ဒိုင်းလွှားငယ်အခုသုံးရာကိုလည်း ရွှေဖြင့်ထုလုပ်၏။ ဒိုင်းလွှားငယ်တစ်ခုစီတွင် ရွှေအချိန်သုံးမိနာ့ပါဝင်၏။ ရှင်ဘုရင်သည် ထိုဒိုင်းလွှားတို့ကို လက်ဘနွန်တောစံနန်းဆောင်တွင် ထားရှိ၏။
၃ ရာ 10:21 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီး၏ဖလားအသုံးအဆောင်အားလုံးမှာ ရွှေဖြင့်ပြုလုပ်ထား၏။ လက်ဘနွန်တောစံနန်းဆောင်၏အသုံးအဆောင်အားလုံးမှာလည်း ရွှေစင်ဖြင့်ပြုလုပ်ထား၏။ ငွေထည်ပစ္စည်းတစ်ခုမျှမရှိ။ ရှောလမုန်မင်းကြီးလက်ထက်တွင် ငွေသည် တန်ဖိုးမရှိဟု မှတ်ယူကြ၏။ Common Language Bible ရှောလမုန်၏သောက်တော်ရေဖလားမှန်သမျှ သည်ရွှေဖြင့်ပြီး၍ လေဗနုန်တောခေါ်ခန်းမ ဆောင်တွင်ရှိသမျှသောအသုံးအဆောင်များ သည်လည်းရွှေစင်ဖြင့်ပြီးသတည်း။ ရှောလမုန် ၏လက်ထက်ကငွေကိုတန်ဖိုးမထားသဖြင့် ငွေအသုံးအဆောင်မထားချေ။- Garrad Bible ရှော လ မုန် မင်း သောက် တော် ဖ လား များ သည် ရွှေ ဖြင့် ပြီး ၏။ လေ ဗ နုန် တော ခေါ် နန်း တော် ရှိ အ သုံး အ ဆောင် ဟူ သ မျှ လည်း ရွှေ စင် ဖြင့် ပြီး ၏။ ရှော လ မုန် မင်း လက် ထက် ငွေ ကို အ ရေး မ ယူ သည့် အ တိုင်း၊ ငွေ အ သုံး အ ဆောင် တစ် ခု မျှ မ ထား။ Judson Bible ရှောလမုန်မင်းကြီးသောက်သော ဖလားတော်ရှိသမျှနှင့် လေဗနုန်နန်းတော်၌ သုံးသော ဖလားတော်ရှိသမျှတို့သည် ငွေဖလားမဟုတ် ရွှေဖလားသက်သက်ဖြစ်၏။ ရှောလမုန်လက်ထက်၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ။ |
ဒိုင်းလွှားငယ်အခုသုံးရာကိုလည်း ရွှေဖြင့်ထုလုပ်၏။ ဒိုင်းလွှားငယ်တစ်ခုစီတွင် ရွှေအချိန်သုံးမိနာ့ပါဝင်၏။ ရှင်ဘုရင်သည် ထိုဒိုင်းလွှားတို့ကို လက်ဘနွန်တောစံနန်းဆောင်တွင် ထားရှိ၏။
လှေကားထစ်ခြောက်ထစ်တွင် တစ်ထစ်စီ၏ထိပ်တစ်ဖက်စီတွင် ရပ်နေသောခြင်္သေ့ရုပ်တစ်ရုပ်စီ စုစုပေါင်းခြင်္သေ့ရုပ်တစ်ဆယ့်နှစ်ရုပ်ပါရှိ၏။ ထိုကဲ့သို့သောပလ္လင်မျိုးသည် မည်သည့်တိုင်းပြည်တွင်မျှမရှိ။
ရှင်ဘုရင်ပိုင် တာရှုသင်္ဘောသည် ဟိရံမင်းကြီးပိုင်သင်္ဘောနှင့်အတူ ပင်လယ်တွင် ကူးသန်းသွားလာ၏။ ထိုတာရှုသင်္ဘောသည် သုံးနှစ်တစ်ခါ ပြန်လာပြီး ရွှေငွေများ၊ ဆင်စွယ်များ၊ မျောက်ဝံများ၊ ဒေါင်းများကို ယူဆောင်လာလေ့ရှိ၏။
အလျားအတောင်တစ်ရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိသော လက်ဘနွန်တောစံနန်းဆောင်ကို တည်ဆောက်၏။ သစ်ကတိုးသားတိုင်လေးတန်းတန်းပြီး ထိုတိုင်များပေါ်တွင် ရက်မများကို တင်ထား၏။
စပျစ်ဝိုင်ကို ရွှေခွက်များဖြင့်တိုက်၏။ ရွှေခွက်များမှာလည်း တစ်ခွက်နှင့်တစ်ခွက်မတူ။ မင်းကြီးသည် တော်ဝင်စပျစ်ဝိုင်ကို ရက်ရက်ရောရော အလျှံပယ်တိုက်၏။
တိုင်ရာမြို့သည် ခံတပ်ကိုတည်၍ ငွေတို့ကိုမြေမှုန့်ကဲ့သို့လည်းကောင်း၊ ရွှေတို့ကိုလမ်းပေါ်မှရွှံ့ကဲ့သို့လည်းကောင်း စုပုံထားကြ၏။
ထိုဘုရင်သည် စိတ်နှလုံးလမ်းမလွဲရအောင် မိဖုရားများစွာမထားရှိရ။ ရွှေ၊ ငွေကိုလည်း အလွန်အမင်းမစုဆောင်းရ။