အို အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါး ဒါဝိဒ်မင်းကြီးအား မိန့်ဆိုခဲ့သည့်ကတိတော်ကို ယခု အမှန်ဖြစ်လာစေတော်မူပါ။
အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏အစေခံ၊ အကျွန်ုပ် ၏ခမည်းတော်ဒါဝိဒ်အားကတိထားတော်မူ သမျှတို့ကိုယခုဖြစ်ပွားစေတော်မူပါ။''
အို ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကျွန် တော် ရင်း ဒါ ဝိဒ် မင်း အား မိန့် ဘူး သော ဗျာ ဒိတ် တော် ကို ယ ခု တည် မြဲ စေ တော် မူ ပါ။
အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော်မူပါ။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကောင်းကင်နှင့်မြေကြီးပေါ်တွင် ကိုယ်တော်နှင့်တူသောဘုရားမရှိပါ။ ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့လိုက်လျှောက်သော ကိုယ်တော်၏အစေအပါးတို့အား ကရုဏာတော်ကို ပြတော်မူပြီ။ ပဋိညာဉ်ကို တည်စေတော်မူပြီ။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့ရှေ့မှောက်၌ သင်အသက်ရှင်လျှောက်လှမ်းခဲ့သည့်နည်းတူ သင့်သားမြေးတို့သည်လည်း ငါ့ပညတ်တရားအတိုင်း တည်ကြည်စွာအသက်ရှင်လျှောက်လှမ်းလျှင် သင့်မျိုးရိုးသည် ငါ့ရှေ့မှောက် အစ္စရေးရာဇပလ္လင်တွင် မပြတ်စံမြန်းရလိမ့်မည်’ဟု မိန့်ဆိုခဲ့သည့်စကားကို တည်စေတော်မူပါ။
အကယ်စင်စစ် ဘုရားသခင်သည် လူသားတို့နှင့်အတူ ဤမြေကြီးပေါ်တွင် ကိန်းဝပ်တော်မူမည်လော။ ကြည့်ရှုလော့။ ကောင်းကင်သာမက အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်ပါ။ သို့ဖြစ်၍ အကျွန်ုပ်ဆောက်ထားသောဤအိမ်တော်ကား အဘယ်ဆိုဖွယ်ရာရှိပါလိမ့်မည်နည်း။
“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား နှုတ်ကတိထားတော်မူခဲ့သည်ကို လက်တွေ့ ပြည့်စုံစေတော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းထောမနာပြုပါ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ကို ဖူးမြင်ကြ၏။ ခြေတော်အောက်၌ ကောင်းကင်ကဲ့သို့ကြည်လင်သော နီလာကျောက် ခင်းထားသကဲ့သို့ဖြစ်၏။
ဆင်းရဲနွမ်းပါးသောသူတို့သည် ရေကိုရှာကြ၏။ ရေမရှိသောကြောင့် သူတို့သည် ရေငတ်၍ အာခေါင်ခြောက်ကပ်သောအခါ ငါထာဝရဘုရားသည် သူတို့ကိုထူးမည်။ အစ္စရေးလူမျိုး၏ဘုရားသခင် ငါသည် သူတို့ကို စွန့်ပစ်မည်မဟုတ်။
ငါသည် သင့်ကို အမည်ဖြင့်ခေါ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရှိစေရန် အမှောင်ထဲမှဥစ္စာဘဏ္ဍာ၊ လျှို့ဝှက်သောအရပ်မှဝှက်ထားသောဘဏ္ဍာတို့ကို သင့်အားငါပေးမည်။
ဤသို့ဖြင့် သင်တို့၏ဘိုးဘေးတို့အား နို့နှင့်ပျားရည်စီးသောပြည်ကိုပေးမည်ဟု ငါကျိန်ဆိုခဲ့သောကတိကိုတည်စေနိုင်ခဲ့ပြီး ယနေ့ ထိုကဲ့သို့ဖြစ်လေပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ငါက “အို ထာဝရဘုရား၊ အာမင်”ဟု လျှောက်လေ၏။
မာနော်သည်လည်း ထ၍ မိမိမယားနောက်သို့ လိုက်သွား၏။ ထိုသူ့ထံရောက်သောအခါ “သင်သည် အကျွန်ုပ်မယားနှင့် စကားပြောခဲ့သောသူလော”ဟု မေးရာ ထိုသူက “ဟုတ်ပါ၏”ဟု ပြန်ဖြေ၏။