ထို့ပြင် ဟိရံမင်းကြီး၏သင်္ဘောများသည် ဩဖိရအရပ်မှရွှေများယူဆောင်လာသည့်အပြင် ဩဖိရအရပ်မှ စန္ဒကူးသစ်သားအများအပြားနှင့် အဖိုးတန်ကျောက်များကိုလည်း တင်ဆောင်လာပေး၏။
သြဖိရမြို့မှရွှေများကိုတင်ဆောင်လာသော ဟိရံ၏သင်္ဘောစုသည် စန္ဒကူးသားနှင့်ကျောက် မျက်ရတနာမြောက်မြားစွာကိုလည်းယူ ဆောင်ခဲ့လေသည်။-
သြ ဖိ ရ ပြည် မှ ရွှေ တင် ယူ သော၊ ဟိ ရံ မင်း ၏ သင်္ဘော များ ဖြင့် နံ့ သာ သား၊ ကျောက် မျက် များ စွာ ကို လည်း တင် ဆောင် ခဲ့ သည် နှင့် အညီ ဗိ မာန် တော်၊ နန်း တော်၊
ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံသင်္ဘောတို့သည် အာလဂုံသစ်သားများ၊ ကျောက်မြတ်များကိုလည်း ဆောင်ခဲ့ကြ၏။
ရှင်ဘုရင်သည် စန္ဒကူးသစ်သားများဖြင့် ထာဝရဘုရား၏အိမ်တော်လက်ရန်းနှင့် ဘုရင့်နန်းတော်လက်ရန်း၊ သီချင်းသည်တို့အတွက် စောင်းကောက်စောင်းပြားများကို ပြုလုပ်၏။ ထိုမျှလောက်များပြားလှသောစန္ဒကူးသစ်သားတို့သည် ယနေ့တိုင်အောင် ထပ်၍မရောက်လာ၊ ၎င်းတို့ကို ထပ်၍လည်းမတွေ့ရတော့ပေ။
ဩဖိရ၊ ဟဝိလနှင့် ယောဗပ် တို့ကိုရ၏။ သူတို့သည် ယုတ္တန်၏သားများ ဖြစ်ကြ၏။
ထို့ကြောင့် ရွှေထည်၊ ငွေထည်၊ ကြေးထည်၊ သံထည်တို့ကို သွန်းလုပ်တတ်သူ၊ ခရမ်းရောင်၊ ကြက်သွေးရောင်၊ အပြာရောင်ရှိသောချည်တို့ကို ရက်လုပ်တတ်သူ၊ ကမ္ပည်းစာရေးထိုးရာ၌ ကျွမ်းကျင်သူတစ်ဦးကို အကျွန်ုပ်ထံ စေလွှတ်ပေးပါ။ သူ့ကို ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ အကျွန်ုပ်၏ခမည်းတော်ပြင်ဆင်ပေးထားသော လက်မှုပညာသည်တို့နှင့်အတူ အလုပ်လုပ်စေမည်။
ထို့အတူ လက်ဘနွန်တောင်မှ သစ်ကတိုးသားများ၊ ထင်းရှူးသားများ၊ စန္ဒကူးသားများကိုလည်း ပို့ပေးပါ။ မင်းကြီး၏အမှုထမ်းတို့သည် လက်ဘနွန်သစ်များကို ခုတ်ထွင်ရာ၌ ကျွမ်းကျင်ကြောင်း အကျွန်ုပ်သိပါ၏။ အကျွန်ုပ်၏အမှုထမ်းတို့ကို မင်းကြီး၏အမှုထမ်းတို့နှင့်အတူ အလုပ်လုပ်စေမည်။
ဟုရံမင်းကြီးသည် ပင်လယ်ပြင်အကြောင်းသိနားလည်သော မိမိအမှုထမ်းသင်္ဘောသားများနှင့်တကွ သင်္ဘောများကို ရှောလမုန်မင်းကြီးထံ စေလွှတ်၍ ရှောလမုန်မင်းကြီး၏အမှုထမ်းတို့နှင့်အတူ ဩဖိရမြို့သို့ ရွက်လွှင့်သွားကြပြီး ရွှေတာလန်လေးရာ့ငါးဆယ်ယူဆောင်လာ၍ ရှောလမုန်မင်းကြီးကို ဆက်သကြ၏။
ရွှေကို မြေမှုန့်ထဲ၌၊ ဩဖိရရွှေကို မြစ်ထဲမှကျောက်ကြား၌ ပစ်ထားမည်ဆိုလျှင်
ကိုယ်တော်၏မြင့်မြတ်သောအမျိုးသမီးများထဲတွင် ရှင်ဘုရင်တို့၏သမီးတော်များပါဝင်ကြပါ၏။ မိဖုရားသည် ဩဖိရရွှေ ဆင်မြန်းလျက် ကိုယ်တော်၏လက်ယာဘက်တွင် ရပ်နေပါ၏။