ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
၂ ရာချုပ် 7:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင်ပင် ရှောလမုန်မင်းကြီးသည် လီဘိုဟာမတ်အရပ်မှ အီဂျစ်မြစ်တိုင်အောင် အရပ်ရပ်မှရောက်လာသော အစ္စရေးလူအုပ်ကြီးအမြောက်အမြားနှင့်အတူ ခုနစ်ရက်တိုင်တိုင် ပွဲတော်ကျင်းပလေ၏။ Common Language Bible ရှောလမုန်မင်းနှင့်မြောက်ဘက်ဟာမတ်တောင် ကြားမှတောင်ဘက်အီဂျစ်ပြည်နယ်စပ်တိုင် အောင် အရပ်ရပ်မှလာရောက်ကြသောဣသရေလ ပြည်သူအပေါင်းတို့သည် သစ်ခက်တဲနေပွဲ တော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပပြီးနောက်၊- Garrad Bible ထို ကာ လ ရှော လ မုန် မင်း သည် ဟာ မတ် မြို့ လမ်း ဝ မှ စ၍ အိ ဂျစ် ချောင်း တိုင် အောင် အ ရပ် ရပ် က လာ ရောက် ကြ သော ဣ သ ရေ လ ပ ရိ သတ် ကြီး နှင့် တ ကွ Judson Bible ထိုအခါ ရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှစ၍ အဲဂုတ္တုမြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ခုနစ်ရက်ပတ်လုံး ပွဲခံတော်မူ၏။ |
ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
ထို့ကြောင့် ဧသနိမ်လ ဟုခေါ်သော သတ္တမလပွဲတော်ကျင်းပချိန်တွင် အစ္စရေးအမျိုးသားအပေါင်းတို့သည် ရှောလမုန်မင်းကြီးထံ စုရုံးရောက်ရှိလာကြ၏။
ထိုအချိန်တွင်ပင် ရှောလမုန်မင်းကြီးသည် လီဘိုဟာမတ်အရပ်မှ အီဂျစ်မြစ်တိုင်အောင် အရပ်ရပ်မှရောက်လာသော အစ္စရေးလူအုပ်ကြီးနှင့်အတူ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပြီး နောက်ထပ်ခုနစ်ရက် စုစုပေါင်းတစ်ဆယ့်လေးရက်တိုင် ပွဲတော်ကျင်းပလေ၏။
ဤသို့ဖြင့် ဒုတိယလတွင် တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရန် ဂျေရုဆလင်မြို့သို့ လူအမြောက်အမြားစုဝေးလာကြ၍ ဧရာမလူအုပ်ကြီးဖြစ်လေ၏။
ဒါဝိဒ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးလက်ထက်ကတည်းက ဂျေရုဆလင်မြို့တွင် ဤကဲ့သို့ ပွဲမျိုးမရှိခဲ့သောကြောင့် ဂျေရုဆလင်မြို့တွင် အလွန်ပျော်ရွှင်ဝမ်းမြောက်ခြင်း ရှိလေ၏။
ထို့ကြောင့် သတ္တမလ ပွဲတော်ကျင်းပချိန်တွင် အစ္စရေးအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံ စုရုံးရောက်ရှိလာကြ၏။
သတ္တမလ၊ တစ်ဆယ့်ငါးရက်နေ့တွင်ကျင်းပသော ပွဲတော်တွင်လည်း အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ဆီတို့ကို ခုနစ်ရက်ပတ်လုံး စီစဉ်ပေးရမည်’ဟု မိန့်တော်မူ၏။
အနောက်ဘက်ခြမ်းတွင် မြေထဲပင်လယ်မှ လီဘိုဟာမတ်မျက်နှာမူရာအရပ်နယ်နိမိတ်အထိ ဖြစ်၏။ ဤသည်ကား အနောက်ဘက်နယ်နိမိတ်ဖြစ်၏”ဟု မိန့်တော်မူ၏။
“အို အစ္စရေးအမျိုးအနွယ်တို့၊ ကြည့်ရှုလော့။ သင်တို့ကို ဆန့်ကျင်မည့်လူမျိုးတစ်မျိုးကို ငါပေါ်ထွန်းစေမည်။ သူတို့သည် သင်တို့ကို လီဘိုဟာမတ်မြို့မှ အရာဗလွင်ပြင်တိုင်အောင် လိုက်လံညှဉ်းဆဲကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။
သို့ရာတွင် ဂျူးလူမျိုးတို့၏ပွဲတော်တည်းဟူသော ယာယီတဲစုပွဲတော်နီးကပ်လာသောအခါ