ဂေဒါမြို့သားဗာလဟာနန်သည် မြေနိမ့်ဒေသရှိ သံလွင်ပင်၊ သင်္ဘောသဖန်းပင်များကို ကြီးကြပ်ပေးရ၏။ ယောရှသည် သံလွင်ဆီသိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
၂ ရာချုပ် 9:27 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် ဂျေရုဆလင်မြို့တွင် ငွေကို ကျောက်ခဲသဖွယ်၊ သစ်ကတိုးပင်များကို လွင်ပြင်၌ပေါက်သော သင်္ဘောသဖန်းပင်သဖွယ် အမြောက်အမြားထားရှိ၏။ Common Language Bible သူ၏လက်တော်၌ယေရုရှလင်မြို့တွင်ငွေသည် ကျောက်ခဲကဲ့သို့လည်းကောင်း၊ သစ်ကတိုးသား သည်ယုဒတောင်ခြေတွင်အလေ့ကျပေါက် သောသဖန်းပင်ကဲ့သို့လည်းကောင်းပေါများ လေသည်။- Garrad Bible ဘု ရင် မင်း သည် ယေ ရု ရှ လင် မြို့ တွင် ငွေ ကို၊ ကျောက် ခဲ များ နှင့် အ မျှ လည်း ကောင်း၊ သစ် က တိုး ပင် များ ကို ရှဖေ လာ ခ ရိုင် တွင် အ လေ့ ပေါက် ပိုး စာ ပင် များ နှင့် အ မျှ လည်း ကောင်း၊ ပွား များ စေ ၏။ Judson Bible ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ငွေကိုကျောက်ခဲကဲ့သို့လည်းကောင်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ပေါက်သော သဖန်းပင်ကဲ့သို့လည်းကောင်း များပြားစေ၏။ |
ဂေဒါမြို့သားဗာလဟာနန်သည် မြေနိမ့်ဒေသရှိ သံလွင်ပင်၊ သင်္ဘောသဖန်းပင်များကို ကြီးကြပ်ပေးရ၏။ ယောရှသည် သံလွင်ဆီသိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
ရှောလမုန်မင်းကြီး၏ဖလားအသုံးအဆောင်အားလုံးမှာ ရွှေဖြင့်ပြုလုပ်ထား၏။ လက်ဘနွန်တောစံနန်းဆောင်၏အသုံးအဆောင်အားလုံးမှာလည်း ရွှေစင်ဖြင့်ပြုလုပ်ထား၏။ ငွေထည်ပစ္စည်းတစ်ခုမျှမရှိ။ ရှောလမုန်မင်းကြီးလက်ထက်တွင် ငွေသည် တန်ဖိုးမရှိဟု မှတ်ယူကြ၏။
သူတို့၏စပျစ်ပင်များကို မိုးသီးဖြင့်လည်းကောင်း၊ သူတို့၏သင်္ဘောသဖန်းပင်များကို နှင်းခဲဖြင့်လည်းကောင်း ဖျက်ဆီးတော်မူ၏။
“အုတ်များပြိုလဲလျှင်လည်း ထုဆစ်ထားသောကျောက်နှင့် ပြန်တည်ဆောက်မည်။ သင်္ဘောသဖန်းပင်များခုတ်လှဲခံရလျှင်လည်း သစ်ကတိုးပင်များနှင့် အစားထိုးမည်”ဟု ဆိုကြ၏။
အာမုတ်ကလည်း အာမဇိအား “ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်။ ငါသည် သိုးများကို ထိန်းကျောင်းသူ၊ သင်္ဘောသဖန်းပင်များကို စိုက်ပျိုးပြုစုသူဖြစ်၏။
ထို့ကြောင့် သူသည် ကိုယ်တော်ကိုတွေ့မြင်နိုင်ရန် ရှေ့သို့ကြိုပြေး၍ သဖန်းပိုးစာပင်ပေါ်သို့တက်လေ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ထိုနေရာကိုဖြတ်သွားတော့မည်ဖြစ်၏။