ထို့နောက် ရှောလမုန်မင်းကြီး၏ဆောက်လုပ်ရေးသမားများ၊ ဟိရံမင်းကြီး၏ဆောက်လုပ်ရေးသမားများနှင့် ဂေဗလအမျိုးသားတို့သည် ကျောက်များကို ထုဆစ်ကြပြီး အိမ်တော်တည်ဆောက်ရန် သစ်သားများ၊ ကျောက်များကို ပြင်ဆင်ထားကြ၏။
၂ ရာချုပ် 8:16 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏အိမ်တော်အုတ်မြစ်ချသည့်နေ့မှစ၍ အားလုံးပြီးစီးသည်အထိ ရှောလမုန်မင်းကြီး လုပ်ဆောင်ရမည့်လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးလေ၏။ ဤသို့ဖြင့် ထာဝရဘုရား၏အိမ်တော်ဆောက်လုပ်ခြင်းအမှု ပြီးစီးလေ၏။ Common Language Bible ယခုအခါ၌ရှောလမုန်၏စီမံကိန်းရှိသမျှ ကိုလက်စသတ်လိုက်လေပြီ။ ထာဝရဘုရား၏ ဗိမာန်တော်ကိုအုတ်မြစ်ချချိန်မှတည်ဆောက် မှုလက်စသတ်ချိန်အထိ ဆောင်ရွက်စရာရှိ သမျှသောအလုပ်တို့သည်အောင်မြင်စွာ ပြီးစီးသွားလေပြီ။ Garrad Bible အ မြစ် ချ သည် က စ၍ အ ပြီး သတ် သည့် တိုင် အောင် ပြင် ဆင် ပြီး သည့် အ လျောက်၊ ရှော လ မုန် မင်း ပြု လုပ်၍ ထာဝ ရ ဘု ရား ၏ ဗိမာန် တော် ပြီး စီး ထ မြောက် သ တည်း။ Judson Bible ထာဝရဘုရား၏အိမ်တော်အမြစ်မချမီ လက်စသတ်သည်တိုင်အောင်၊ ရှောလမုန်လုပ်ဆောင်ရန် အမှုရှိသမျှသည် အသင့်ပြင်ဆင်ပြီးဖြစ်၍၊ အိမ်တော်ကို လက်စသတ်လေ၏။ |
ထို့နောက် ရှောလမုန်မင်းကြီး၏ဆောက်လုပ်ရေးသမားများ၊ ဟိရံမင်းကြီး၏ဆောက်လုပ်ရေးသမားများနှင့် ဂေဗလအမျိုးသားတို့သည် ကျောက်များကို ထုဆစ်ကြပြီး အိမ်တော်တည်ဆောက်ရန် သစ်သားများ၊ ကျောက်များကို ပြင်ဆင်ထားကြ၏။
ဤသို့ဖြင့် ရှောလမုန်မင်းကြီးနန်းစံလေးနှစ်မြောက်၊ ဇိဖလတွင် ထာဝရဘုရား၏အိမ်တော်ကို အုတ်မြစ်ချပြီး
တစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ဟုခေါ်သောအဋ္ဌမလတွင် ရေးဆွဲချမှတ်ထားသောအိမ်တော်ပုံစံအတိုင်း ဆောက်လုပ်ပြီးစီး၏။ အိမ်တော်ကို ခုနစ်နှစ်တိုင် ဆောက်လုပ်ခဲ့ရ၏။
အိမ်တော်ကိုတည်ဆောက်ရာတွင် ကျောက်တွင်းမှ ဆစ်ပြီးသားကျောက်များကိုသာ အသုံးပြု၏။ ထို့ကြောင့် အိမ်တော်တည်ဆောက်ချိန်တွင် တူ၊ ပုဆိန်စသော သံထည်ကိရိယာတို့၏ထုသံနှက်သံကိုမျှ မကြားရ။
ဘဏ္ဍာတိုက်မှစ၍ မည်သည့်ကိစ္စရပ်မဆို ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့သည် ဘုရင့်အမိန့်တော်ကို တသဝေမတိမ်းလိုက်နာကြရ၏။
ထို့နောက်တွင် ရှောလမုန်မင်းကြီးသည် ဧဒုံပြည်၊ ပင်လယ်ကမ်းခြေရှိ ဧဇယုန်ဂါဗာမြို့နှင့် ဧလတ်မြို့သို့ သွားလေ၏။