အကျွန်ုပ်ကိုယ်တိုင် ဤနေရာသို့လာ၍ မျက်စိဖြင့်မမြင်ရမီအထိ ဤသတင်းကို မယုံကြည်ခဲ့ပါ။ အကျွန်ုပ်ကြားသိထားသောအရာသည် ထက်ဝက်မျှပင်မရှိပါ။ မင်းကြီး၏ဉာဏ်ပညာနှင့် စည်းစိမ်များသည် အကျွန်ုပ်ကြားသိရသည်ထက် သာလွန်နေပါသည်တကား။
၂ ရာချုပ် 9:6 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကိုယ်တိုင် ဤနေရာသို့လာ၍ မျက်စိဖြင့်မမြင်ရမီအထိ ဤသတင်းကို မယုံကြည်ခဲ့ပါ။ အကျွန်ုပ်ကြားသိထားသောအရာသည် ထက်ဝက်မျှပင်မရှိပါ။ မင်းကြီး၏ဉာဏ်ပညာကြီးမားမှုသည် အကျွန်ုပ်ကြားသိရသည်ထက် သာလွန်နေပါသည်တကား။ Common Language Bible ကိုယ်တိုင်မျက်မြင်ဒိဌမတွေ့မမြင်ရမီ အခါကထိုသတင်းကိုကျွန်ုပ်မယုံပါ။ အဆွေ တော်သည်လူတို့ပြောဆိုနေကြသည်ထက်ပင် ပို၍ဉာဏ်ပညာရှိတော်မူပါ၏။- Garrad Bible သို့ ရာ တွင် ကိုယ် တိုင် ရောက်၍ မ မြင် မီ၊ ကျွန်ုပ် မ ယုံ သေး ပါ။ ယ ခု မှာ အ ကြည် တော် ပ ညာ ကြီး သည် ဟူ သော ယ ခင် သ တင်း သည် ထက် ဝက် မျှ မ မှီ ချေ။ ကျွန်ုပ် ကြား ရ သော သ တင်း ထက် အ ကြည် တော် လွန် ကဲ ပေ ၏။ Judson Bible သို့သော်လည်း ကိုယ်တိုင်ရောက်၍ မမြင်မီ ထိုစကားကိုမယုံ။ ယခုမူကား၊ ကိုယ်တော်ပညာကျယ်ခြင်းအရာမှာ၊ အရင်ကြားရသော စကားသည် တစ်ဝက်ကိုမျှ မမီ။ အကျွန်ုပ် ကြားရသော သတင်းကို ကိုယ်တော်လွန်ကဲပါ၏။ |
အကျွန်ုပ်ကိုယ်တိုင် ဤနေရာသို့လာ၍ မျက်စိဖြင့်မမြင်ရမီအထိ ဤသတင်းကို မယုံကြည်ခဲ့ပါ။ အကျွန်ုပ်ကြားသိထားသောအရာသည် ထက်ဝက်မျှပင်မရှိပါ။ မင်းကြီး၏ဉာဏ်ပညာနှင့် စည်းစိမ်များသည် အကျွန်ုပ်ကြားသိရသည်ထက် သာလွန်နေပါသည်တကား။
ဧဇရဟိတ်လူမျိုး ဧသန်နှင့် မဟေလ၏သားများဖြစ်သော ဟေမန်၊ ကာလကောလနှင့် ဒါရဒ စသောပညာရှိအပေါင်းတို့ထက် သာ၍ဉာဏ်ပညာရှိသဖြင့် သူ့ဝန်းကျင်တစ်ခွင်ရှိ တိုင်းနိုင်ငံအားလုံးတို့တွင် နာမည်ကျော်ကြားလေ၏။
ကမ္ဘာအရပ်ရပ်ရှိ တိုင်းနိုင်ငံအသီးသီးမှရှင်ဘုရင်တို့ပင်လျှင် သူ၏ဉာဏ်ပညာကြီးသောသတင်းကို ကြားသိရသဖြင့် ထိုတိုင်းနိုင်ငံတို့မှ လူတို့သည် ရှောလမုန်မင်းကြီး၏ဉာဏ်ပညာနှင့်မြွက်ဆိုသောစကားကို သွားရောက်နားဆင်ကြ၏။
ထို့ကြောင့် ရှင်ဘုရင်အား “အကျွန်ုပ်တိုင်းပြည်၌ ကြားသိနေရသော မင်းကြီး၏အောင်မြင်မှုသတင်း၊ ဉာဏ်ပညာသတင်းများသည် အမှန်ပင်ဖြစ်ပေ၏။
မင်းကြီးထံခစားရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။ ရှေ့တော်တွင် အစဉ်အမှုထမ်းရပြီး မင်းကြီး၏ပညာစကားကို ကြားနာရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။
ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အတွက် သိုမှီးထား၍ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် လူသားတို့ရှေ့တွင်ပြုတော်မူသော ကိုယ်တော်၏ကောင်းမြတ်ခြင်းသည် ကြွယ်ဝလှပါ၏။
မည်မျှကောင်းမြတ်ပါသနည်း။ မည်မျှတင့်တယ်ပါသနည်း။ လူပျိုအပျိုတို့သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ကြောင့် ကြီးပွားတိုးတက်ကြလိမ့်မည်။
သို့သော် ကျမ်းစာ၌ရေးထားသည်နှင့်အညီ “ဘုရားသခင်သည် မိမိကိုချစ်သောသူတို့အတွက် မျက်စိဖြင့် မမြင်ဖူးသောအရာ၊ နားဖြင့် မကြားဖူးသောအရာ၊ လူ၏စိတ်နှလုံး၌ မတွေးမိဖူးသောအရာတို့ကို ပြင်ဆင်ထားတော်မူ၏။”
ချစ်ရသောသူတို့၊ ယခု ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ အနာဂတ်တွင် ငါတို့မည်သို့ဖြစ်ကြမည်ကို ထင်ရှားစွာမသိရသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်ကို ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါတို့သည် ကိုယ်တော်နှင့်တူကြမည်ကို ငါတို့သိကြ၏။