ညီအစ်ကိုတို့၊ သင်တို့ခံယူပြီးသောသွန်သင်ချက်ကိုဆန့်ကျင်၍ ကွဲပြားခြင်းနှင့်မှားယွင်းခြင်းတို့ကို ဖြစ်ပွားစေသောသူတို့ကိုသတိပြုလျက် ရှောင်ရှားကြရန်သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။
၂ သက် 2:15 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ညီအစ်ကိုတို့၊ ခိုင်မြဲစွာရပ်တည်လျက် ငါတို့၏စကားအားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ သင်တို့သင်ယူထားသောဓလေ့ထုံးတမ်းကို စွဲကိုင်ထားကြလော့။ Common Language Bible သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်ကြံ့ကြံ့ ခိုင်ခိုင်ရပ်တည်နေကြလော့။ ဟောပြောခြင်း အားဖြင့်လည်းကောင်း၊ စာအားဖြင့်လည်းကောင်း သင်တို့အားငါတို့သွန်သင်ခဲ့သည့်သစ္စာ တရားများကိုလက်မလွတ်စေကြနှင့်။ Garrad Bible သို့ ဖြစ်၍ ညီ အစ် ကို တို့၊ တည် ကြည် စွာ နေ လျက် ငါ တို့ ဟော ပြော ချက်၊ ရေး ထား ချက် အား ဖြင့် သင် ကြား ခဲ့ ရ သော ထုံး နည်း များ ကို စွဲ ကိုင် ကြ လော့။ Judson Bible ထိုကြောင့်၊ ညီအစ်ကိုတို့၊ ငါတို့နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် သင်ခဲ့ပြီးသော နည်းဥပဒေသများကို တည်ကြည်လျက် ကိုင်ယူစွဲလမ်းကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… ခိုင်မြဲစွာ ရပ်တည်ကြလော့။ စကားဖြင့်ဖြစ်စေ၊ စာဖြင့် ဖြစ်စေ သင်တို့ကို ကျွန်ုပ်တို့ သွန်သင်ခဲ့သည့်အရာများကို ဆက်လက်ယုံကြည်ကြလော့။ |
ညီအစ်ကိုတို့၊ သင်တို့ခံယူပြီးသောသွန်သင်ချက်ကိုဆန့်ကျင်၍ ကွဲပြားခြင်းနှင့်မှားယွင်းခြင်းတို့ကို ဖြစ်ပွားစေသောသူတို့ကိုသတိပြုလျက် ရှောင်ရှားကြရန်သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။
သင်တို့သည် အရာရာ၌ ငါ့ကိုသတိရလျက် သင်တို့ထံငါပေးအပ်ထားသော ဓလေ့ထုံးတမ်းနှင့်အညီ လိုက်လျှောက်ကြသောကြောင့် သင်တို့ကို ငါချီးမွမ်း၏။
ထို့ကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သခင်ဘုရား၌ သင်တို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးမဖြစ်ကြောင်းသိမှတ်၍ ခိုင်မြဲစွာရပ်တည်လျက် ဖောက်ပြန်ရွေ့လျောခြင်းမရှိဘဲ သခင်ဘုရား၏အမှုတော်ကို အစဉ်အမြဲ စွမ်းစွမ်းတမံဆောင်ရွက်ကြလော့။
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိရှိကြလော့။ ကြံ့ခိုင်သန်စွမ်းကြလော့။
ထို့ကြောင့် ငါ၏ဝမ်းမြောက်ခြင်းအကြောင်းနှင့် ငါ၏သရဖူဖြစ်သည့် ငါချစ်၍လွမ်းဆွတ်သော ငါ့ညီအစ်ကိုတို့၊ ငါဆိုခဲ့သည့်အတိုင်း သခင်ဘုရား၌ ခိုင်မြဲစွာရပ်တည်ကြလော့၊ ငါချစ်သောသူတို့။
ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ ငါတို့စာကဲ့သို့သောစာအားဖြင့်ဖြစ်စေ သခင်ဘုရား၏နေ့ရက်ကျရောက်ပြီဖြစ်သည့်ပုံမျိုးပြောဆိုကြသော်လည်း စိတ်ထဲ၌ အလျင်အမြန်တုန်လှုပ်ခြင်း၊ သို့မဟုတ် စိုးရိမ်ထိတ်လန့်ခြင်းမရှိကြရန် သင်တို့အား ငါတို့တောင်းပန်ကြ၏။
တစ်စုံတစ်ယောက်သည် ဤစာအားဖြင့် ငါတို့မှာကြားသောစကားကိုနားမထောင်လျှင် ထိုသူအား အရှက်ရစေရန် သူ့ကိုမှတ်ထားလျက် သူနှင့်အပေါင်းအဖော်မပြုကြနှင့်။
ညီအစ်ကိုတို့၊ ငါတို့ထံမှခံယူရရှိသည့်ဓလေ့ထုံးတမ်းနှင့်အညီ မလိုက်လျှောက်ဘဲ စည်းမဲ့ကမ်းမဲ့ အသက်ရှင်လျှောက်လှမ်းနေကြသော ညီအစ်ကိုအားလုံးကို ရှောင်ကြဉ်ကြရန် ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့် သင်တို့ကို ငါတို့ညွှန်ကြားကြ၏။
သူသည် မှန်ကန်ပြည့်စုံသောသြဝါဒအားဖြင့် တိုက်တွန်းနှိုးဆော်နိုင်ရန်နှင့် ဆန့်ကျင်ပြောဆိုသောသူတို့၏အပြစ်ကိုဖော်ပြနိုင်ရန် မိမိသင်ယူထားသည့် သစ္စာနှင့်ပြည့်စုံသောနှုတ်ကပတ်တရားကို စွဲကိုင်ထားရမည်။
ချစ်ရသောသူတို့၊ ငါတို့အားလုံးနှင့်ဆိုင်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံရေးသားပေးပို့ရန် အလွန်ကြိုးစားလျက်နေစဉ်မှာပင် သန့်ရှင်းသူတို့ထံ တစ်ကြိမ်တည်းနှင့်အပြီးပေးအပ်တော်မူသောယုံကြည်ခြင်းအတွက် ကြိုးစားတိုက်ခိုက်ကြမည့်အကြောင်း သင်တို့အား စာရေး၍တိုက်တွန်းနှိုးဆော်ရန် လိုအပ်သည်ဟု ငါတွေ့ရ၏။