သူသည် ထိုသူတို့၏စကားကိုဂရုမစိုက်လျှင် အသင်းတော်အား ပြောကြားလော့။ အသင်းတော်၏စကားကိုလည်း ဂရုမစိုက်လျှင် သာသနာပလူမျိုးခြားနှင့်အခွန်ကောက်ခံသူကဲ့သို့ သူ့ကိုမှတ်ယူလော့။
၂ သက် 3:6 - မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ ငါတို့ထံမှခံယူရရှိသည့်ဓလေ့ထုံးတမ်းနှင့်အညီ မလိုက်လျှောက်ဘဲ စည်းမဲ့ကမ်းမဲ့ အသက်ရှင်လျှောက်လှမ်းနေကြသော ညီအစ်ကိုအားလုံးကို ရှောင်ကြဉ်ကြရန် ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့် သင်တို့ကို ငါတို့ညွှန်ကြားကြ၏။ Common Language Bible ညီအစ်ကိုတို့၊ အပျင်းကြီးသူညီအစ်ကို အပေါင်းတို့နှင့်လည်းကောင်း၊ ငါတို့ပေးအပ် သည့်ညွှန်ကြားချက်များကိုမလိုက်နာသူ တို့နှင့်လည်းကောင်း မပေါင်းဖော်ကြရန်အရှင် ယေရှုခရစ်၏နာမတော်ကိုအမှီပြုလျက် သင်တို့ကိုငါတို့ပညတ်၏။- Garrad Bible ညီ အစ် ကို တို့၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော်၌ မိန့် မှာ သည် ကား၊ ငါ တို့ ထံ မှ ခံ ရ သော ထုံး နည်း အ တိုင်း မ လိုက်၊ လေ လွင့် ကျင့် ကြံ သော ညီ အစ် ကို ရှိ သ မျှ ထံ မှ ဖဲ ကြဉ် ကြ လော့။ Judson Bible တစ်နည်းကား၊ ညီအစ်ကိုတို့၊ ငါတို့ထံ၌ခံသော နည်းဥပဒေသအတိုင်း မကျင့်ဘဲ၊ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြလော့ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်အားဖြင့် ငါတို့သည် ပညတ်ထားကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ သွန်သင်ခဲ့သည့် ဓလေ့ထုံးတမ်းအတိုင်း မလိုက်နာဘဲ ပျင်းရိလေလွင့်နေသော ယုံကြည်သူတို့နှင့် မပေါင်းဖော်ရန် ယေရှုခရစ်တော်၏ အခွင့်အာဏာဖြင့် ကျွန်ုပ်တို့သည် သင်တို့ကို ညွှန်ကြားလိုက်ပါ၏။ |
သူသည် ထိုသူတို့၏စကားကိုဂရုမစိုက်လျှင် အသင်းတော်အား ပြောကြားလော့။ အသင်းတော်၏စကားကိုလည်း ဂရုမစိုက်လျှင် သာသနာပလူမျိုးခြားနှင့်အခွန်ကောက်ခံသူကဲ့သို့ သူ့ကိုမှတ်ယူလော့။
ညီအစ်ကိုတို့၊ သင်တို့ခံယူပြီးသောသွန်သင်ချက်ကိုဆန့်ကျင်၍ ကွဲပြားခြင်းနှင့်မှားယွင်းခြင်းတို့ကို ဖြစ်ပွားစေသောသူတို့ကိုသတိပြုလျက် ရှောင်ရှားကြရန်သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။
သင်တို့သည် အရာရာ၌ ငါ့ကိုသတိရလျက် သင်တို့ထံငါပေးအပ်ထားသော ဓလေ့ထုံးတမ်းနှင့်အညီ လိုက်လျှောက်ကြသောကြောင့် သင်တို့ကို ငါချီးမွမ်း၏။
ငါတို့သခင်ယေရှု၏နာမတော်၌ သင်တို့စုဝေးကြသောအခါ ငါ၏စိတ်ဝိညာဉ်သည်လည်း ငါတို့သခင်ယေရှု၏တန်ခိုးတော်အားဖြင့် သင်တို့နှင့်အတူရှိ၍
သင်တို့ထံပေးပို့သော ငါ၏စာ၌ တရားနှင့်မညီမေထုန်ပြုသူများနှင့် အပေါင်းအဖော်မပြုကြရန် ငါရေးသားမှာကြားခဲ့၏။
သင်တို့ခွင့်လွှတ်သောသူကို ငါသည်လည်းခွင့်လွှတ်၏။ ငါသည် တစ်စုံတစ်ဦးကိုခွင့်လွှတ်လျှင် သင်တို့အတွက် ခရစ်တော်၏ရှေ့တော်၌ခွင့်လွှတ်၏။
ထို့ကြောင့် လူမျိုးခြားတို့သည် သူတို့၏အနှစ်သာရကင်းမဲ့သောစိတ်အားဖြင့် အသက်ရှင်လျှောက်လှမ်းသကဲ့သို့ သင်တို့သည် နောက်ထပ် အသက်ရှင်လျှောက်လှမ်းခြင်းမရှိကြရန် သခင်ဘုရား၌ ငါသတိပေးလို၏။
သင်တို့ပြုသမျှသောအရာတို့ကိုလည်း ပြောဆိုမှု၌ဖြစ်စေ၊ လုပ်ဆောင်မှု၌ဖြစ်စေ အရာခပ်သိမ်းတို့ကို သခင်ယေရှု၏နာမတော်၌ပြုလျက် ကိုယ်တော်အားဖြင့် ခမည်းတော်ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်ကိုနှစ်သက်စေရန် မည်ကဲ့သို့အသက်ရှင်လျှောက်လှမ်းရမည်ကို ငါတို့ထံမှနည်းခံကြပြီး ထိုအတိုင်းအသက်ရှင်လျှောက်လှမ်းကြသည့်နည်းတူ ပို၍ပြည့်စုံစွာ ကြိုးစားအားထုတ်ကြရန် သင်တို့အား သခင်ယေရှု၏နာမတော်၌ ငါတို့တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။
သင်တို့အား ငါတို့ညွှန်ကြားခဲ့သည့်အတိုင်း အေးဆေးတည်ငြိမ်စွာနေထိုင်နိုင်ရန် ရည်မှန်းကြိုးစားလျက် မိမိကိစ္စများကိုအာရုံစိုက်၍ မိမိတို့လက်ဖြင့်အလုပ်လုပ်ကြရန်လည်းကောင်း ငါတို့တိုက်တွန်းနှိုးဆော်ပါ၏။
ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား စည်းမဲ့ကမ်းမဲ့နေသောသူတို့ကို သတိပေးဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို နှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ လူအပေါင်းတို့အပေါ် စိတ်ရှည်သည်းခံကြလော့။
ထို့ကြောင့် ညီအစ်ကိုတို့၊ ခိုင်မြဲစွာရပ်တည်လျက် ငါတို့၏စကားအားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ သင်တို့သင်ယူထားသောဓလေ့ထုံးတမ်းကို စွဲကိုင်ထားကြလော့။
အကြောင်းမူကား ငါတို့ကို မည်ကဲ့သို့အတုယူရမည်ကို သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့အလယ်၌ စည်းမဲ့ကမ်းမဲ့နေကြသည်မဟုတ်။
သင်သည် ဤအရာတို့ကို ခွဲခြားခြင်းမရှိဘဲ စောင့်ရှောက်၍ မည်သည့်အရာကိုမျှ ဘက်လိုက်ခြင်းမရှိဘဲပြုမူရန် ဘုရားသခင်နှင့် ခရစ်တော်ယေရှုမှစ၍ ရွေးကောက်ခံရသောကောင်းကင်တမန်တို့ရှေ့၌ ငါအလေးအနက်တိုက်တွန်း၏။
ထိုသို့ အသိစိတ်ပျက်ပြားလျက် သမ္မာတရားဆုံးရှုံးကာ ဘုရားဝတ်၌မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု ထင်မှတ်သောလူတို့ကြား၌ မဆုံးနိုင်သောအငြင်းပွားမှုရှိတတ်၏။
ဘုရားဝတ်၌မွေ့လျော်ဟန်ရှိသော်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်း၏တန်ခိုးကို ငြင်းပယ်သောသူများဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
ငါသည် ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ အသက်ရှင်သောသူတို့နှင့်သေသောသူတို့ကိုစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်၌လည်းကောင်း ကိုယ်တော်၏ပေါ်ထွန်းတော်မူခြင်းနှင့် ကိုယ်တော်၏နိုင်ငံတော်ကိုအကြောင်းပြု၍ သင့်အား အလေးအနက်တိုက်တွန်းသည်ကား
ဤသွန်သင်ချက်မပါသောသူသည် သင်တို့ထံသို့လာလျှင် သူ့ကို အိမ်၌လက်မခံကြနှင့်။ နှုတ်ခွန်းလည်းမဆက်ကြနှင့်။