သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
၂ သက် 3:10 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သင်တို့နှင့်အတူ ငါတို့ရှိစဉ်က မည်သူမဆို အလုပ်မလုပ်လိုလျှင် အစာကိုလည်းမစားစေနှင့်ဟု ညွှန်ကြားထား၏။ Common Language Bible သင်တို့နှင့်အတူရှိခဲ့စဉ်အခါကငါတို့ သည်သင်တို့အား``အလုပ်မလုပ်လိုသူသည် အစားအစာလည်းမစားရ'' ဟူ၍သွန်သင် လေ့ရှိ၏။ Garrad Bible အ လုပ် မ လုပ် လို သူ အ စား မ စား ရ ဟူ၍ သင် တို့ နှင့် အ တူ ရှိ စဉ် ပင် ငါ တို့ မှာ ထား ခဲ့၏။ Judson Bible အဘယ်သို့နည်းဟူမူကား၊ သင်တို့နှင့်အတူရှိနေစဉ်အခါ၊ အလုပ်မလုပ်ချင်သောသူမည်သည်ကား၊ အစာကိုလည်း မစားစေနှင့်ဟု ပညတ်ထားကြပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့နှင့် အတူရှိစဉ်က “အလုပ်မလုပ်လိုသောသူကို အစားအစာလည်း မစားစေနှင့်” ဟု ကျွန်ုပ်တို့ ညွှန်ကြားခဲ့၏။ |
သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
ပျင်းရိသောသူ၏စိတ်ဝိညာဉ်သည် တောင့်တသော်လည်း မည်သည့်အရာကိုမျှမရနိုင်။ ဝီရိယရှိသောသူတို့၏စိတ်ဝိညာဉ်မူကား ကြွယ်ဝလိမ့်မည်။
ပျင်းရိသောသူသည် စိုက်ပျိုးရာသီ၌ ထွန်ယက်စိုက်ပျိုးခြင်းမပြုသောကြောင့် ရိတ်သိမ်းချိန်၌ တောင်းရမ်းသော်လည်း ဘာမျှမရချေ။
ပျင်းရိသောသူ၏လက်သည် အလုပ်လုပ်ရန်ငြင်းဆန်သောကြောင့် သူ၏အလိုဆန္ဒသည် သူ့ကိုသေစေတတ်၏။
တစ်ဖန် ကိုယ်တော်က“သင်တို့နှင့်အတူရှိစဉ် သင်တို့အား ငါပြောခဲ့သောစကားမှာ မောရှေ၏ပညတ်တရားကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းတွင် ငါနှင့်ပတ်သက်၍ ရေးထားသမျှတို့သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဟူ၍ဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုအချိန်ကာလရောက်လာသောအခါ ငါသည် ဤသို့ပြောခဲ့ကြောင်း သင်တို့သတိရစေရန် ဤအကြောင်းအရာများကို သင်တို့အား ပြောထား၏။ ငါသည် သင်တို့နှင့်အတူရှိနေသောကြောင့် ဤအကြောင်းအရာများကို အစအဦး၌ သင်တို့အား မပြောခဲ့ပေ။
သူတို့ရောက်လာကြသောအခါ ပေါလုက “ငါသည် အာရှပြည်၌ ပထမဦးဆုံးခြေချသည့်နေ့မှစ၍ သင်တို့နှင့်အတူရှိခဲ့သည့်ကာလတစ်လျှောက် မည်ကဲ့သို့အသက်ရှင်ခဲ့သည်ကို သင်တို့သိကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့နှင့်အတူ ငါတို့ရှိစဉ်ကပင် ငါတို့သည် ဆင်းရဲဒုက္ခခံရတော့မည်ဟု သင်တို့အား ကြိုတင်ပြောထားခဲ့သည်ဖြစ်၍ ထိုအတိုင်းပင်ဖြစ်လာကြောင်း သင်တို့သိကြ၏။
သင်တို့အား ငါတို့ညွှန်ကြားခဲ့သည့်အတိုင်း အေးဆေးတည်ငြိမ်စွာနေထိုင်နိုင်ရန် ရည်မှန်းကြိုးစားလျက် မိမိကိစ္စများကိုအာရုံစိုက်၍ မိမိတို့လက်ဖြင့်အလုပ်လုပ်ကြရန်လည်းကောင်း ငါတို့တိုက်တွန်းနှိုးဆော်ပါ၏။
သင်တို့နှင့်အတူရှိနေစဉ်က ဤအရာများကို သင်တို့အား ငါပြောခဲ့ကြောင်း သင်တို့သတိမရကြသလော။