၃ ရာ 1:2 - မြန်မာ့စံမီသမ္မာကျမ်း
ထို့ကြောင့် သူ့အမှုထမ်းတို့က “အကျွန်ုပ်တို့၏သခင်အရှင်မင်းကြီး၊ အရှင်မင်းကြီးအဖို့ မိန်းမပျိုတစ်ယောက် ရှာပေးပါရစေ။ သူ့ကို အရှင်မင်းကြီးထံအခစားဝင်၍ ပြုစုစေတော်မူပါ။ အကျွန်ုပ်တို့၏သခင်အရှင်မင်းကြီး နွေးထွေးဖို့ သူသည် အရှင်မင်းကြီး၏ရင်ခွင်၌ အိပ်ပါစေ”ဟု သူ့အား လျှောက်တင်ကြ၏။
အခန်းကိုကြည့်ပါ။
သို့ဖြစ်၍မှူးမတ်များက``အရှင်မင်းကြီး၊ အရှင့်အားခစားပြုစုရန်အတွက်အမျိုး သမီးပျိုတစ်ဦးကိုအကျွန်ုပ်တို့ရှာပါရ စေ။ ထိုအမျိုးသမီးသည်အရှင်၏အနီး တွင်ကပ်၍အိပ်ပြီးလျှင် အရှင့်အားနွေးအောင် ပြုပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။-
အခန်းကိုကြည့်ပါ။
ခြုံ ထည် ဖြင့် မ လုံ နိုင် သည် ဖြစ်၍ ကျေး ကျွန် သင်း ပင်း တို့ က၊ အ ရှင် မင်း မြတ် အ ဖို့ ပျို ရွယ် သော က ညာ ကို ရှာ ဖွေ ပြီး လျှင်၊ ဘု ရင် မင်း မြတ် အ ပါး တော် တွင် ခ စား ပြု စု လျက် အ ချမ်း လုံ တော် မူ ရန် ရင် ခွင် တော်၌ အိပ် စက် ပါ စေ ဟု တင် လျှောက် ကြ သည့် အ တိုင်း၊
အခန်းကိုကြည့်ပါ။
သို့ဖြစ်၍ ကျွန်တို့က၊ အသက်ပျိုသောကညာကို အရှင်မင်းကြီးအဖို့ ရှာပါရစေ။ သူသည် မင်းကြီးကိုခစား၍ ပြုစုပါစေ။ အရှင်မင်းကြီးကို နွေးစေခြင်းငှာ ရင်ခွင်တော်၌အိပ်ပါစေဟု လျှောက်ကြ၏။
အခန်းကိုကြည့်ပါ။