင်သွင်းပြီး ဟိတ္တိဘုရင်၊ ဆီးရီးယားဘုရင်အပေါင်းတို့ထံသို့ တစ်ဆင့်ပြန်လည်ရောင်းချကြ၏။
၃ ရာ 10:29 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်မှ ရထားတစ်စီးလျှင် ငွေခြောက်ရာရှယ်ကယ်၊ မြင်းတစ်ကောင်လျှင် ငွေတစ်ရာ့ငါးဆယ်ရှယ်ကယ်ဖြင့် ဝယ်ယူတင်သွင်းပြီး ဟိတ္တိဘုရင်၊ ဆီးရီးယားဘုရင်အပေါင်းတို့ထံသို့ တစ်ဆင့်ပြန်လည်ရောင်းချကြ၏။ Common Language Bible အီဂျစ်ပြည်မှရထားများတင်သွင်းမှုကိုမင်း ကြီး၏အဝယ်တော်များကချုပ်ကိုင်ထားကြ၏။ သူတို့သည်ဟိတ္တိနှင့်ရှုရိဘုရင်တို့အားမြင်း တစ်ကောင်လျှင် ငွေသားခြောက်ရာနှုန်းဖြင့်လည်း ကောင်း၊ ရထားတစ်စီးလျှင်ငွေသားတစ်ရာ့ငါး ဆယ်နှုန်းဖြင့်လည်းကောင်းရောင်းချကြလေ သည်။ Garrad Bible ရ ထား တစ် စီး လျှင် ငွေ ခြောက် ရာ၊ မြင်း တစ် စီး လျှင် ငွေ တစ် ရာ့ ငါး ဆယ်၊ ရောင်း ဝယ် လေ့ ရှိ ၏။ ဟိ တ္တိ မင်း၊ ရှု ရိ မင်း တို့ လည်း အ ဝယ် တော် တို့ လက် မှ ဝယ် ရ ကြ ၏။ Judson Bible အဲဂုတ္တုပြည်မှ ရထားတစ်ခုကို ငွေခြောက်ပိဿာနှင့်လည်းကောင်း၊ မြင်းတစ်စီးကို တစ်ပိဿာငါးဆယ်နှင့်လည်းကောင်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိမင်းကြီးနှင့် ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။ |
အီဂျစ်ပြည်မှ ရထားတစ်စီးလျှင် ငွေခြောက်ရာရှယ်ကယ်၊ မြင်းတစ်ကောင်လျှင် ငွေတစ်ရာ့ငါးဆယ်ရှယ်ကယ်ဖြင့် ဝယ်ယူတင်သွင်းပြီး ဟိတ္တိဘုရင်၊ ဆီးရီးယားဘုရင်အပေါင်းတို့ထံသို့ တစ်ဆင့်ပြန်လည်ရောင်းချကြ၏။
ပရောဖက်တို့ကို ငါမိန့်မှာခဲ့ပြီ။ ဗျာဒိတ်နိမိတ်ကို အမျိုးမျိုးဖွင့်ပြပေးခဲ့ပြီ။ ပရောဖက်များအားဖြင့် ပုံပမာကို ပြခဲ့ပြီ။”
သင်တို့နယ်မြေသည် တောကန္တာရမှ လက်ဘနွန်တောင်တိုင်အောင်၊ ယူဖရေးတီးမြစ်ကြီးတစ်လျှောက် ဟိတ္တိပြည်တစ်ပြည်လုံးမှ အနောက်ဘက်ပင်လယ်ကြီးတိုင်အောင် ဖြစ်လိမ့်မည်။
ဒါဝိဒ်သည် ဟိတ္တိလူမျိုး အဟိမလက်နှင့် ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား “ရှောလုတပ်စခန်းသို့ဆင်းသွားလျှင် ငါနှင့် မည်သူလိုက်မည်နည်း”ဟု မေးရာ အဘိရှဲက “အကျွန်ုပ် လိုက်ပါမည်”ဟု ဆို၏။